ဂီတဖျော်ဖြေပွဲခရီးစဉ် ယာဉ်မောင်းတစ်ဦးကို ဒေါ်လာ ၁ သိန်းစီ ဆုချခဲ့တဲ့ တေလာဆွစ်ဖ်

Celebrity International News
ဂီတဖျော်ဖြေပွဲခရီးစဉ် ယာဉ်မောင်းတစ်ဦးကို ဒေါ်လာ ၁ သိန်းစီ ဆုချခဲ့တဲ့ တေလာဆွစ်ဖ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂီတဖျော်ဖြေပွဲခရီးစဉ် ယာဉ်မောင်းတစ်ဦးကို ဒေါ်လာ ၁ သိန်းစီ ဆုချခဲ့တဲ့ တေလာဆွစ်ဖ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂီတဖျော်ဖြေပွဲခရီးစဉ် ယာဉ်မောင်းတစ်ဦးကို ဒေါ်လာ ၁ သိန်းစီ ဆုချခဲ့တဲ့ တေလာဆွစ်ဖ်

အလှူအတန်း ရက်ရောတဲ့ ပေါ့ပ်အဆိုတော် တေလာဆွစ်ဖ်က Eras Tour ဂီတဖျော်ဖြေပွဲ ခရီးစဉ်မှာ ထရပ်ကားမောင်းတဲ့ ယာဉ်မောင်းတစ်ဦးစီကို ဒေါ်လာ ၁ သိန်းစီ ဆုချခဲ့ပါတယ်။ အခုနှစ် အစောပိုင်းမှာ စတင်ခဲ့တဲ့ Eras Tour ဂီတဖျော်ဖြေပွဲခရီးစဉ်ဟာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်ကျရင် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ အဆုံးသတ်မှာပါ။

အမေရိကန်နိုင်ငံမှာ စံချိန်တွေချိုးပြီး ဝက်ဝက်ကွဲ အောင်မြင်ခဲ့သလို ဂီတသမိုင်းတစ်လျှောက် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် ရရှိတဲ့ ပထမဆုံး ဂီတဖျော်ဖြေပွဲ ဖြစ်လာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ သူ့အဖွဲ့သားတွေရဲ့ အားထုတ်ကြိုးပမ်းမှုကြောင့်သာ အခုလို အောင်မြင်ခဲ့တာလို့ မှတ်ယူထားတဲ့ တေလာဆွစ်ဖ်က အကအဖွဲ့သားတွေ၊ စက်သမားတွေ၊ အသံအင်ဂျင်နီယာတွေ၊ အောက်ခြေသိမ်းဝန်ထမ်းတွေအဆုံး တစ်ဖွဲ့လုံးကို ဆုကြေးငွေ ဒေါ်လာ ၅၅ သန်းကျော် ပေးခဲ့ပါတယ်။

The Eras Tour မှာ စက်ကိရိယာတွေ သယ်ဆောင်တဲ့ ထရပ်ကားယာဉ်မောင်း ၅၀ ဝန်းကျင် ရှိတာကြောင့် ယာဉ်မောင်းအဖွဲ့ကို ပေးတဲ့ဆုကြေးငွေ တစ်ခုတည်းတင် ဒေါ်လာ ၅ သန်း ရှိပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။