နိမိတ်ပြသော…အမွှေးတိုင်လေးများအကြောင်း…

Astrology
နိမိတ်ပြသော…အမွှေးတိုင်လေးများအကြောင်း…

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နိမိတ်ပြသော…အမွှေးတိုင်လေးများအကြောင်း… ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နိမိတ်ပြသော…အမွှေးတိုင်လေးများအကြောင်း…

အကြောင်းအမျိုးမျိုးကြောင့် မိမိလုပ်ငန်းနဲ့ ပတ်သက်တာ အောင်မြင်မလား မအောင်မြင်ဘူးလား အရေးပေါ် သိချင်ရင် အဓိဌါန်ကြည့်ပါ။

၁။ပထမဦးစွာ မြတ်စွာဘုရားကို ပန်းရေချမ်း ဆီမီးကပ်လှုပါ။ ထို့နောက်ငါးပါးသီလခံပါ။ မိမိကြိုက်နှစ်သက်ရာ ဂါထာကို ပုတီးတစ်ပတ်စိတ်ပါ ။ ထို့နောက် အမျှဝေ ဆုတောင်းပါ။ ထို့နောက် ဘုရားရှေ့တွင်ထို ပြုလုပ်ရသော ကုသိုလ်ကောင်းမှုကြောင့် ယခုထွန်းညှိုပူဇော်မည့် အမွှေးတိုင်တွင် နိမိတ်ပြပါစေဟု ဆိုကာ ဆုတောင်းထွန်းညှို ပူဇော်ပါ။

၂။ အမွှေးတိုင်၏ ကျန်သောပြာက ဖြောင့်တန်းနေရင်… လုပ်ထားတဲ့လုပ်ငန်း အောင်မြင်မည် ။

၃။ပြာတွေက ၀လုံးပုံလေးတွေ ပေါ်နေရင်… အောင်မြင်မည် ။ကူညီမဲ့သူလည်းရှိတယ် ငွေရမယ်။

၄။ထွန်းနေရင်း ငြိမ်းသွားရင်… ယိုင်သွားရင်…. လုပ်ထားတာတွေ ပျက်သွားပြီ မအောင်မြင်တော့ပါ။

၅။မငြိမ်သက်ပဲလောင်ပြီး ကုန်သွားရင်…. ကြာမှအောင်မြင်မယ် ။စိတ်ရှည်ရှည်ထား ရမယ် ။

အားလုံးပဲ အမွှေးတိုင်မှ ပြသောနိမိတ်လေးကြောင့် အောင်မြင်ချမ်းသာမှု ကောင်းဆိုးကို သိရှိနိုင်ကြပါစေ။သင်ဆရာ…မြင်ဆရာ…ကြားဆရာများ… အားလုံးကို… အစဉ်ဦးညွှတ်ကန်တော့လျက်…

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။