thayကံမရောက် သက်မပျောက်ခဲ့သူ

International News
thayကံမရောက် သက်မပျောက်ခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ thayကံမရောက် သက်မပျောက်ခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

thayကံမရောက် သက်မပျောက်ခဲ့သူ

ခရိုအေးရှားအမျိုးသား ဖရာနိုဆီလက်ဟာ thayဘေးနဲ့ ၇ ကြိမ်တိုင်တိုင် ကြုံခဲ့ပေမဲ့ အသက်ဘေးက လွတ်မြောက်ခဲ့သူပါ။ ၁၉၆၂ ခုနှစ်မှာ သူ စီးလာတဲ့ရထား လမ်းချော်ပြီး ရေခဲမြစ်ထဲ ထိုးကျခဲ့လို့ ခရီးသည် ၁၇ ယောက် ရေနစ်thayဆုံးခဲ့ပေမဲ့ သူကတော့ အသက်ရှင်ခဲ့ပါတယ်။

နောက်တစ်နှစ်အကြာမှာ သူ စီးလာတဲ့လေယာဉ် ပျက်ကျပြီး တခြားခရီးသည် ၁၉ ယောက် thayခဲ့ပေမဲ့ သူကတော့ လေယာဉ်တံခါးပေါက်ကနေ ကောက်ရိုးပုံပေါ်ကို ပြုတ်ကျခဲ့လို့ အသက်ဘေးက လွတ်မြောက်ခဲ့ပြန်ပါတယ်။

၁၉၆၆ ခုနှစ်မှာ သူ စီးလာတဲ့ ဘတ်စ်ကား လမ်းချော်ပြီး မြစ်ထဲထိုးကျခဲ့လို့ တခြားသူ ၄ ယောက် thayဆုံးခဲ့ပေမဲ့ သူ အသက်ရှင်ခဲ့ပါတယ်။ နောက် ၄ နှစ်ကြာတော့ သူ့ကား မီးလောင်ခဲ့ပြီး ဆီတိုင်ကီ မပေါက်ကွဲခင် ကားထဲက ထွက်ပြေးနိုင်ခဲ့လို့ thayခြင်းတရားကို ရှောင်လွှဲနိုင်ခဲ့ပြန်ပါတယ်။

၅ ကြိမ်မြောက်မှာတော့ ဆီဖြည့်နေတုန်း ကားမီးလောင်ပြီး သူ့ဆံပင်တွေ မီးထဲပါသွားခဲ့ပေမဲ့ အသက်မthayခဲ့ပါဘူး။

၁၉၉၅ ခုနှစ်က ဇာဂရက်မြို့မှာ ဘတ်စ်ကားတိုက်ခံရပေမဲ့ ပွန်းပဲ့ဒဏ်ရာလေးတောင် မရဘဲ လွတ်မြောက်ခဲ့ပါဘူး။ နောက်တစ်နှစ်အကြာမှာတော့ တောင်ပေါ်မှာ ကားမောင်းနေတုန်း အကွေ့တစ်နေရာမှာ UN ရဲ့ ထရပ်ကားတစ်စီးနဲ့ တိုက်မိမလိုဖြစ်လို့ ကားကို ဆွဲကွေ့လိုက်ရာမှာ တောင်စောင်းပေါ်က ကားပြုတ်ကျသွားခဲ့ပေမဲ့ ဆီလက်က အချိန်မီ ခုန်ဆင်းနိုင်ခဲ့လို့ အသက်ရှင်ခဲ့ပြန်ပါတယ်။

thayဘေး ၇ ကြိမ်ကနေ လွတ်မြောက်ခဲ့ပြီးနောက်မှာတော့ ဆီလက်က သူ့ဘဝမှာ ပထမဆုံးအကြိမ် ထီထိုးခဲ့ပြီး ပေါင် ၆ သိန်းဆု ထီပေါက်ခဲ့ပါတယ်။ ထီပေါက်ချိန်မှာ အသက် ၇၆ နှစ်အရွယ် ရှိပါပြီ။

သူဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာတော့ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၈၇ နှစ်အရွယ် ရှိပါပြီ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။