“ခေတ်နဲ့_ပဌာန်းဆက်_ပုဂ္ဂိုလ်အကြောင်း”

Astrology
“ခေတ်နဲ့_ပဌာန်းဆက်_ပုဂ္ဂိုလ်အကြောင်း”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “ခေတ်နဲ့_ပဌာန်းဆက်_ပုဂ္ဂိုလ်အကြောင်း” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“ခေတ်နဲ့_ပဌာန်းဆက်_ပုဂ္ဂိုလ်အကြောင်း”

မိတ်ဆွေတို့ ဆရာတို့ဟာ ဘဝအဆက်ဆက် သံသရာမှာ ကျင်လည်ခဲ့ကြပြီးပြီ ဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာဆိုရင် လက်ခံနိုင်ရမယ်။

ဘယ်ခေတ်မှာ ဘယ်လို ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ဆက်နွယ်ခဲ့ပြီး ယခုဘဝထိ #ပဌာန်းဆက် ပါလာကြပါတယ်။ တစ်ချို့ “ပဌာန်းဆက် “အရမ်းနီးတဲ့လူတွေကြတော့ ဘာမှ မလှူရပဲ မတောင်းဆိုရပဲ အိမ်မက်ပေးတာ ကယ်တာ မတာတွေဟာ
ခေတ်အဆက်ဆက် ယနေ့အချိန်ထိ ရှိဆဲရှိနေဆဲ ဆိုတာ စာပေတွေအရ သမိုင်းတွေအရ အမှန်ပင်ဖြစ်ခဲ့ကြသည်ကို သိရှိခဲ့ရလေပြီ။

မိမိတို့ပတ်သက်ခဲ့တဲ့ ခေတ်နဲ့ မိမိတို့ကိုတိုက်ရိုက် ပတ်သက်ကူညီစောင့်ရှောက်နေတဲ့ပုဂ္ဂိုလ်တွေကို သိခွင့်ရပြီဆိုရင် သူတို့ကိုယ့်ကို သတိထားလာအောင် ကူညီမစလာအောင် ပြုလုပ်ပေးဖို့ လိုအပ်တယ်။ ဒါကြောင့် ဘာအဖိုးအခမှ မယူပဲ စေတနာနဲ့ တင်ပြပေးလိုက်ခြင်းဖြစ်သည်။

မိမိတို့မွေးတဲ့ မြန်မာခုနှစ်ကိုတည်၍၇ ဖြင့် စားပါ ၁ကြွင်းဖြစ်နေခဲ့ရင်

သရေခေတ္တရာခေတ်နဲ့ ပုဂံခေတ်က ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ခဲ့တဲ့ လူတွေဖြစ်ကြပါတယ်။ လက်ရှိဘဝမှာ တိုက်ရိုက်ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တွေကတော့ အင်းဝခေတ်တောင်တမံရွာအနီး နွားနို့အစုကြီးရွာသား“ သံဝိဇ္ဇာနာဂန္ဒသာရ”၊ အနောက်မစ္စိမဒေသက တောင်ဝှေးကိုင်ဘိုးတော်များ၊ အန္ဒိယဒေသက ဆာဒူးဘိုးတော်တွေနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ ပတ်သက်နေတော့ သူတို့ကိုယ့်ကို ကူညီလာအောင်မစလာအောင် သူတို့ကိုရည်မှန်းပြီး အလှူဒါန လုပ်ပေးရမယ်။

၁ကြွင်းဘာနေ့သားသမီးမဆို

တောင်ဝှေးတစ်ချောင်းရယ် ပေါက်ပေါက်ပွင့်ကို ပုလင်းနဲ့ထည့်ပြီး ( ဟောလစ် မိုင်လို) ပုလင်းထဲမှာ ထည့်ပြီး လှူရမယ်။သစ်သီး၉မျိုးလှူရမယ်။ စားပွဲခုံနဲ့ ကျကျနန လှူပါ။ တောင်ဝှေးကို စားပွဲခုံဘေးမှာချထားပါ စားပွဲခုံပေါ်မှာ ပေါက်ပေါက်ပွင့် ပုလင်းနဲ့ထည့် သစ်သီး၉မျိုး ကို သံပန်းကန်ပြားနဲ့ထည့်ပြီးလှူရင် ပိုကောင်းပါတယ်။

တစ်ပတ်တစ်ခါ လှူပါ တောင်ဝှေးကတော့ အသစ်လဲစရာမလိုပါ ၊ ပဌာန်းဆက်နီးရင် ၁၈ရက်အတွင်း အိမ်မက်ပေးပါလိမ့်မယ်။ မိမိတို့အခက်အခဲကို ဘာလုပ်ရမယ်လို့ ညွှန့်ကြားပါလိမ့်မယ်။ ပဌာန်းဆက်ဝေးရင်တော့ ၁၈ လအတွင်း သေချာပေါက် ကူညီမစပါလိမ့်မယ်။ ဆရာပြောထားတဲ့ အတိုင်း ကျကျနနသေသေချာချာလုပ်ပါ ထူးကိုထူးပါတယ်။

မိမိတို့မွေးတဲ့ မြန်မာခုနှစ်ကိုတည်၍၇ ဖြင့်စားလို့ ၂ကြွင်းဖြစ်နေခဲ့ရင်

တောင်ငူခေတ်နဲ့ သရေခေတ္တရာခေတ်က ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ခဲ့တဲ့ လူတွေဖြစ်ကြပါတယ်။ လက်ရှိဘဝမှာ မိမိတို့နဲ့တိုက်ရိုက်ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တွေ ကတော့ “ စမဝိဇ္ဇာကြီး ဘိုဘိုးအောင် “၊

ပြည်မြို့က “ ပြဒါးဝိဇ္ဇာ ဆရာအောင်”၊ ကျိုက်လတ်မြို့ ကျုံမငဲ့ရွာတွင်ထွက်ရပ်ပေါက်သွားတဲ့ ရွှေရင်ကျော်“ ဘိုးတော်အေး” စသည့်ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေက မိမိတို့ကို ကူညီမစလာအောင် သူတို့ကိုရည်မှန်းပြီး အလှူဒါနလုပ်ပေးရမယ်။

၂ကြွင်းဘာနေ့သားသမီးမဆို

“အောင်အိုး” တစ်လုံး အိမ်အဝင်ဝမှာ ချိတ်ဆွဲပေးထားပါ။ (အောင်အိုးဆိုတာ မြေအိုးတစ်လုံး အတာအိုးထက် အနည်းငယ်ကြီးပါစေ၊ အဲဒီအိုးထဲမှာ သပြေခတ်တွေထည့်ပြီးချိတ်ဆွဲပေးထားပါ ၊ မြေဖြူ သို့မဟုတ် ဆော့ပင်နဲ့ )“ အောင်အိုး”လို့ရေးရမည်အနားမှာ တောင်ဝှေးတစ်ချောင်းထောင်ထားပေးပါ။ ကျကျနန လုပ်ပေးပါ၊

စားပွဲခုံတစ်လုံးပေါ်မှာ သစ်သီး၉မျိုး သံပန်းကန်ပြားနဲ့ထည့်ပြီးလှူပေးပါ၊ ပဌာန်းဆက်နီးရင် ၁၄ရက်အတွင်း အိမ်မက်ပေးပါလိမ့်မယ်။ ပဌာန်းဆက် ဝေးရင်တော့ ၁၄လအကြာမှာသေချာပေါက်ထူးပါလိမ့်မယ်။ တစ်ပါတ်တစ်ခါတော့ ဘယ်နေ့ဖြစ်ဖြစ် လှူပေးပါ၊ မိမိတို့ရဲ့ အခက်အခဲတွေကို ဘာလုပ်ရမယ်ဆိုတာ ညွှန်ကြားပါလိမ့်မယ် ကူညီပါလိမ့်မယ်။

မိမိတို့မွေးတဲ့ မြန်မာခုနှစ်ကိုတည်၍ ၇ ဖြင့်စားလို့ ၃ကြွင်းဖြစ်နေခဲ့ရင်

အင်းဝခေတ်နဲ့ တောင်ငူ ခေတ်က ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ခဲ့တဲ့လူတွေဖြစ်ကြပါတယ်။ ယခုဘဝမှာတိုက်ရိုက်ပတ်သက်ဆက်နွယ်နေတဲ့ပုဂ္ဂိုလ်တွေကတော့ ပုပ္ပါးတောင်မှ ဝိဇ္ဇာကြီး “အဘဘိုးမင်းခေါင်”၊ ရသေ့မြို့မှထွက်ရပ်ပေါက်သွားတဲ့ “ဘိုးငယ်”၊ ရှမ်းပြည် အင်းလေး ဟဲယားရွာမတောင်ကျောင်း ပန်းပဲရပ်မှ ထွက်ရပ်ပေါက်သွားသော “ ဘိုးတော်ချုံ” စသည့်ပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်။
အဲဒီပုဂ္ဂိုလ်တွေက မိမိတို့ကိုကူညီမစလာအောင် သူတို့ကိုရည်မှန်းပြီးအလှူဒါန ပြုလုပ်ပေးရမယ်။

၃ကြွင်းဘယ်နေ့သားသမီးမဆို

အောင်းအိုးတစ်လုံး အိမ်အဝင်ဝမှာချိတ်ဆွဲပေးထားပြီး စားပွဲတစ်ခုပေါ်မှာ ကြေးခွက် သို့မဟုတ် ကြေးဖလားထဲ၌ ကြံရည် ကြံသကာထည့်ပြီး ကျကျနန လှူပေးပါ၊ ပဌာန်းဆက် နီးရင် ၁၀ရက်အတွင်း အိမ်မက်ပေးပါလိမ့်မယ်။ ပဌာန်းဆက်ဝေးရင်တော့ ၁၀လအကြာမှာသေချာပေါက်ထူးပါလိမ့်မယ်။ ဆရာပြောတဲ့အတိုင်း တိတိကျကျ လှူပေးပါ၊ မိမိတို့ရဲ့ အခက်အခဲတွေကို ဘာလုပ်ရမယ်ဆိုတာညွှန်ကြားပါလိမ့်မယ်။

မိမိတို့မွေးတဲ့ မြန်မာခုနှစ်ကိုတည်၍ ၇ ဖြင့်စားလို့ ၄ကြွင်းဖြစ်နေခဲ့ရင်

ကုန်းဘောင်ခေတ်နဲ့ အင်းဝခေတ်က ပုဂ္ဂိုလ်တွေနဲ့ ပဌာန်းဆက်ရှိခဲ့ကြတဲ့ လူတွေဖြစ်ကြပါတယ်။

ယခုဘဝမှာတိုက်ရိုက် ပတ်သက်ဆက်နွယ်နေတဲ့ ပုဂ္ဂိုလ်တွေကတော့ “ ဗောဓိပင်ဆရာဆိုင်”၊ ဆံရှည်ကိုယ်တော် ပေါက္ကံပြည် ကျစွာမင်းကြီးလက်ထက်အင်းအတတ်ဖြင့် ထွက်ရပ်ပေါက်သွားသော အင်းဝိဇ္ဇာဆရာတော် “ အရှင်ညာဏဝံသ”၊ အန္ဒိယပြည်က သူတော်စင်ကြီး “ဆိုင်းဘာဘာ” နှင့် ဆေးဝိဇ္ဇာတွေ အားလုံးနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ သူတို့ကိုယ့်ကို သတိထားမိလာအောင် ကူညီမစလာအောင် အဲဒီပုဂ္ဂိုလ်တွေကို ရည်မှန်းပြီး အလှူဒါန ပြုလုပ်ပေးရမယ်။

၄ကြွင်းဘာနေ့သားသမီးမဆို

ရွယ်တူပုလင်း၃လုံးရှာပါ၊ အဲဒီပုလင်း ၁လုံးထဲမှာ ဆန် နောက်တစ်လုံးထဲမှာ ဆီ နောက်တစ်လုံးထဲမှာ ဆေး ထည့်ပါ၊ ပြီးရင် ကြိုးနဲ့ပုလင်း၃လုံးကို ပူးချည်ပါ၊ အိမ်အဝင်ဝမှာ “အောင်အိုး”ချိတ်ဆွဲထားပါ၊ ကြေးခွက်ကြေးဖလားထဲမှာကြံရည် ကြံသကာထည့်ပြီး စားပွဲခုံတစ်ခုနဲ့ ကျကျနနတစ်ပတ်ကို တစ်ခါတော့လှူပေးပါ ၊ ပုလင်း၃လုံးလည်း စားပွဲပေါ်တင်ပါ၊ ပဌာန်းဆက်နီးရင် ၆ရက်နဲ့ အိမ်မက်ပေးပါတယ်။ ဝေးရင်တော့ ၆လအကြာမှာ သေချာပေါက်ဆက်သွယ်ပါလိမ့်မယ်။ မိမိတို့အခက်အခဲကို ဘာလုပ်ရမယ်လို့ညွှန့်ကြားပါလိမ့်မယ်။

မိမိတို့မွေးတဲ့ မြန်မာခုနှစ်ကိုတည်၍ ၇ နဲ့စားလိုက်လို့ ၅ကြွင်းဖြင့်နေရင်

ညောင်ရမ်းခေတ် နဲ့ ကုန်းဘောင်ခေတ်ကပုဂ္ဂိုလ်တွေနဲ့ ပဌာန်းဆက်ရှိခဲ့ကြတဲ့ သူတွေဖြစ်ကြပါတယ်။ ယခုဘဝမှာ တိုက်ရိုက်ပတ်သက်ဆက်နွယ်နေကြတဲ့ ပုဂ္ဂိုလ်တွေကတော့ ယက္ကန်းစင်တောင်ဆရာတော်ဘုရားကြီး “ ဦးသြဘာသ” ၊ “ဘိုးတော်ဝါယမ”၊ ဘုန်းတော်ကြီး ဦးဝိမလ” “ လျှာရှည်ကိုယ်တော်” စသည့်ပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်။ အဲဒီပုဂ္ဂိုလ်တွေ မိမိကိုသတိထားလားအောင် ကူညီမစလာအောင်သူတို့ကိုရည်မှန်းပြီး အလှူဒါန ပြုလုပ်ပေးဖို့ လိုအပ်တယ်။

၅ကြွင်းဘာနေ့သားသမီးမဆို `

`ယို ၉မျိုး”ဆန်၊ ဆီ၊ ဆေး ထည့်ထားတဲ့ ပုလင်း ၃လုံး ကြေးခွက် ကြေးဖလားထဲ ကြံရည် ကြံသကာထည့်ပြီးစားပွဲခုံတစ်လုံးပေါ်မှာ တင်ပြီး လှူပေးပါ။ တစ်ပါတ်တစ်ခါတော့ လှူပေးပါ ပဌာန်းဆက်နီးရင် ၉ရက်အတွင်း အိမ်မက်ပေးတာ ညွှန့်ကြာတာလုပ်ပါလိမ့်မယ်။ ဝေးရင်တော့ ၉လအကြာမှာ သေချာပေါက်ထူးပါလိမ့်မယ်။ ဆရာပြောတဲ့အတိုင်း သေသေချာချာလုပ်ပါ။

မိမိတို့မွေးတဲ့ မြန်မာခုနှစ်ကိုတည်၍၇ ဖြင့် စားလို့ ၆ကြွင်းဖြစ်နေခဲ့ရင်

ရှမ်းခေတ်နဲ့ ညောင်ရမ်းခေတ်က ပုဂ္ဂိုလ် တွေနဲ့ ပဌာန်းဆက်ရှိခဲ့ကြတဲ့သူတွေဖြစ်ကြပါတယ်။ယခုဘဝမှာ တိုက်ရိုက်ပတ်သက်ဆက်နွယ်နေကြတဲ့ ပုဂ္ဂိုလ်တွေကတော့ “ ဘားမဲ့ဆရာတော်”“ ဗားတမော့ဆရာတော်”၊ “ ဗားမြိုက်ဆရာတော်”၊ “ ဗားတမွတ်ဆရာတော်”၊ “ ဗားကရာဆရာတော်”၊“ ဗားတိဆရာတော်”၊“ ဘိုးပေါက်ဆိန်” ၊ ရန်ကုန်မြို့ ကျောက်မြောင်းကျောက်တောလမ်းမှ ထွက်ရပ်ပေါက်သွားသော “ဘိုးတော်မှဲ့”၊ဓမ္မကထိက ရှမ်းဘိုတော် “ပခေါရှိ” သတိုးမင်းဖျားဘုရင်၏ဆင်ထိန်း ငပေခေါင်ကိုပညာများလွဲအပ်၍ ဥမင် သုံးဆယ်ကို ကိုယ်တိုင်တူးပြီး ထွက်ရပ်ပေါက်သွားသော “မဂုသဃ်ရာဇာဘုန်းတော်ကြီး”၊

မြင်းစိုင်းမြို့ ဇေယျသင်္ခယာမင်းလက်ထက် တပည့်၃၆ယောက်နဲ့အတူ ထွက်ရပ်ပေါက်သွားသော “ပညာသီရိကျော်သူအမတ်ကြီး”၊ ဘုရင်သဝံညီနောင်လက်ထက် တောင်ငူမြို့ ကြက်ညီနောင်ကုန်းအကြား အကိုဖြစ်သူဘုန်းတော်ကြီး ဦးဥတ္တမသီရိနှင့်အတူ မီးထုံကူသွားသည့် ဝိဇ္ဇာထိုမ “မမြလေး” မြန်မာသက္ကရာဇ် ၁၂၆၆ခု နှစ် ပုဂံမြို့ သစ်ထောက်ရွာ ဘုရားငါးဆူတွင် ထွက်ရပ်ပေါက်သွားသောရွှေရင်ကျော် “ဘိုးတော်ပြူး” မြန်မာသက္ကရာဇ် ၁၃၁၈ခု နှစ် သီတင်းကျွတ် လပြည့်ကျော် ၅ရက် ကေလာသတောင်စွန်းတွင်ထွက်ရပ်ပေါက်သွားသော ရွှေရင်ကျော် “ဘိုးတော်ပွင့်” စသည့် ပုဂ္ဂိုလ် တွေ ဖြစ်ကြပါတယ် အဲဒီပုဂ္ဂိုလ်တွေက မိမိတို့ကိုကူညီမစလာအောင် သူတို့ကိုရည်မှန်းပြီး အလှူဒါန ပြုလုပ်ပေးရမယ်။

၆ကြွင်းဘာနေ့သားသမီးမဆို

မိုင်လို အိုဗာတင်း ဟောလစ် ရရာပုလင်းထဲ၌ ပေါက်ပေါက်ပွင့် ထည့်ပါ ယို ၉မျိုး ပါရမည်။ ဆန်၊ ဆီ၊ ဆေး ထည့်ထားသော ပုလင်း၃ လုံး စသည်တို့ကို စားပွဲခုံတစ်ခုနဲ့ကျကျနန တစ်ပတ်ကိုတစ်ခါတော့လှူပေးပါ။ ပဌာန်းဆက်နီးရင် ၁၂ရက်အတွင်းအိမ်မက်ပေးတာ ညွှန်ကြားတာလုပ်ပါလိမ့်။မယ်ဝေးရင်တော့ ၁၂လအကြာမှာသေချာပေါက် ထူးပါလိမ့်မယ်။

မိမိတို့မွေးတဲ့ မြန်မာခုနှစ်ကိုတည်၍၇နဲ့စားလိုက်လို့ ၀ကြွင်းဖြင့်နေရင်

ပုဂံခေတ်နဲ့ ရှမ်းခေတ် က ပုဂ္ဂိုလ်တွေနဲ့ ပဌာန်းဆက်ရှိခဲ့ကြတဲ့ လူတွေဖြစ်ကြပါတယ်။ ယခုဘဝမှာတိုက်ရိုက်ပတ်သက်ဆက်နွယ်နေကြတဲ့ ပုဂ္ဂိုလ်တွေကတော့ “ သိုက်ချုပ်ဘိုးတော် ဘိုးတော်သာလရ” “ ဆရာတော် အရှင်သူရိယ” နှင့်“ သံဝိဇ္ဇာ”များဖြစ်ကြပါတယ် အဲဒီပုဂ္ဂိုလ်တွေကမိမိတို့ကို ကူညီမစလာအောင်သူတို့ကိုရည်မှန်းပြီး အလှူဒါနပြုလုပ်ပေးရမယ်။

၀ကြွင်းဘာနေ့သားသမီးမဆို

သံပန်းကန်နဲ့ထည့်ပြီး သစ်သီး ၉မျိုး၊ ယို ၉မျိုးပေါက်ပေါက်ပွင့် ထည့်ထားတဲ့ ပုလင်း အဲဒီ ပစ္စည်းတွေ ကို စားပွဲတစ်ခုပေါ်မှာ တင်ပြီး တစ်ပါတ်တစ်ခါတော့လှူပေးပါ ပဌာန်းဆက်နီးရင် ၁၅ရက်အတွင်း အိမ်မက်ပေးတာ ညွှန်ကြားတာလုပ်ပါလိမ့်မယ်။ ဝေးရင်တော့ ၁၅လအကြာမှာ သေချာပေါက်ထူးပါလိမ့်မယ်။

ရေးသားသူ – Htet Myat Aung

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။