၇ နှစ်ကြာ မိသားစုမွေးနေ့နံပါတ်တွေနဲ့ ထီကံစမ်းလာခဲ့တဲ့ အမျိုးသား ဒေါ်လာ ၃၉၀၀၀၀ထီဆုကြီးပေါက်ခဲ့ပြီ

International News
၇ နှစ်ကြာ မိသားစုမွေးနေ့နံပါတ်တွေနဲ့ ထီကံစမ်းလာခဲ့တဲ့ အမျိုးသား ဒေါ်လာ ၃၉၀၀၀၀ထီဆုကြီးပေါက်ခဲ့ပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၇ နှစ်ကြာ မိသားစုမွေးနေ့နံပါတ်တွေနဲ့ ထီကံစမ်းလာခဲ့တဲ့ အမျိုးသား ဒေါ်လာ ၃၉၀၀၀၀ထီဆုကြီးပေါက်ခဲ့ပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၇ နှစ်ကြာ မိသားစုမွေးနေ့နံပါတ်တွေနဲ့ ထီကံစမ်းလာခဲ့တဲ့ အမျိုးသား ဒေါ်လာ ၃၉၀၀၀၀ထီဆုကြီးပေါက်ခဲ့ပြီ


အမျိုးသားတစ်ဦးက သူ့မိသားစုမွေးနေ့နံပါတ်တွေနဲ့ ထီကံစမ်းလာခဲ့တာ နှစ်တော်တော်ကြာခဲ့ပါပြီ။ နောက်ဆုံးတော့ သူဟာ သောကြာနေ့ကထွက်တဲ့ထီမှာ ကံထူးရှင်ဖြစ်သွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံက ပေါလ် ကာဒီလ်ဆိုတဲ့ အဲဒီအမျိုးသားက သူ့မိသားစုမွေးနေ့နံပါတ်တွေကိုပဲ ၇ နှစ်လုံးလုံး ထီကံစမ်းလာခဲ့တာပါ။

ပြီးခဲ့တဲ့သောကြာနေ့က ထွက်တဲ့ “Lucky for Life” ထီမှာ ပေါလ်က တစ်သက်တာအတွက် တစ်နှစ်ကို ဒေါ်လာ ၂၅၀၀၀ ရရှိတဲ့ ထီဆုကိုကံထူးခဲ့တာပါ။ သူ ထီပေါက်တော့ သူ မယုံကြည်နိုင်ဖြစ်ခဲ့ရပါတယ်။ သူ တစ်ညလုံးတောင် အိပ်မပျော်နိုင်ခဲ့ပါဘူး။ သူဟာ West Mountain Street မှာရှိတဲ့ 1 Stop ဆိုင်ကနေ ၂ ဒေါ်လာတန်ထီလက်မှတ်ကို ဝယ်ယူခဲ့တာပါ။

သူ့ထီလက်မှတ်က အဖြူရောင်ဘောလုံး ၅ ခုလုံးက နံပါတ်တွေနဲ့ ကိုက်ညီပြီး ဒီဆုကြီး ကံထူးသွားခဲ့တာပါ။ ပေါလ်အပြင် နောက်ထပ် ဒီဆုကြီး ကံထူးတဲ့အခြားတစ်ယောက်လည်းရှိပါတယ်။ ပေါလ်က တနင်္လာနေ့မှာ ထီဆုကို လာရောက်ထုတ်ယူခဲ့ပြီး တစ်သက်တာအတွက် တစ်နှစ်ကို ဒေါ်လာ ၂၅၀၀၀ ယူမလား (ဒါမှမဟုတ်) တစ်ခါတည်းနဲ့ ဒေါ်လာ ၃၉၀၀၀၀ ယူမလားဆိုတာ ရွေးချယ်ခဲ့ရပါတယ်။

သူက တစ်ခါတည်းနဲ့ ဒေါ်လာ ၃၉၀၀၀၀ ကို ယူဖို့ ရွေးချယ်ခဲ့ပြီး အခွန်ဆောင်အပြီးမှာ ထီဆုငွေ ဒေါ်လာ ၂၇၇၈၇၉ ရရှိခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။