လိပ်ခေါင်းကို သက်သာစေတဲ့ ကုန်းထိကရုန်းပင်နှင့် သူ၏ဆေးဖက်ဝင် အစွမ်းများ

Health Knowledge
လိပ်ခေါင်းကို သက်သာစေတဲ့ ကုန်းထိကရုန်းပင်နှင့် သူ၏ဆေးဖက်ဝင် အစွမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လိပ်ခေါင်းကို သက်သာစေတဲ့ ကုန်းထိကရုန်းပင်နှင့် သူ၏ဆေးဖက်ဝင် အစွမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လိပ်ခေါင်းကို သက်သာစေတဲ့ ကုန်းထိကရုန်းပင်နှင့် သူ၏ဆေးဖက်ဝင် အစွမ်းများ

ထိကရုန်းမှာ ကုန်းထိကရုန်းနဲ့ ရေထိကရုန်းဆိုပြီး ၂ မျိုး ရှိပါတယ်။

ဒီတစ်ခေါက် ပြောပြပေးချင်တာက ပတ်ဝန်းကျင်မှာ အလေ့ကျ ပေါက်ရောက်လေ့ရှိတဲ့ ပန်းရောင် ပန်းလုံးလုံးလေးတွေပွင့်လေ့ရှိပြီး အသီးလေးတွေလည်း သီး၊ ထူးခြားချက်က အရွက်လေးတွေကို ထိလိုက်ရင် အိပ်သွားတ‌ဲ့ကုန်းထိကရုန်းလေးရဲ့ ဆေးဖက်ဝင်ပုံလေးကို ပြောပြပေးပါမယ်ခင်ဗျာ။

အနာကျက်စေနိုင်တယ်

ထိကရုန်း အရွက်ကို သေချာစင်အောင်ဆေးပြီး သတ္တုရည်ကို အနာပေါ်မှာ လိမ်းပေးတာက အနာကျက်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ထိခိုက်ရှနာ အနာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

အဆိပ်ပြေစေတယ်

ထိကရုန်း အရွက်၊ ပင်စည်၊ အမြစ် အားလုံးမှာ အဆိပ်ပြေစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ပျား၊ ပုရွက်နီ တို့လိုမျိုး အဆိပ်ရှိတဲ့ အကောင်တွေ ကိုက်ခံရတဲ့အခါ ထိကရုန်း ပြုတ်ရည်ကို အသုံးပြုပေးမယ်ဆိုရင် အဆိပ်ပြေစေမှာပါ။

စိတ်ဖိစီးမှု ပြေလျော့စေတယ်

ထိကရုန်းကို စိတ်ဖိစီးမှု ပြေလျော့ပြီး မှတ်ဉာဏ်ကောင်းစေဖို့ ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့ကြတာပါ။

စိတ်ဓာတ်ကျတာကို သက်သာစေနိုင်သလို စိုးရိမ်ပူပန်မှု များတာကိုလည်း ပြေလျော့ စေနိုင်ပါတယ်။

မှတ်ဉာဏ်ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

လိပ်ခေါင်း သက်သာစေတယ်

လိပ်ခေါင်းကြောင့် စအိုက သွေးကျနေတာကို သက်သာစေဖို့ဆိုရင် ထိကရုန်းကို အသုံးပြုပေးလို့ ရပါတယ်။ ဒီကုထုံးကို ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့ကြတာပါ။
အရွက်ကို ရေစင်အောင်ဆေးလို့ အနှစ်ရအောင်ကြိတ်ပြီး အသုံးပြုပေးရမှာပါ။ အရောင်ကျစေနိုင်သလို လိပ်ခေါင်းကြောင့် သွေးကျတာကိုလည်း သက်သာစေနိုင်ပါတယ်။

ပါးစပ်ထဲက အနာကို သက်သာစေနိုင်တယ်

ပါးစပ်ထဲမှာ ဖြစ်လေ့ရှိတဲ့ အနာဖြူဖြူလေးတွေ သက်သာစေဖို့အတွက်လည်း ထိကရုန်း အရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ အရွက်ကို ရေစင်အောင် ဆေးပြီး ကြိတ်လို့ အသုံးပြုပေးရမှာပါ။

ဝမ်းပျက်ဝမ်းလျှော သက်သာစေနိုင်တယ်

ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေဖို့အတွက်လည်း ထိကရုန်းကို အသုံးပြုပေးလို့ ရပါသေးတယ်။ ဝမ်းသွားတာကို သက်သာစေဖို့ အရွက်ကြိတ်ရည်ကို အသုံးပြုပေးလို့ ရပါတယ်။

အရောင်ကျစေနိုင်တယ်

ခန္ဓာကိုယ်မှာ ရောင်ရမ်း နာကျင်မှုတွေ ဖြစ်တဲ့အခါ အရောင်ကျစေဖို့ နဲ့ နာကျင်မှုကို သက်သာစေဖို့အတွက် ထိကရုန်းကို အသုံးပြု ပေးလို့ ရပါတယ်။ ထိကရုန်းကို ပြုတ်ပြီး ပြုတ်ရည် နွေးနွေးလေးနဲ့ နာကျင် ရောင်ရမ်းတဲ့နေရာကို ရေနွေးဝတ် ကပ်ပေးတာပါ။

ဒါတွေအပြင် ထိကရုန်း ကို ဆီးချို ကာကွယ်ဖို့၊ အသည်း ကျန်းမာစေဖို့၊ ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို တိုက်ဖျက်ဖို့ အသုံးပြုပေးလို့ ရပါသေးတယ်။

ဘေးထွက်ဆိုးကျိုးများ

ထိကရုန်း က ပုံမှန်အားဖြင့် အသုံးပြုဖို့ ဘေးကင်းပါတယ်။ ရေတိုမှာပေါ့။ ဒါပေမယ့် ထိကရုန်းကို အခြားကျန်းမာရေးပြဿနာတွေအတွက် ဆေးသောက်နေရတာရှိရင် တွဲသောက်တာမျိုး မလုပ်ပါနဲ့။။

သတိပြုရန် အချက်များ

နို့စို့ကလေးတွေ နဲ့ ကလေးငယ်လေးတွေကို အသုံးမပြုခိုင်းပါတဲ့။
ကိုယ်ဝန်ဆောင်တွေ နို့တိုက်မိခင်တွေ အသုံးပြုလို့ မရပါဘူး။
သွေးပေါင်ကျတတ်သူတွေ၊ သွေးချိုကျတတ်သူတွေ အသုံးမပြုသင့်ပါဘူး။

ဆီးချိူအတွက် ဆေးသောက်နေရသူတွေ နဲ့သွေးကျဆေးသောက်နေရသူတွေအနေနဲ့လည်း အသုံးမပြုသင့်ပါဘူး။ထိကရုန်းနဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။

သဘာဝဆေးဖက်ဝင်ဆိုပေမယ့် အလွန်အကျွံ သုံးစွဲတာမျိုး သေချာသန့်စင်တာမျိုး မရှိဘူးဆိုရင် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်လို့ အသိ သတိနဲ့ယှဉ်ပြီး သုံးစွဲကြပါခင်ဗျာ။

ရေးသားသူ –spf myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။