သူငယ်ချင်းဇေယျာသော်အတွက် ဘဝမှာ စင်ပေါ်မှာဒုတိယအကြိမ် မျက်ရည်ကျခဲ့ရတယ်ဆိုတဲ့ ရန်ရန်ချမ်း

Celebrity Local News
သူငယ်ချင်းဇေယျာသော်အတွက် ဘဝမှာ စင်ပေါ်မှာဒုတိယအကြိမ် မျက်ရည်ကျခဲ့ရတယ်ဆိုတဲ့ ရန်ရန်ချမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူငယ်ချင်းဇေယျာသော်အတွက် ဘဝမှာ စင်ပေါ်မှာဒုတိယအကြိမ် မျက်ရည်ကျခဲ့ရတယ်ဆိုတဲ့ ရန်ရန်ချမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူငယ်ချင်းဇေယျာသော်အတွက် ဘဝမှာ စင်ပေါ်မှာဒုတိယအကြိမ် မျက်ရည်ကျခဲ့ရတယ်ဆိုတဲ့ ရန်ရန်ချမ်း

ပရိသတ်ကြီးရေ… ACID အဖွဲ့ကတော့ (၂၀၀၀) ခုနှစ်ပတ်ဝန်းကျင်တွေမှာ ပရိသတ် တွေရဲ့အားပေးမှုကိုတခဲနက်ရရှိခဲ့တဲ့ Hip Hop အဖွဲ့ပဲ ဖြစ်ပါတယ်။ ACID အဖွဲ့ဟာ အခုဆိုရင် အဖွဲ့ဝင် နှစ် ယောက်သာကျန်ရစ်တော့တာဖြစ်ပြီး အနဂ္ဂက လူမှုကွန် ယက်စာမျက်နှာကနေရော ပရိသတ်တွေရှေ့ကနေပါပျောက်ကွယ်နေတာဖြစ်ပြီး လက်ရှိမှာတော့ ရန်ရန်ချမ်း တစ်ယောက်တည်းကသာ ACID ကိုယ်စား သီချင်းတွေ ဆိုရင်း မြန်မာနိုင်ငံအတွက် ရန်ပုံငွေရှာဖွေပေးနေတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ (၁၉) ရက်နေ့မှာတော့ ရန်ရန်ချမ်းက အမေရိကန်နိုင်ငံ New York မြို့က NYCBC ဆိုတဲ့ ရန်ပုံငွေပွဲမှာ သီချင်းဆိုဖျော်ဖြေပေးခဲ့ပါတယ်။ အဆိုပါ ပွဲမှာ ရန်ရန်ချမ်းက သူငယ်ချင်း ဇေယျာသော်ကို သတိရ ရင်း ဝမ်းနည်းမျက်ရည်ကျခဲ့ရကြောင်း “ကျွန်တော့်ဘဝ မှာစင်ပေါ်မှာမျက်ရည်ကြတာဒီတစ်ခါနဲ့ဆိုနှစ်ခါရှိပြီတစ်ခါကဟိန်းဇော်အတွက် တစ်ခါကခင်ဗျားတို့ရဲ့မောင် ကျော်အတွက်” ဆိုပြီး ပြောလာပါတယ်။

ရန်ရန်ချမ်းကတော့ သူငယ်ချင်း ဇေယျာသော်အတွက်နဲ့ ဘဝမှာ စင်ပေါ်ဒုတိယအကြိမ် မျက်ရည်ကျခဲ့ရတယ်ဆို ပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးကလည်း ဇေယျာသော်ကို အောက်မေ့သတိရမိကြမယ်ထင်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။