ဇနီးအတွက် ဧက ၈၀ နေကြာပန်းတစ်ခင်း ပျိုးပေးခဲ့သူ

International News
ဇနီးအတွက် ဧက ၈၀ နေကြာပန်းတစ်ခင်း ပျိုးပေးခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဇနီးအတွက် ဧက ၈၀ နေကြာပန်းတစ်ခင်း ပျိုးပေးခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဇနီးအတွက် ဧက ၈၀ နေကြာပန်းတစ်ခင်း ပျိုးပေးခဲ့သူ

အမေရိကန်နိုင်ငံက တောင်သူတစ်ဦးဟာ မင်္ဂလာသက်တမ်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်မှာ ဇနီးသည်ကို အံ့ဖွယ်လက်ဆောင်အဖြစ် ဧရာမ နေကြာပန်းခင်းကြီး ပျိုးပေးခဲ့ပါတယ်။ ကန်းဆက်ပြည်နယ်မှာ နေထိုင်တဲ့ လီဝီလ်ဆန်ဟာ ဇနီးသည် ရီနီအတွက် ဧက ၈၀ ကျယ်ဝန်းတဲ့ မြေကွက်ပေါ်မှာ နေကြာပင် ၁.၂ သန်း စိုက်ပျိုးပေးခဲ့တာပါ။

ဝီလ်ဆန်ဟာ သားဖြစ်သူရဲ့ အကူအညီယူပြီး ပြီးခဲ့တဲ့မေလကတည်းက နေကြာပန်းခင်းကြီးကို လျှို့ဝှက်စိုက်ပျိုးခဲ့တာပါ။ ” ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ နေကြာပန်းခင်းကြီးထက် ပိုကောင်းတဲ့ ချစ်သက်လက်ဆောင် မရှိနိုင်တော့ပါဘူး” လို့ ရီနီက ဆိုပါတယ်။ နေကြာတွေ ပွင့်ချိန်မှာတော့ ခရီးသည်တွေက ရီနီရဲ့ နေကြာပန်းခင်းထဲလာပြီး ဓာတ်ပုံတွေ လာရိုက်ကြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။