ကိုယ့်အိမ်ကိုသူခိုးအကပ်မခံရအောင်

Astrology
ကိုယ့်အိမ်ကိုသူခိုးအကပ်မခံရအောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကိုယ့်အိမ်ကိုသူခိုးအကပ်မခံရအောင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကိုယ့်အိမ်ကိုသူခိုးအကပ်မခံရအောင်

အခုနှစ်တွေအတွင်း သူခိုးအတော်ပူလာတာတွေ့ရတယ် ။ မနက်မိုးလင်းတိုင်းလိုလို ဟိုအိမ်တော့ ညကဖောက်သွားတယ် ၊ ဒီအိမ်တော့ဖောက်သွားပြန်ပြီနဲ့ မကြားချင်ပေမယ့် ကြားကြားနေရသေးတော့တယ် ။

ဒါနဲ့ပဲ ကျွန်တော်လေ့လာ သင်ယူဆည်းပူးခဲ့တဲ့ဗေဒင်ကျမ်း မှတ်စုစာအုပ်ကြီးကိုဖွင့်ပြီး “သူခိုးရန်ကာကွယ်နည်းလမ်းယတြာ” ရှာဖွေကြည့်မိတယ်ဆိုပါတော့ ။ (အများကြီးတွေ့ရတဲ့အထဲကနေ လွယ်ကူစေမယ့်နည်းတစ်ခုကို ပြောပြပေးလိုက်ပါတယ် ။ )
ဟုတ်ကဲ့ ။တွေ့ပါပြီ ။မိတ်ဆွေတွေအနေနဲ့လည်း လိုအပ်ရင်အသုံးပြုနိုင်စေဖို့ စေတနာထားလို့ တင်ပြပေးလိုက်ပါတယ် ။

ယတြာက…အခက်ခဲကြီး မဟုတ်ပါဘူး ။
ကိုယ့်နေအိမ်ခြံရဲ့ ထောင့်(၄)ထောင့်မှာ “ကသစ်ပင်”တွေရှင်သန်အောင် စိုက်ပျိုးပေးလိုက်ပါ ။အပင်ရှင်သန် မြင့်မားလာလေလေ ကိုယ့်အိမ်ခြံဝန်းနားကို ဘယ်လိုသူခိုးမျှ ကပ်မလာနိုင်ပါဘူး ။

ဒီနေရာမှာ ပြောချင်တာတစ်ခုက ကသစ်ပင်ဆိုတာအကိုင်းကို လိုသလောက်ဖြတ်တောက်ယူပြီးစိုက်ပျိုးလို့ရတဲ့အပင် အမျိုးအစားဆိုတာပါ ။နောက်ပြီး “#ကသစ်” နဲ့ “သူခိုး”ဟာ ဗေဒင်ပညာရပ်အခေါ်နဲ့ပြောရရင် “ကက်ကင်း” ဖြစ်နေပါသေးတယ် ။

ဒါကြောင့်မို့ အပင်ကြီးမျိုးဖြစ်တဲ့ ကသစ်ပင်ဟာ ခြံလည်းလုံခြုံစေသလို သူခိုးရန်ကလည်း ကာကွယ်ပြီးသား ဖြစ်စေလိမ့်မယ်လို့ ယုံကြည်မိပါတယ် ။

ရေးသားသူ –သာထက်ဇော်မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။