ဖြစ်နိုင်ခြေကို လွန်ဆန်ပြီး ရှင်သန်ခဲ့တဲ့ ခေါင်းချင်းဆက်အမြွှာညီအစ်မ သူငယ်တန်းအောင်သွားပြီ

International News
ဖြစ်နိုင်ခြေကို လွန်ဆန်ပြီး ရှင်သန်ခဲ့တဲ့ ခေါင်းချင်းဆက်အမြွှာညီအစ်မ သူငယ်တန်းအောင်သွားပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖြစ်နိုင်ခြေကို လွန်ဆန်ပြီး ရှင်သန်ခဲ့တဲ့ ခေါင်းချင်းဆက်အမြွှာညီအစ်မ သူငယ်တန်းအောင်သွားပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေကို လွန်ဆန်ပြီး ရှင်သန်ခဲ့တဲ့ ခေါင်းချင်းဆက်အမြွှာညီအစ်မ သူငယ်တန်းအောင်သွားပြီ

ခွဲစိတ်မှုအောင်မြင်နိုင်ခြေ ၂ ရာခိုင်နှုန်းပဲ ရှိတဲ့ ခေါင်းချင်းဆက်အမြွှာ ညီအစ်မဟာ အခုအခါမှာတော့ သူငယ်တန်းအောင်သွားခဲ့ပါပြီ။ ဟီသာဒီလာနေးဟာ ကိုယ်ဝန်ဆောင်ချိန် ၁၁ ပတ်အကြာမှ ခေါင်းချင်းဆက်အမြွှာ ကိုယ်ဝန်ဆောင်ထားရမှန်း သိခဲ့တာပါ။ ကိုယ်ဝန်ဆောင်ချိန် သီတင်းပတ် ၃၀ အကြာမှာ မီးဖွားခဲ့ပြီး အမြွှာနှစ်ယောက်ပေါင်း ခန္ဓာကိုယ်အလေးချိန် ၆ ပေါင်ပဲ ရှိပါတယ်။

အက်ဘီနဲ့ အာရင်လို့ အမည်ရတဲ့ အမြွှာညီအစ်မနှစ်ယောက်ဟာ တစ်နှစ်အရွယ်အထိ အထူးကြပ်မတ်ကုသဆောင်မှာ နေခဲ့ရပြီး ဖီလာဒဲလ်ဖီးယားမြို့ ကလေးဆေးရုံမှာ ဦးခေါင်းခွဲစိတ်မှုလုပ်ခဲ့တာပါ။ သူတို့နှစ်ယောက်လုံး ဖွံ့ဖြိုးတိုးတက်မှုပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိခဲ့ပေမဲ့ ၇ နှစ်ပြည့်ခါနီးမှာတော့ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။

” ကံကောင်းလွန်းလို့ ယုံတောင်မယုံနိုင်ဘူး။ သူတို့ သူငယ်တန်းအောင်သွားတာ အိပ်မက် မက်နေတဲ့အတိုင်းပါပဲ” လို့ မိခင်ဖြစ်သူ ဟီသာက ပြောပါတယ်။ ခွဲစိတ်မှုမလုပ်ရသေးခင် ခေါင်းချင်းဆက်နေတဲ့ အမြွှာညီအစ်မနှစ်ဦးရဲ့ဓာတ်ပုံကို သူတို့အိမ်မှာ ချိတ်ဆွဲထားပြီး တစ်နေ့ကျရင်တော့ ဒီအကြောင်း ပြောပြဖြစ်လိမ့်မယ်လို့ ဟီသာက ဆိုပါတယ်။

အက်ဘီနဲ့ အာရင်တို့ဟာ သာမန်ကလေးတွေ တက်တဲ့ ကျောင်းမှာပဲ ပညာသင်ကြားနေပေမဲ့ လိုအပ်ချက်ရှိသူတွေတက်တဲ့ အထူးတန်းမှာ တက်ရောက်နေပါတယ်။ အာရင်က ၅ နှစ်အရွယ်ကတည်းက လမ်းလျှောက်တတ်ခဲ့ပြီး အက်ဘီကတော့ အခုမှ လမ်းစလျှောက်တတ်တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။