ငွေလာဂမုန်းနဲ့လာဘ်ရွှင်စေဘို့

Astrology
ငွေလာဂမုန်းနဲ့လာဘ်ရွှင်စေဘို့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငွေလာဂမုန်းနဲ့လာဘ်ရွှင်စေဘို့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ငွေလာဂမုန်းနဲ့လာဘ်ရွှင်စေဘို့

ဒီဆောင်းပါးလေးကလည်း ဝါစတုသျှတ္တရ စာအုပ်ငယ်မှာ ပါတဲ့ အချက် ဖြစ်ပါတယ် မိတ်ဆွေများ အကျိုးရှိစေဘို့ မျှဝေ ပေးလိုက်ရပါတယ်။

စင်္ကာပူ က အိမ်အများစုမှာ- Money plant လို့ ခေါ်တဲ့- နွယ်ပင်တွေ၊ မြန်မာ မှာတော့- ငွေလာ ဂမုန်း လို့ လည်းကောင်း၊ တချိုကျတော့- အစိမ်းရွက်မျိုးကို ရွှေလာ ဂမုန်း ။
အဖြူ ရောင် အရွက်မျိုးကို ငွေလာ ဂမုန်းလို့ လည်းကောင်း ခေါ်တတ်ကြတဲ့- ရွှေလာငွေလာ ဂမုန်းအပင်များ စိုက်ထားကြလေ့ရှိပါတယ်။ မျိုးကွဲအနည်းငယ် ရှိကြပါတယ်။

တရုပ်လူမျိုး တို့ရဲ့ ဖုန်းရွှေ ပညာ အရရော မဇ္စျိမ တိုင်းသားတို့ရဲ့ ဝါစတု သျှတ္တရ ပညာ အရပါ ဒီအပင် ဟာမိမိအိမ်အတွက် လာဘ်လာဘ ကောင်းခြင်း၊အိမ်သူအိမ်သား အချင်းချင်း နဲ့ ပြင်ပ ဆက်ဆံရေးတွေ ကောင်းခြင်း တို့အတွက် အကျိုးကျေးဇူး ရှိပါတယ်လို့ ညွှန်ပြကြပါတယ် တဘက်မှာတော့ လေထု သန့်စင် ပေးပါတယ် ။

ကျန်းမာရေး အတွက် အထောက်အကူ ပြုတာတို့၊ မျက်စိ အေးလို့ စိတ်ချမ်းသာတို့လည်း ရှိပါတယ်။ဒါပေမယ့် သူ့မှာလည်း ဆောင်ရန်- ရှောင်ရန် လေးတွေ ရှိတာကို သတိထားကြဘို့ သင့်ပါတယ်။

သူ့ကို ထားရှိရမယ့် နေရာက အရှေ့တောင် အရပ်က အကောင်းဆုံး ဖြစ်ပြီး၊ လုံးဝ မထားရှိရမယ့် နေရာက- အရှေ့မြောက် အရပ် ဖြစ်ပါတယ်တဲ့။ အလွယ်မှတ်ချင်ယင်တော့ ပင်စိမ်းပင် နဲ့ ဆန့်ကျင်ဘက်ပါပဲ။
အရှေ့မြောက် အရပ်မှာ စိုက်မိယင် ငွေကြေး ဆုံးရှုံးခြင်း နဲ့ ဆက်ဆံရေး ပြဿနာများ ပေါ်ပါလိမ့်မယ်။

အပင်ကို မခြောက်သွေ့ပါစေနဲ့၊ ရေစွတ်စွတ် လေး အမြစ်မှာ ရှိနေပါစေတဲ့ စိတ်ပူစရာ အခက်အခဲတွေ ရှိတတ်ယင် အိမ်ထောင့်ချောင်ကျနေတဲ့ နေရာတွေမှာ ထားရပါတယ်။
အပြင်မှာ မထားပဲ အိမ်ထဲထားရှိ ပါတဲ့ (သို့သော် ဒါက အိမ်တွင်းမှာ ကလေးငယ် ရှိယင်၊ ခွေးကြောင် တိရစ္ဆာန် မွေးထားယင် သူ့မှာ toxic ရှိတာကြောင့် မထားသင့် တာကို သတိပြုပါ။)

အိမ်ထဲမှာ ထားတဲ့ အခါ အရှေ့တည့်တည့် နံရံ၊ အနောက်တည့်တည့် နံရံ၊ မြောက်တည့်တည့် နံရံ ဘက်မှာလည်း မထားသင့်ပါတဲ့။

နွယ်တွေဟာ ကြမ်းပြင်ပေါ်မှာ လျှောက်မသွားပါစေနဲ့ တဲ့ ဒါက- ငွေကြေး ဆုံးရှုံးမှု ဖြစ်စေတတ်ပါတယ် တဲ့။

အရေးအကြီးဆုံး သော့ချက်တခုကတော့ အပင်လေး ရှည်လာတဲ့ အခါ ဖြတ်တောက်ပေးတဲ့ အခါ မိမိတို့ အိမ်သူအိမ်သား ကိုယ်တိုင်ကပဲ လုပ်ရမှာ ဖြစ်ပြီး ။
ပြင်ပ လူဆိုယင် မိမိ အိမ်က ဥယျာဉ်မှုး gardener ကိုလည်းကောင်း၊ ဘေးအိမ်က လူကို လည်းကောင်း လုံးဝ လုပ်ခိုင်းခြင်း မပြုရပါတဲ့။

အသည်းပုံ အရွက်ကလေး တွေက ချစ်ခြင်း မေတ္တာ တရားကို ကိုယ်စားပြုနေကြပြီး၊ နွယ်အဖြစ် ရစ်ပတ် နေတာကို သံယောဇဉ် – ဆက်နွယ်မှု တွေကို သရုပ်ဖေါ်ထားလို့ ။
ဒီအပင် လေး တွေ အိမ်မှာ ရှိခြင်းကြောင့် မိတ်ဆွေ အပေါင်းအသင်း များ၊ မိသားစုဝင် များ အချင်းချင်း ချစ်ခင်မှု သံယောဇဉ် မေတ္တာတရားတို့ ခိုင်မာဘို့အတွက် ကောင်းစေပါတယ်တဲ့။

တကယ်လို့အပင်ရှိတာမှန်ပေမယ့် မိမိတို့ အိမ်ထောင်ရေးမှာ ပြဿနာ တွေ ရှိနေခဲ့ယင်တော့ မိမိတို့ အပင်လေး ရဲ့ အနေအထားကို ဒီမှာ ပြထားတဲ့ အနေအထား အတိုင်း ရှိမရှိ ပြန်စစ်ကြည့် ဘို့ လိုအပ်ပါလိမ့်မယ်။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။