ဗုဒ္ဓဟူးသားသမီးများအတွက်ဇနက္ကဟောကိန်း

Astrology
ဗုဒ္ဓဟူးသားသမီးများအတွက်ဇနက္ကဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဗုဒ္ဓဟူးသားသမီးများအတွက်ဇနက္ကဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးသားသမီးများအတွက်ဇနက္ကဟောကိန်း

ကျွန်တော်တို့အဘ၀ိဇ္ဇာဒေါက်တာမင်းသိင်္ခရဲ့ ဗုဒ္ဓဟူးသားသမီးများအတွက် “ဇနက္ကဟောကိန်း”မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

“တည်”ဆိုတာက သင်္ဘောတည်ဆောက်တာကို ပြောတာပါ။ လုပ်ငန်းတွေအတွက် ကြံစည်ဆဲ၊ လုပ်ငန်းတွေအစပြုဆဲ အခြေအနေကို ရောက်နေတယ်လို့ဟောတာပါ ။ လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံဖို့ ငွေကြေးရှာဖွေရာမှာ လွယ်ကူလိမ့်မယ်။ လုပ်ငန်းအကြံအစည်အောင်မယ်။ အလုပ်ရှာနေရင် အလုပ်ရမယ်။ အလုပ်လျှောက်ထားရင် အလုပ်ရမယ်။ အမှုကိစ္စတွေ၊ အလုပ်တွေများမယ်။ ငွေဝင်များသလို ငွေထွက်လည်းများမယ်။

“ထွက်”ဆိုတာက ဇမ္ဗနဂိုရ်ပြည်က သင်္ဘောစထွက်တာကို ပြောတာပါ။ ကောင်းမွန်တဲ့ မိတ်ဆွေသစ် တိုးမယ်။ စပ်တူရှယ်ရာလုပ်ငန်းတွေလုပ်ရမယ့် အချိန်ကောင်းပါပဲ။ ပြည်ပခရီး၊ ပြည်တွင်းခရီးတွေ သွားရမယ်။ နိုင်ငံခြားနဲ့ ကုန်သွယ်မှုလုပ်ငန်းတွေ အောင်မြင်မယ်။

“ပျက်” ဆိုတာကတော့ သင်္ဘောပျက်တာကို ပြောတာပါ။ ကံဇာတာညံ့တဲ့အချိန်ပါပဲ။ စီးပွားရေးကျဆင်းမယ်။ သူများမကောင်းကြံတာကို ခံရလိမ့်မယ်။ မတော်တဆထိခိုက်မှု အသေးအဖွဲလေးတွေကြုံရတတ်သလို သေကောင်ပေါင်းလဲ ရောဂါဝေဒနာတွေလည်း ဖြစ်တတ်ပါတယ်။ ရာထူးလုပ်ငန်းကို နှောင့်ယှက်မယ့်သူတွေ ပေါ်လာလိမ့်မယ်။ အိမ်ထောင်ရေးကိုတော့ အထူးသတိထားပါ။

“ကျောက်”က မေခလာနတ်သမီးက ကျောက်ဖျာထက်မှာ တင်ထားပေးတဲ့ကိန်း ဆိုက်ပြီ ကံကောင်းပြီလို့ ဟောတာပါ။ မမျှော်လင့်ဘဲကူညီမယ့်သူတွေပေါ်လာမယ်။ အောင်ဘာလေ သိန်းထီဆုကြီး ပေါက်မယ်။ မကျန်းမမာဖြစ်နေရင်တော့ ပြန်ပြီးကျန်းမာလာမယ်။ ဆေးကောင်း၊ ဆရာကောင်းတွေ့မယ်လို့ ဟောပါ။ ကျဆင်းနေတဲ့စီးပွားရေး ပြန်တက်လာမယ်။ ပညာရေးလည်း ကောင်းတယ်။ အိမ်ထောင်ကျရင်တော့ အိမ်ထောင်ဖက်ကောင်းနဲ့ တွေ့မယ်။ အကြံအစည်တွေ အောင်မြင်မယ်။

“ထီး”ထီးဖြူဆောင်းတဲ့ကိန်းပါ။ နာမည်ကျော်ကြားထင်ရှားမယ်။ ကောင်းသတင်းနဲ့ ကျော်ကြားတာ မျိုးပါ။ ဆုလာဘ်တွေရမယ်။ ဘွဲ့ထူးဂုဏ်ထူးတွေရမယ်။ စာမေးပွဲဖြေထားရင်တော့ စာမေးပွဲအောင် ၊ ရာထူးတိုးမယ်။ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ရမယ်။ အိမ်သစ်ဆောက်ကိန်း၊ အိမ်သစ်ရကိန်းတွေပေါ်လာ မယ်။

“နန်း”ကတော့ နန်းအပ်ခံရတဲ့ကိန်းပါ။ ကံဇာတာကောင်းပြီလို့ ဟောတာပါ။ ရာထူးတိုးမယ်။ စီးပွားဖြစ်ထွန်းမယ်။ အမွေအနှစ်တွေရမယ်။ အပြိုင်အဆိုင်တွေမှာနိုင်မယ်။ အိမ်ထောင်ကျကိန်းရှိတယ်။ အိမ်ထောင်ကျရင်လည်း ကောင်းတယ်။ အလှူပြုလုပ်ရမယ်။

“စံ” ကတော့ မင်းစည်းစိမ်ကို ခံယူရတဲ့ကိန်းပါ။ ဘေးအန္တရာယ်တွေကင်းပြီး စုတ်ကြီး လာဘ်ကြီးတွေက်ထိ ဝင်မယ်။ လုပ်ငန်းတွေ တိုးတက်မယ်။ ကြီးမားတဲ့ ရာထူးတွေရမယ်။ သိုလှောင်ပစ္စည်းတွေက အကျိုးအမြတ် တွေရမယ်။ အခြွေအရံ၊ မိတ်ဆွေအပေါင်းအသင်းတိုးမယ်။ ငွေကြေးစုမိဆောင်းမိမယ်။

အဲဒါတွေက “ဇနက္ကဟောကိန်း” တွေပါ။ ဒီမှာတစ်ခု မရှင်းလိုမေးချင်တာရှိလိမ့်မယ်။ ဗုဒ္ဓဟူးသားသမီး ၃၃ နှစ်ဆိုရင် ‘ထွက်‘ ကိုယူရမှာလား။ ‘တည်‘ယူရမှာလား မေးစရာဖြစ်နေပါတယ်။ ။ ‘တည်‘ ယူရပါတယ်။ ဗုဒ္ဓဟူးသားသမီးအတွက် ဇနက္ကဟောကိန်းချထားတဲ့ ဇယားမှာကြည့်လိုက်ပါ။ ရှင်းပါတယ်။ ဗုဒ္ဓဟူးသားသမီး ၅၁နှစ်ဆိုရင် “ပျက်” ကိုယူပါ။ ဒီလိုပဲ ဗုဒ္ဓဟူးသားသမီး ၆၇ နှစ်ဆိုရင် “ကျောက်” ယူပါ။ ဗုဒ္ဓဟူးသားသမီး ၂၉နှစ်ဆိုရင် “နန်း” ကိုယူပါ။ ဒီလောက်ဆိုရင် ရှင်းလောက်ပါပြီ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။