မဟာဘုတ်တွက်နည်းနှင့်မဟာဘုတ်အယူအဆဟောနည်းများ

Astrology
မဟာဘုတ်တွက်နည်းနှင့်မဟာဘုတ်အယူအဆဟောနည်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မဟာဘုတ်တွက်နည်းနှင့်မဟာဘုတ်အယူအဆဟောနည်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မဟာဘုတ်တွက်နည်းနှင့်မဟာဘုတ်အယူအဆဟောနည်းများ

မဟာဘုတ်တွက်နည်းကိုတော့ဗေဒင်ဝါသနာပါသူများ၊လေ့လာသူမျာ၊းအများစု‌မှာမလွဲမသွေလေ့လာတွက်ချက်ကြပေသည်။ပညာရပ်သည်ကျယ်ပြန့်နက်နဲသောကြောင့်မိမိအယူအဆများကိုတင်ပြခြင်းသာဖြစ်ပါ၏။

မဟာဘုတ်တွက်နည်းကိုလေ့လာမည်ဆိုပါကပထမဦးစွာ၊ဘင်္ဂ၊မရဏ၊အထွန်း၊သိုက်၊ရာဇ၊ပုတိ၊အဓိပတိဟူသောအဖွားခုနှစ်ခုမဟာဘုတ်အိမ်ကို ပုံသေစွဲနေအောင်လေ့လာရမည်။မဟာဘုတ်ကိုတွက်ချက်မည်ဆိုပါက တွက်လိုသူ၏မွေးဖွားသက္ကရာစ်ကိုတည်ပါ။၇ ဖြင့်စားပါ။အကြွင်းအတိုင်းဘင်္ဂ၊မရဏ၊အထွန်း၊သိုက်၊ရာဇ၊ပုတိ၊အဓိပတိ ဟူသောမဟာဘုတ်အဖွားအိမ်အတိုင်းချရမည်ဖြစ်သည်။မဟာဘုတ်အိမ်၊မဟာဘုတ်အိမ်ချနည်းကိုလည်းပုံတွင်ပြထားပါသည်။

၁ကြွင်းပါက

အောင် ၁ဘင်္ဂ၊လံ၄မရဏ၊ထူ -၀ အထွန်း၊စစ်၃သိုက်၊သူ၆ရာဇ၊ကြီး၂ ပုတိ၊ပွဲ၅ အဓိပတိဟူ၍ လည်းကောင်း၊

၂ကြွင်းပါက

ကြီး၂ ဘင်္ဂ၊ပွဲ၅ မရဏ၊အောင်၁ အထွန်း၊လံ၄ သိုက်၊ထူ -၀ ရာဇ၊စစ်၃ ပုတိ၊သူ၆ အဓိပတိဟူ၍လည်းကောင်း

၃ကြွင်းပါက

စစ်၃ ဘင်္ဂ၊သူ၆ မရဏ၊ကြီး၂ အထွန်း၊ပွဲ၅ သိုက်၊အောင်၁ ရာဇ၊လံ၄ ပုတိ၊ထူ-၀ အဓိပတိ ဟူ၍လည်းကောင်း

၄ကြွင်းပါက

လံ၄ ဘင်္ဂ၊ထူ-၀ မရဏ၊စစ်၃ အထွန်း၊သူ ၆ သိုက်၊ကြီး၂ ရာဇ၊ပွဲ ၅ ပုတိ၊အောင်၁အဓိပတိဟူ၍လည်းကောင်း

၅ ကြွင်းပါက

ပွဲ၅ ဘင်္ဂ၊အောင်၁ မရဏ၊လံ၄ အထွန်း၊ထူ-၀ သိုက်၊စစ်၃ ရာဇ၊ သူ၆ ပုတိ၊ကြီး၂ အဓိပတိဟူ၍လည်းကောင်း

၆ကြွင်းပါက

သူ၆ ဘင်္ဂ၊ကြီး၂မရဏ၊ပွဲ၅ အထွန်း၊အောင်၁သိုက်၊လံ၄ ရာဇ၊ထူ-၀ ပုတိ၊စစ်၃ အဓိပတိဟူ၍လည်းကောင်း

ဝကြွင်းပါက

ထူ-၀ ဘင်္ဂ၊စစ်၃မရဏ၊သူ၆ အထွန်း၊ကြီး၂ သိုက်၊ပွဲ၅ ရာဇ၊အောင်၁ ပုတိ၊လံ၄ အဓိပတိဟူ၍လည်းကောင်းချရပါမည်။မိမိမွေးနံကြရာအိမ်သည် မိမိအဖွားဖြစ်သည်။မိမိမွေးနံ သည် သိုက်မှာရှိပါက သိုက်ဖွား၊ ပုတိမှာရှိပါက ပုတိဖွား၊ ရာဇမှာရှိပါကရာဇဖွားစသည်ဖြင့် စသည်ဖြင့်မိမိသည်ဘာဖွားလဲဆိုတာကိုတွက်ယူနိုင်ပါ၏။

ဥပမာ ၁၃၄၂ ခုနှစ်တွင်ဖွားသော ဗုဒ္ဓဟူးသားကိုတွက်ကြမည်ဆိုပါစို့။ ၁၃၄၂ ကို ၇ဖြင့်စားပါက ၅ ကြွင်းလေသည်။၅ကြွင်းသောကြောင့် ‌
ပွဲ၅ဘင်္ဂ၊အောင်၁မရဏ၊လံ၄အထွန်း၊ထူ-၀အထွန်း၊စစ်၃ရာဇ၊သူ၆ ပုတိ၊ကြီး၂ အဓိပတိ ဟူ၍ချရမည်ဖြစ်သည်။မွေးနံ ဗုဒ္ဓဟူး၄သည် အထွန်းအိမ်မှာရှိသောကြောင့် အထွန်းဖွား ဖြစ်ပေသည်။ထို့ကြောင့်၁၃၄၂ ခုနှစ်တွင်ဖွားသော ဗုဒ္ဓဟူးသားသည် အထွန်းဖွားဖြစ်ပေသည်။

မဟာဘုတ်အိမ်အကောင်းအဆိုးများကိုရာခိုင်နှုန်းဖြင့်ယူဆခြင်း

မဟာဘုတ်အိမ်တွင် အထွန်း၊သိုက်၊ရာဇ၊အဓိပတိ တို့သည် အကောင်းဌာနအိမ်များဟုယူဆကြသည်။အကောင်းသဘောကိုရာခိုင်နှုန်းဖြင့်လဲယူဆကြလေသည်။အကောင်းရာခိုင်နှုန်း-အထွန်း၁၀၀%၊
သိုက်-၇၅%
ရာဇ_၅၀%
အဓိပတိ-၂၅%ဟု အယူအဆများလဲရှိပေသည်။
မဟာဘုတ်အိမ်တွင် ပုတိ၊ဘင်္ဂ၊မရဏအိမ်များကို အဆိုးအိမ်များဟုယူဆကြသည်။အဆိုးကိုယူဆရာတွင်ရာခိုင်နှုန်းအားဖြင့်လဲ ယူဆခြင်းများလဲရှိပေသည်။အဆိုးရာခိုင်နှုန်း-ပုတိ၅၀%
ဘင်္ဂ၇၅%
မရဏ၁၀၀%ဟု အယူအဆရှိပေသည်။မဟာဘုတ်ကိုဟောရာတွင် မူလမဟာဘုတ်၊ကောဇာမဟာဘုတ် ဟူ၍ ညှိုနှိုင်းဟော‌ပြောခြင်း၊ဂြိုဟ်များကိုလဲ မိတ်ဖက် ၊ရန်ဘက် အိမ်ထောင်ဖက်စသည့်ဖြင့်ညှိုနှိုင်းဟောပြောသင့ပါသည်။

မေးလာသူ၏
ဖခင်နှင့်ပက်သက်လျှင် ၁နွေဂြိုဟ်အနေအထားကြည့်၍လည်းကောင်း
မိခင်နှင့်ပက်သက်လျှင် ၂လာဂြိုဟ်ကိုကြည့်၍လည်းကောင်း
အမျိုးသမီးများ၏အိမ်ထောင်ရေးနှင့်ပက်သက်လျှင်၃ဂါဂြိုဟ်အနေအထားကိုကြည့်၍လည်းကောင်း
အမျိုးသားများ၏အိမ်ထောင်ရေးနှင့်ပက်သက်လျှင်၆ကြာဂြိုဟ်ကိုကြည့်၍လည်းကောင်း
သားသ္မီးရေးရာနှင့်ပက်သက်လျှင်၄ဟူးဂြိုဟ်အနေအထားကိုကြည့်၍လည်းကောင်း
ပညာရေးနှင့်ပက်သက်လျှင်၅တေးဂြိုဟ်အနေအထားကိုကြည့်၍လည်းကောင်း
လက်အောက်ငယ်သားနှင့်ပက်သက်လျှင် ၀ နေဂြိုဟ်ကိုကြည့်၍လည်းကောင်း
စီးပွားရေးလုပ်ငန်းနှင့်ပက်သက်လျှင်အထွန်း၊သိုက်၊ရာဇ၊အဓိပတိ တွင်ရပ်တည်နေသောဂြိုဟ်များ၏ အနေထားများကိုကြည့်၍၎င်းဂြိုဟ်တို့နှင့်သက်ဆိုင်သောလုပ်ငန်းများလုပ်ကိုင်သင့်ပါကြောင်းယူဆတင်ပြလိုက်ရပါသည်။

ရေးသားသူ -မင်းခေါင် ကျော်စွာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။