ခုနစ်ရက်သားသမီးများအတွက် 7.8.2023 မှ 13.8.2023ထိတစ်ပတ်စာကံကြမ္မာဟောကိန်း

Astrology
ခုနစ်ရက်သားသမီးများအတွက် 7.8.2023 မှ 13.8.2023ထိတစ်ပတ်စာကံကြမ္မာဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခုနစ်ရက်သားသမီးများအတွက် 7.8.2023 မှ 13.8.2023ထိတစ်ပတ်စာကံကြမ္မာဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခုနစ်ရက်သားသမီးများအတွက် 7.8.2023 မှ 13.8.2023ထိတစ်ပတ်စာကံကြမ္မာဟောကိန်း
တနင်္ဂနွေသားသမီး

အသစ်စတင်ခြင်း၊ ဝန်းကျင်သစ်နှင့် ဆက်ဆံခြင်း၊ ရည်ရွယ်ချက်သစ်များအပေါ်လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းရှိမည်။ စိတ်ကူးသစ်များကို လက်တွေ့ကျကျပုံဖော်ပါ။ အပြိုင်အဆိုင်အနှောင့်အယှက်၊ အတိုက်အခံများအားကျော်လွှားနိုင်မည်။

နှောင်ဖွဲ့မှုအသစ်များနှင့် ထိပ်တိုက်တွေ့ရမည်။ ပြဿနာသစ်များနှင့်ရင်ဆိုင်ရမည်။ လူညစ်၊ လူရှုပ်များနှင့်တွေ့မည်။ ကတိဖျက်သောသူများ၊ စကားမတည်သောသူများနှင့် ဆက်ဆံရသောအနေအထားရှိသည်။ အတိုက်အခံကြားမှ ရသလောက်လမ်းသစ်ထွင်ကာ ရှေ့တိုးဆောင်ရွက်ရမည်။ ငွေကြေးကံကောင်းမည်။ မထင်မှတ်ထားသောလုပ်ငန်းများမှ ငွေဝင်လမ်းပွင့်မည်။ ဥစ္စဓနတိုးပွားမည်။ အလုပ်တိုးတက်မည်။ ပြတ်သားစွာဆုံးဖြတ်ဆောင်ရွက်ပါ။

ယတြာ – ဆီထမင်း ဆွမ်းတော်တင်ပါ။

တနင်္လာသားသမီး

မျှမျှတတအနေအထားနှင့် အရာရာကိုဆောင်ရွက်နိုင်မည်။ အမှုအခင်းများရင်ဆိုင်ရက မိမိဘက်မှအနိုင်ရမည်။ လူညစ်များ၊ လူရှုပ်လူပွေများအပေါ် အနိုင်ရနိုင်သောကာလဖြစ်သည်။ ရပ်ဝေးနှင့်ဆက်သွယ်လုပ်ကိုင်သောကိစ္စများမှ ထူးခြားသောအကျိုးကောင်းများရရှိမည်။ မတော်မတရားစွပ်စွဲတိုက်ခိုက်မှုများနှင်ရင်ဆိုင်ရမည်။ ကိုယ်တိုင်ဖြေရှင်းစရာမလိုဘဲ ကြားလူမှဖော်ထုတ်ဖြေရှင်းသွားလိမ့်မည်။

အပြောင်းအလဲအလုံးစုံတွင် အတိုက်အခံများလွမ်းမိုးနေမည်။ ဖြစ်ပေါ်လာမည့် အကျိုးဆက်ကောင်းများကို လိုက်လံပိတ်ဆို့ခံရမည်။ လက်ဝယ်ပြန်လည်ရရှိထားသော အခွင့်အရေးများကို လိုက်လံလုယက်ယူငင်သူများနှင့်တွေ့မည်။ မိသားစုအိမ်တွင်းရေးအညံ့ကြုံမည်။မကြာခဏစကားများရမည်။

ယတြာ – သစ်သီး (၉) မျိုး ဆွမ်းတော်တင်ပါ။ အိမ်ရှိသော့ကျိုး၊ သော့ပျက်များ စွန့်ပစ်ပါ။

အင်္ဂါသားသမီး

ဆောင်ရွက်နိုင်စွမ်းရှိလျက် ရှေ့တိုးဆောင်ရွက်၍ မရခြင်း၊ မိမိလက်ဝယ်ရရှိထားသောအခွင့်အရေးများ လက်လွတ်ဆုံးရှုံးရခြင်းများကြုံတတ်သည်။ လုပ်ကိုင်တတ်ကျွမ်းစွမ်းအားရှိလျက် လုပ်ငန်းလက်မဲ့ဖြစ်ခြင်း၊ ကပြောင်းကပြန်ဖြစ်အောင်နှောင့်ယှက်တိုက်ခိုက်သူများနှင့်ကြုံမည်။ ဆောင်ရွက်မည့်ကိစ္စမှန်သမျှကို သိုသိုသိပ်သိပ် ဆောင်ရွက်ကာမှ တော်ရုံကျမည်။

ကိုယ့်အပေါ်အသုံးချဒုက္ခပေးသောသူများနှင့်ကြုံမည်။ အများကိစ္စ၊ အဖွဲ့အစည်းကိစ္စများတွင် ကြားဝင်ပတ်သက်ခြင်းကို တတ်အားသမျှရှောင်ပါ။ အလောတကြီးဆောင်ရွက်ခြင်းများလျှော့ပါ။ ငွေကြေးမြောက်မြားစွာ ရင်းနှီးမြှုပ်နှံပြီး ဆောင်ရွက်ရသောလုပ်ငန်းများရှောင်ပါ။ စုပေါင်းတွဲဖက်စပ်တူလုပ်သောလုပ်ငန်းများလုပ်ကိုင်ရန် ကမ်းလှမ်းလာပါက လက်ခံနိုင်သည်။ အမှုအခင်းသတိရှိပါ။ မတော်တဆထိခိုက်မှုများဂရုစိုက်ပါ။

ယတြာ – ဗုဒ္ဓဟူးနေ့တွင် သပြေပန်း ဘုရားကပ်လှူပါ။

ဗုဒ္ဓဟူးသားသမီး

အနှောင့်အယှက်အတိုက်အခံများနှင့်တွေ့မည်။ လုပ်ကိုင်နေသောလုပ်ငန်းအချို့ ရပ်တန့်မည်။ အသစ်ဖြစ်တည်နေသောလုပ်ငန်းများကို အဆင့်ဆင့်လုပ်ကိုင်၍တိုးတက်မှုများရရှိမည်။ ကိုယ့်အပေါ်နားလည်သဘောပေါက်ကောင်းကျိုးပြုသောသူများနှင့် ခေတ္တယာယီဝေးကွာနေရမည်။အပြောင်းအလဲများဖန်တီးနိုင်မည်။

အတိုက်အခံကြားမှတိုးတက်မှုများရှာဖွေရမည်။ သူတစ်ပါးကြောင့် နှောင့်နှေးနေသောကိစ္စများကို ပြေလည်အောင်ဆောင်ရွက်နိုင်မည်။ ချစ်သူခင်သူရင်းနှီးသူများနှင့် ခေတ္တယာယီခွဲခွာရမည်။ ငွေ၊ ပစ္စည်းများ ပျောက်ရှတတ်သည်။ လူလိမ်လူကောက်များ မိမိဝန်းကျင်တွင်ရှိမည်။ စာချုပ်စာတမ်းလက်မှတ်ထိုးခြင်း၊ ငွေကြေးကိစ္စတာဝန်ယူ အာမခံခြင်းရှောင်ပါ။ ကျန်းမာရေးအနည်းငယ်အညံ့ရှိမည်။ မတော်တဆထိခိုက်မှုအန္တရာယ်ဂရုစိုက်ရမည်။

ယတြာ – အလုပ်ကိစ္စများဆောင်ရွက်က ကံ့ကော်ညွှန့်ဆောင်ပါ။

ကြာသပတေးသားသမီး

ကောင်းသောအပြောင်းအလဲနှင့် တိုးတက်မည်။အခွင့်အလမ်းကောင်းများပေါ်ထွန်းမည်။ ရည်မှန်းချက်သစ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်သည်။ ကြားစကားများယုံစားမိ၍ အချင်းချင်းပဋိပက္ခဖြစ်တတ်သည်။ ပြဿနာဟောင်းများဖြေရှင်းရမည်။ ဆက်ဆံခဲ့ဖူးသော မိတ်ဟောင်းများနှင့်ဆက်နွှယ်သောပြဿနာများရင်ဆိုင်ရမည်။

အစွပ်စွဲခံရမည်။ အိမ်တွင်းရေးပဋိပက္ခဖြစ်ခြင်း၊ အိမ်ပူခြင်းများရှိမည်။ ကိုယ့်အပေါ်ဒုက္ခပေးသောသူများကြောင့် စိတ်သောကဖြစ်ရမည်။ ငွေလာရောက်ချေးသူရှိမည်။ ချေးငှားခြင်းမပြုပါနှင့်၊ လက်လွတ်ဆုံးရှုံးတတ်သည်။ တစ်ပါးသူပေးသောကတိအား အလွယ်တကူယုံစားခြင်းမရှိသင့်။ ကိုယ်တိုင်လည်း တစ်ပါးသူအား အလွယ်တကူကတိပေးခြင်းမပြုရ။ ရောင်းမှားဝယ်မှားဖြစ်တတ်သည်။

ယတြာ – တနင်္ဂနွေနေ့တွင် ညောင်ပင်အစရှိသည့် သစ်ပင်ကြီးအောက်တွင် သန့်ရှင်းရေးပြုလုပ်ပါ။

သောကြာသားသမီး

မှန်းစသည်တစ်မျိုးလက်တွေ့တစ်မျိုးဖြစ်မည်။ စီစဉ်ထားသည့်ကိစ္စများ နောက်ဆုံးအခြေအနေရောက်မှ တလွဲတချော်ဖြစ်မည်။ သစ္စာမဲ့သောသူများနှင့်တွေ့မည်။ အတွင်းလူဒုက္ခပေးမှုကြောင့် ပြဿနာဖြစ်တတ်သည်။ ပူးပေါင်းလုပ်သောသူကသစ္စာဖောက်ချောက်ချမည်။ ယုံယုံကြည်ကြည်နှင့်လွှဲအပ်ထားသောသူမှ ငွေကြေးအလွဲသုံးစားလုပ်ခြင်း၊ နာမည်အလွဲသုံးစားလုပ်ခြင်းပြုလိမ့်မည်။

မိမိအမည်ကိုအသုံးချ၍ ကိုယ်ကျိုးရှာအမြတ်ထုတ်ကြလိမ့်မည်။ ငွေချေးကဆုံးမည်။ အလိုက်မသိသော၊ စည်းကမ်းမဲ့သောဧည့်သည်များ အိမ်သို့ရောက်လာတတ်သည်။ ၎င်းဧည့်သည်ကြောင့် အိမ်ပူစိတ်ရှုပ်ရမည်။ မိဘအကြီးအကဲကျန်းမာရေးအနည်းငယ်အညံ့ရှိသည်။ လျှပ်စစ်မီးအန္တရာယ်သတိရှိပါ။ဓာတ်လိုက်တတ်သည်။

ယတြာ – စာသင်ကျောင်းတွင် ပရိဘောဂဒါနပြုပါ။

စနေသားသမီးများ

ကိုယ်ပိုင်အစွမ်းအစကိုအသုံးချ၍ တိုးတက်မှုများရှာဖွေရမည်။ ရုတ်တရက်ဆုံးဖြတ်ပြီး ရှေ့တိုးလုပ်ကိုင်သောလုပ်ငန်းများမှ ထူးခြားသောတိုးတက်မှုများရရှိမည်။ ပြဿနာအနှောင့်အယှက်များ အေးငြိမ်းသွားမည်။ အဆင်ပြေခြင်း၊ တိုးတက်ခြင်းနှင့် အလိုပြည့်စုံခြင်းရှိမည်။ တစ်ပြိုင်နက်တည်းလုပ်ငန်းနှစ်မျိုးဆောင်ရွက်နိုင်မည်။

ကိုယ်ရေးကိုယ်တာကိစ္စ၊ မိသားစုကိစ္စများကို အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်မည်။ အကြီးအကဲများထံမှ အထောက်အကူကောင်းများရရှိမည်။ နာမည်ဂုဏ်သတင်းကျော်ကြားမည်။ လူသိထင်ရှားဖြစ်မည်။ အညံ့အဆိုးမှန်သမျှထိုးဖောက်၍ အောင်မြင်အောင်ဆောင်ရွက်နိုင်မည်။ မျက်နှာပွင့်မည်။ စန်းကောင်းမည်။ သွားလေရာ ရောက်လေရာ ကူညီသူမိတ်ဆွေပေါမည်။

ယတြာ – သောကြာနေ့တွင် သီဟိုဋ်ညွှန့် (၇) ညွှန့် ဘုရားပန်းကပ်လှူပါ။

ရေးသားသူ –ဆရာမရွှေရုပ်လွှာအကြားအမြင် ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။