စွန့်ပစ် vape ဘက်ထရီ ၈၀ ကိုသုံးပြီး အီလက်ထရောနစ်စကူတာ ထွင်ခဲ့တဲ့ လူငယ်

International News Tech
စွန့်ပစ် vape ဘက်ထရီ ၈၀ ကိုသုံးပြီး အီလက်ထရောနစ်စကူတာ ထွင်ခဲ့တဲ့ လူငယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စွန့်ပစ် vape ဘက်ထရီ ၈၀ ကိုသုံးပြီး အီလက်ထရောနစ်စကူတာ ထွင်ခဲ့တဲ့ လူငယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စွန့်ပစ် vape ဘက်ထရီ ၈၀ ကိုသုံးပြီး အီလက်ထရောနစ်စကူတာ ထွင်ခဲ့တဲ့ လူငယ်

ဗြိတိန်လူငယ်တစ်ဦးဟာ စွန့်ပစ်ထားတဲ့ vape ဘက်ထရီ ၈၀ ကို အသုံးပြုပြီး သူ့ရဲ့ စကူတာကို အီလက်ထရောနစ် စကူတာအဖြစ် အသွင်ပြောင်းလဲခဲ့ပါတယ်။ စွန့်ပစ် အီလက်ထရောနစ်ပစ္စည်းတွေရဲ့ အသုံးဝင်မှုနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်မှုအကြောင်း လူတွေ သတိထားမိလာစေဖို့အတွက် တိုဘီယက်စ်က အခုလို လုပ်ပြခဲ့တာပါ။

သူ့သူငယ်ချင်းတွေ Vape သောက်ချိန်မှာ တိုဘီယက်စ်က Vape ဘက်ထရီတွေအကြောင်း လေ့လာခဲ့ပြီး တချို့ဘက်ထရီတွေက ၅ ကြိမ်တိုင်တိုင် အားသွင်းပြီး ပြန်အသုံးပြုနိုင်တာကို တွေ့ရှိခဲ့တာပါ။ သူဟာ eBay ကနေ စကူတာတစ်စီးကို ၃၇ ဒေါ်လာနဲ့ ဝယ်ယူခဲ့ပါတယ်။ အဲဒီနောက် စွန့်ပစ်ထားတဲ့ vape ဘက်ထရီ ၈၀ ကို ဝါယာကြိုးနဲ့ ချိတ်ဆက်ကာ စကူတာကို စွမ်းအင်ပေးဖို့ လုပ်ဆောင်ခဲ့တာပါ။

စကူတာကို ၃ နာရီကြာ အားသွင်းလိုက်တဲ့အခါ ၆ မိုင်ဝန်းကျင်လောက် စီးနှင်းနိုင်တယ်လို့ ဆိုပါတယ်။ Vape သောက်သူ တိုးပွားလာတာနဲ့အမျှ စွန့်ပစ်ဘက်ထရီတွေကတော့ ဓာတုပစ္စည်းတွေ ထွက်လာပြီး မြေထုညစ်ညမ်းစေနိုင်တာကိုလည်း တိုဘီယက်စ်က ထောက်ပြခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။