သဲကန္တာရထဲက အိုအေစစ် လခြမ်းရေကန်

International News
သဲကန္တာရထဲက အိုအေစစ် လခြမ်းရေကန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သဲကန္တာရထဲက အိုအေစစ် လခြမ်းရေကန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သဲကန္တာရထဲက အိုအေစစ် လခြမ်းရေကန်
လခြမ်းရေကန်

လခြမ်းရေကန် 月牙泉 ကို အင်္ဂလိပ်လို Crescent Lake ဟု ခေါ်ပြီး သဲကန္တာရထဲတွင် လခြမ်းပုံသဏ္ဌာန် အိုအေစစ်ရေကန်လေးတစ်ခု ဖြစ်သည်။ လခြမ်းရေကန်သည် တရုတ်နိုင်ငံ၊ ကန်းစုပြည်နယ်၊ တွမ်းဟွမ်မြို့တော်မှ ၆ ကီလိုမီတာအကွာတွင် တည်ရှိသည်။

သမိုင်းကြောင်း

အဆိုပါရေကန်ကို ချင်းမင်းဆက်ခေတ်တွင် တွေ့ရှိခဲ့ပြီး သဘာဝအလျောက် လခြမ်းပုံသဏ္ဌာန်ဖြစ်နေသော အိုအေစစ်ရေကန်ဖြစ်သောကြောင့် 月牙泉 (ယွဲ့ယာရေကန်) ဟု အမည်ပေးခဲ့သည်။ ၁၉၃၂ ခုနှစ်က အဆိုပါဒေသကို လာရောက်လည်ပတ်သည့် Mildred Cable နှင့် Francesca French တို့က ၎င်းတို့၏ ခရီးသွားမှတ်တမ်းထဲတွင် အထူးတလည် ရေးသားဖော်ပြခဲ့ဖူးသည်။

၁၉၆၀ ခုနှစ်တွင် တိုင်းတာမှုများ ပြုလုပ်ခဲ့ရာ ရေအနက်ပျမ်းမျှ (၁၃ ပေမှ ၁၆ ပေ)၊ အနက်ဆုံးနေရာ ၂၅ ပေရှိကြောင်း သိရသည်။ နောက်ထပ် နှစ်ပေါင်း ၄၀ အကြာတွင် တိုင်းတာကြည့်ရာ ရေအနက် ၂၅ ပေထက် အနည်းငယ် ဇောက်နက်သွားသည်ကို တွေ့ရှိခဲ့ရသည်။ ၂၀၀၆ ခုနှစ်တွင် ဒေသခံအစိုးရသည် အဆိုပါဒေသနှင့် ရေကန်ကို ထိန်းသိမ်းရန်အတွက် ဗဟိုအစိုးရထံ အကူအညီတောင်းခံပြီး လိုအပ်သော သိပ္ပံနည်းကျ ထိန်းသိမ်းမှုများကို လုပ်ဆောင်ခဲ့သည်။

ရေကန်ကို မူလတွေ့ရှိစဉ်ကအတိုင်း ရှိစေရန်နှင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်အတွက် သဲကန္တာရအစပ်နေရာများတွင် သစ်ပင်များကို စိုက်ပျိုးခဲ့ကြသည်။ ရေကန်နှင့် သဲကန္တာရသည် ပလဲနံပသင့်သည့်အတွက် လာရောက်လည်ပတ်ကြသူများ များပြားခဲ့သည်။ လခြမ်းရေကန်၏ အလှသည် ဥတုလေးပါးလုံး လှပနေတတ်ပြီး အဆိုပါဒေသသည် ဆောင်းရာသီတွင် ဆီးနှင်းများကျဆင်းတတ်သလို၊ မိုးရာသီတွင်လဲ ရေကန်ဝန်းကျင်တွင် ပေါင်းပင်များ ပေါက်ရောက်နေတတ်သည်။ သဲကန္တာရ၊ ဆီးနှင်းနှင့် ရေကန်ကို တစ်နေရာတည်း မြင်တွေ့နိုင်မည့် နေရာလေးတစ်ခု ဖြစ်သည်။

ရေးသားသူ –天下第一

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။