တိုက်ရိုက်ထုတ်လွှင့်နေစဉ် သတင်းထောက်က သတင်းကြေညာသူချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ အခိုက်အတန့်(ရုပ်/သံ)

International News
တိုက်ရိုက်ထုတ်လွှင့်နေစဉ် သတင်းထောက်က သတင်းကြေညာသူချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ အခိုက်အတန့်(ရုပ်/သံ)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တိုက်ရိုက်ထုတ်လွှင့်နေစဉ် သတင်းထောက်က သတင်းကြေညာသူချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ အခိုက်အတန့် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တိုက်ရိုက်ထုတ်လွှင့်နေစဉ် သတင်းထောက်က သတင်းကြေညာသူချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ အခိုက်အတန့်

အမေရိကန်နိုင်ငံ၊ တင်နက်ဆီပြည်နယ်က တီဗီသတင်းချန်နယ်တစ်ခုမှာ တိုက်ရိုက်ထုတ်လွှင့်ရင်း ကြည်နူးစရာအခိုက်အတန့်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒါက အင်တာနက်အသုံးပြုသူတွေကို အံ့အားသင့်သွားစေခဲ့ပါတယ်။အဲဒါကတော့ အမေရိကန်သတင်းထောက်က သတင်းကြေညာသူချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ကြည်နူးစရာအခိုက်အတန့်လေးပါ။

WRCB-TV ရဲ့သတင်းကြေညာသူ ကော်နယ်လီယာ နက်ကိုဆန်ဟာ ခါတိုင်းလို သတင်းတစ်ပုဒ်ကို ကြေညာနေစဉ်မှာ သူ့ချစ်သူ သတင်းထောက်က ပန်းစည်းနဲ့လက်စွပ်ကို ကိုင်ပြီးတော့ သူ့ရှိရာကို လျှောက်လာခဲ့တာပါ။ ဒူးတစ်ဖက်ထောက်ပြီး သူ့ကို လက်ထပ်ပါလို့ တောင်းဆိုခဲ့ပါတယ်။ ကော်နယ်လီယာကလည်း ဝမ်းသာပီတိမျက်ရည်တွေနဲ့ “လက်ထပ်မယ်”လို့ ပြန်ဖြေခဲ့တာပါ။

လက်ထပ်ခွင့်တောင်းတဲ့ဗီဒီယိုက အင်စတာဂရမ်မှာ ပျံ့နှံ့သွားခဲ့တာပါ။ သတင်းကြေညာသူကောင်မလေးက တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း ချစ်သူကောင်လေးဆီက လက်ထပ်ခွင့်တောင်းခံလိုက်ရတဲ့အတွက် သူ့ဘဝမှာ အကြီးမားဆုံးအံ့အားသင့်မှုကို ရရှိလိုက်တာပါ။

ဗီဒီယိုကြည့်ရှုရန် – https://www.youtube.com/watch?v=fCnZ8-HCGW8

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။