ခြေချိတ်ပြီး ထိုင်တာကို ရှောင်ကျဉ်သင့်လား

Health Knowledge
ခြေချိတ်ပြီး ထိုင်တာကို ရှောင်ကျဉ်သင့်လား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခြေချိတ်ပြီး ထိုင်တာကို ရှောင်ကျဉ်သင့်လား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခြေချိတ်ပြီး ထိုင်တာကို ရှောင်ကျဉ်သင့်လား

ထိုင်တဲ့အနေအထားကို သင် သေချာဂရုပြုမိဖူးလား။ ကျွန်တော်တို့အများစုက အဆင်ပြေသလို၊ သက်တောင့်သက်သာရှိသလို ထိုင်ကြပါတယ်။ အများဆုံးထိုင်ဖြစ်တဲ့ပုံစံက ခြေချိတ်ထိုင်တာပါ။ ခြေချိတ်ထိုင်တာက သက်တောင့်သက်သာရှိတဲ့ အနေအထားပါပဲ။ သင့်အနီးနားက လူတွေကို ကြည့်လိုက်ရင်လည်း အဲဒီလိုအနေအထားမျိုးထိုင်တာကို တွေ့ရမှာပါ။ အဲဒီလိုထိုင်တတ်တဲ့ အလေ့အထကို မကောင်းတဲ့အရာအဖြစ် မှတ်ယူပြီး တချို့လူတွေက ဖယ်ရှားပစ်ဖို့ ကြိုးစားနေကြပါတယ်။ ခြေချိတ်ထိုင်တာက ကောင်းတဲ့အကျင့်လား၊ မကောင်းတဲ့ အကျင့်လားဆိုတာကို သိချင်ရင် အောက်မှာ ဖတ်ရှုကြည့်ပါနော်။

ခြေချိတ်ထိုင်တာက အန္တရာယ်ဖြစ်စေလား

ခြေချိတ်ထိုင်တာက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ခြေချိတ်ထိုင်တာက သွေးဖိအားကို တိုးလာစေပြီး ဒူးပြဿနာနဲ့ ခြေကျင်တာတွေတော့ ဖြစ်လာနိုင်ပါတယ်။ မွေးဖွားခြင်းနဲ့ပတ်သက်ပြီး ပြဿနာရှိနိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်သည်တွေကိုလည်း အဲဒီလိုထိုင်တာကို ရှောင်ခိုင်းထားပါတယ်။ တချို့အချက်တွေက မှန်ပေမယ့် တချို့အချက်တွေကတော့ ယုံတမ်းစကားတွေပါပဲ။ အဲဒါတွေရဲ့အမှန်တရားကို ရှာဖွေကြည့်ရအောင်…။

သွေးဖိအားများတာ

Journal of Clinical Nursing နဲ့ Journal of Hypertension မှာ ပါရှိတဲ့ လေ့လာချက် (၂) ခုမှာ ဒူးပေါ် ခြေချိတ်ထိုင်တာက သွေးဖိအားကို နည်းနည်းတိုးလာစေနိုင်တယ်လို့ ဆိုပါတယ်။ ပထမဂျာနယ်က လေ့လာချက်အရ စမ်းသပ်ချက်မှာပါဝင်တဲ့သူတွေက ခြေချိတ်လိုက်တဲ့အခါမှာ သွေးဖိအားမှာ နည်းနည်းပြောင်းသွားတာရှိပါတယ်။ ဒါပေမဲ့ ခြေချင်းဝတ်မှာ ခြေချိတ်တာကတော့ ပြောင်းလဲမှုမတွေ့ရဘူးလို့ ဆိုပါတယ်။ သွေးဖိအားပြောင်းလဲမှုက ယာယီဖြစ်တယ်ဆိုတာကိုတော့ မှတ်သားထားသင့်ပါတယ်။

သွေးကြောထုံးတာ

ဟိုအရင်ကတည်းက ခြေချိတ်ထိုင်တာဟာ သွေးကြောထုံးလာစေတယ်လို့ ယုံကြည်ထားကြတာပါ။ ဒါပေမဲ့ ဒါက မမှန်ပါဘူး။ သွေးကြောထဲက အဆို့ရှင်အတွင်း ရှုပ်ထွေးမှုတချို့ရှိလာပြီး နှလုံးဆီကို သွေးတွေ စုပ်ထုတ်ဖို့ ပိုပြီးအလုပ်လုပ်ရတဲ့အခါ သွေးကြောထုံးတာဖြစ်လာရတာပါ။ အဲဒီအခြေအနေမှာ သွေးတွေစုဆောင်းရပြီး သွေးကြောထဲမှာ အဖုထွက်ပြီး ဖောင်းလာရပါတယ်။ ခြေချိတ်ထိုင်လို့ ဖြစ်ရတာမဟုတ်ပါဘူး။ အချိန်အကြာကြီးထိုင်တဲ့သူရော၊ မတ်တပ်ရပ်ရတဲ့သူရောပါ သွေးကြောထုံးခြင်း ဖြစ်လာနိုင်ချေရှိပါတယ်။ သွေးကြောထုံးတာက ထိုင်တဲ့အနေအထားနဲ့ မဆိုင်ပါဘူး။

ကိုယ်ဝန်ဆောင်သည်

ထိုင်တဲ့အနေအထားက ကိုယ်ဝန်ဆောင်သည်တွေမှာတောင် ပြင်းထန်တဲ့ သက်ရောက်မှုမျိုးမရှိပါဘူး။ သေချာတာက ဗိုက်ထဲက ကလေးကို မထိခိုက်စေပါဘူး။ ဒါပေမဲ့ ခြေချင်းဝတ်နာကျင်တာ၊ ကြွက်သားတောင့်တင်းတာ၊ နောက်ကျောနာတာတွေတော့ နည်းနည်းကြုံတွေ့ရကောင်းရနိုင်ပါတယ်။

ဒူးနဲ့အဆစ်အမြစ်နာတာ


ဒူးနာတာက လေးဖက်နာ၊ ထိခိုက်မိတာလို အကြောင်းအရင်း တော်တော်များများကြောင့် ဖြစ်နိုင်ပါတယ်။ ခြေချိတ်ထိုင်တာကြောင့် ဖြစ်တာတော့ ရှားပါတယ်။ ဒူးနာတာ၊ အဆစ်အမြစ်နာလေ့ရှိတဲ့သူတွေက အချိန်အကြာကြီး အနေအထားတစ်မျိုးတည်းနဲ့ထိုင်ရင် အခြေအနေကို ပိုဆိုးရွားစေပါတယ်။

ခြေချိတ်ထိုင်တတ်တဲ့ အကျင့်ကြီးကို ဖျောက်ချင်တယ်ဆိုရင်တော့ ခြေချိတ်မထိုင်မိအောင် ကြိုးစားကြည့်ပါ။ အစမှာတော့ ဒီအလေ့အထကို စွန့်လွှတ်ဖို့ဆိုတာ ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ အားမလျော့ပါနဲ့။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။