ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အစိမ်းရောင် ဖျော်ရည်

Health Knowledge
ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အစိမ်းရောင် ဖျော်ရည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အစိမ်းရောင် ဖျော်ရည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အစိမ်းရောင် ဖျော်ရည်


ဒီတစ်ခါဖော်ပြပေးမှာကတော့ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင် မြန်မာဆေးနည်းဖြစ်ပါတယ်။ ဒီဆေးနည်းမှာပါဝင်တဲ့ ပစ္စည်းတွေကလည်း အစိမ်းရောင်အသီးအနှံတွေဖြစ်လို့ ကျွန်တော်ပတ်ဝန်းကျင်မှာ အလွယ်တစ်ကူပဲရှိနေပါတယ်။

လူကို ဘေးထွက်ဆိုးကျိူးမရှိသလို ကျန်းမာရေးကိုလည်းအထောက်အကူဖြစ်စေတာကြောင့် အခုလိုပဲ မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ – သခွားသီး တစ်လုံး၊ တရုပ် နံနံပင် ၃ ချောင်း၊ ပန်းဂေါ်ဖီ အစိမ်းသေး ၂ ပွင့် တို့ပဲဖြစ်ပါတယ်။

ပြုလုပ်ပုံ– သခွားသီးနဲ့ တရုပ် နံနံပင်တို့ကို အရွယ်တော်လေးတွေလှီးထားပါမယ်။

အဲ့နောက်မှာတော့ ပန်းဂေါ်ဖီပွင့်ကို နွှင်ထားရပါမယ်။ပြီးရင်တော့ ဖျော်စက်ထဲမှာအသီးတွေကို တစ်မျိူးစီ ထည့်ကြိတ်ရပါမယ်။ပြီးရင်တော့ ရလာတဲ့ ဖျော်ရည်ကို သောက်သုံးနိုင်ပါပြီ။ အစိမ်းရောင် ဖျော်ရည်ထဲမှာပါဝင်တဲ့ အသီးအနှံ ၃ မျိူးဟာ အဆိအတောက်တွေကို ဖယ်ရှားပေးနိုင်သလို ကုန်ဆုံးသွားတဲ့ရေဓါတ်ကိုလည်း ပြန်လည်ဖြည့်တင်းပေးပါတယ်။

တရုပ် နံနံ ကတော့ ခန္ဓာကိုယ် ဖောသွပ်ခြင်းကို လျော့ပါးစေနိုင်ပါတယ်။ ဒါ့အပြင် အယ်ကိုဟောလ် ဓါတ်ကြောင့် ခန္ဓာကိုယ်အတွင်း အချဉ်ပေါက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းကတော့ အူမကြီးကို သန့်စင်ပေးပြီး အသည်းကိုလည်း အားကောင်းစေပါတယ်။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။