ထွက်ရှိလာပြီးနာရီပိုင်းမှာတင် ကြည့်ရှုသူတွေ များပြားနေတဲ့ ရွှေထူး၊ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ရဲ့ “ဆွေး”သီချင်းMusic video(ရုပ်/သံ)

Celebrity Local News
ထွက်ရှိလာပြီးနာရီပိုင်းမှာတင် ကြည့်ရှုသူတွေ များပြားနေတဲ့ ရွှေထူး၊ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ရဲ့ “ဆွေး”သီချင်းMusic video(ရုပ်/သံ)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထွက်ရှိလာပြီးနာရီပိုင်းမှာတင် ကြည့်ရှုသူတွေ များပြားနေတဲ့ ရွှေထူး၊ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ရဲ့ “ဆွေး”သီချင်းMusic video ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ထွက်ရှိလာပြီးနာရီပိုင်းမှာတင် ကြည့်ရှုသူတွေ များပြားနေတဲ့ ရွှေထူး၊ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ရဲ့ “ဆွေး”သီချင်းMusic video

ပရိသတ်ကြီးရေ… အဆိုတော် ရွှေထူးကတော့ သီချင်းဆိုကောင်းရုံသာမကပဲ သီချင်းစာ သားများကိုရေးစပ်ဖန်တီးရာမှာလည်း ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပါတယ်။ ရွှေထူးဟာ သူ့သီချင်းတွေ တော်တော်များများကို သူကိုယ်တိုင်ရေးသားသလို သူ့ရဲ့ ဇနီးဖြစ်သူ သရုပ်ဆောင် ရွှေမှုံရတီနဲ့ ခယ်မဖြစ်သူ သရုပ်ဆောင် ငွေမှုံရတီတို့အတွက်လည်း သီချင်းတွေ ရေးသားပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။

ဇူလိုင်လ (၇) ရက်နေ့မှာတော့ ရွှေထူး၊ ရွှေမှုံရတီ နဲ့ ငွေမှုံရတီတို့ရဲ့ သီချင်းသစ်ဖြစ်တဲ့ “ဆွေး” လို့ အမည်ရ တဲ့ သီချင်းလေးဟာ MV နဲ့တကွ ထွက်ရှိလို့လာပါ တယ်။ အဆိုပါသီချင်းလေးဟာ ထွက်ရှိလာပြီးပြီးချင်း နာရီပိုင်းအတွင်းမှာတင် ပရိသတ်တွေရဲ့ ကြည်ရှုနှုန်း အရမ်းကိုမြင့်တက်ခဲ့တာမို့ပရိသတ်ကြီးအတွက်ကိုလည်း ပြန်လည်မျှဝေဖော်ပြ ပေးလိုက်ပါတယ်နော်။

“ဆွေး” ဆိုတဲ့ သီချင်းလေးဟာ ရွှေထူးက ခယ်မဖြစ်သူ ငွေမှုံရတီအတွက် မွေးနေ့လက်ဆောင်အနေနဲ့ ရေးသား ပေးထားတဲ့ သီချင်းလေးဖြစ်ပြီး သီချင်းလေးက အရမ်း ကောင်းတာကြောင့် ရွှေမှုံရတီကလည်း ညီမဖြစ်သူကို ခွင့်တောင်းပြီး သီဆိုခဲ့တဲ့ သီချင်းလေးလို့ သိရပါတယ်။

ပရိသတ်ကြီးလည်း ရွှေထူး၊ ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ရဲ့သီချင်းသစ်ဖြစ်တဲ့ “ဆွေး” ကို နား ဆင်သဘောကျကြမယ်လို့ ထင်ပါတယ်နော်။

Music video ကြည့်ရန်- https://youtu.be/1VZJKE1ChFw

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။