ကမ္ဘာ့အသက်ငယ်ဆုံးဗီဒီယိုဂိမ်း Developer

International News
ကမ္ဘာ့အသက်ငယ်ဆုံးဗီဒီယိုဂိမ်း Developer

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့အသက်ငယ်ဆုံးဗီဒီယိုဂိမ်း Developer ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အသက်ငယ်ဆုံးဗီဒီယိုဂိမ်း Developer

အသက် ၆ နှစ်နဲ့ ၃၃၅ ရက်အရွယ်မှာ ဆီမာ ကူရာနာဆိုတဲ့ ကလေးမလေးဟာ ကလေးတွေအတွက် ပညာရေးဆိုင်ရာဗီဒီယိုဂိမ်းတွေ ဖန်တီးခြင်းဖြင့် ကမ္ဘာ့အသက်အငယ်ဆုံးဗီဒီယိုဂိမ်း Developer ဖြစ်လာခဲ့ပါတယ်။ အားလပ်ချိန်ဆို ဗီဒီယိုဂိမ်းတွေဆော့ချင်ကြတာက ကလေးတွေရဲ့သဘာဝပေမဲ့ ကနေဒါက ဆီမာကတော့ အဲဒီဗီဒီယိုဂိမ်းတွေကို တီထွင်ချင်တာပါ။ သူဟာ လွန်ခဲ့တဲ့၁ နှစ်က Coding ကို စသင်ယူခဲ့တာပါ။ ၁ ပတ်ကို အတန်း ၃ တန်းတက်ခဲ့တာပါ။

ဆီမာဟာ သင်္ချာနဲ့ Coding ပိုင်းမှာ အရည်အချင်းရှိတယ်ဆိုတာကို သူ့အဖေက သတိထားမိခဲ့တာပါ။ YouTube ဗီဒီယိုတွေကြည့်ပြီးတော့ သူ့ဘာသူ သင်္ချာလေ့လာတယ်။ သူငယ်တန်းဖြစ်ပေမဲ့ ၃ တန်းသင်္ချာကို တွက်နိုင်တယ်။ Coding ပိုင်းမှာလည်း သဘာဝအတိုင်းထူးချွန်မယ်ဆိုတာ ခံစားမိခဲ့တယ်။ ဒါကြောင့် ဆီမာ နှစ်သက်မယ့် Coding သင်တန်းကို တက်ခိုင်းစေခဲ့တယ်လို့ သူ့အဖေက ပြောပါတယ်။

ဆီမာအတွက် Coding သင်တန်းရှာရတာ မလွယ်ကူပါဘူး။ သူ့အသက်အရွယ်ကြောင့် သင်တန်းအများစုက ငြင်းကြပါတယ်။ အကြာကြီးရှာပြီးတဲ့နောက်မှာ Coding သင်ပေးမယ့် ဆရာတစ်ယောက်ကို ရှာတွေ့ခဲ့ပြီး ဆီမာရဲ့Coding သင်တန်းခရီးစဉ် စတင်ခဲ့ပါတယ်။ သင်တန်းတက်ပြီးလအနည်းငယ်အကြာမှာ သက်တူရွယ်တူကလေးတွေအတွက် ဗီဒီယိုဂိမ်းတစ်ခုဖန်တီးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မိသားစုဆရာဝန်ဆီ သွားလည်တဲ့အချိန်မှာ အာဟာမပြည့်ဝတဲ့အစားအစာတွေကို စားခြင်းရဲ့ဆိုးကျိုးတွေကို သိခဲ့ရပြီးတဲ့နောက်မှာ Healthy Food Challenge အမည်နဲ့ ဂိမ်းကို ဖန်တီးဖို့ အကြံဉာဏ်ရခဲ့ပါတယ်။ ဒီဂိမ်းနဲ့ သက်တူရွယ်တူကလေးတွေကို ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာ၊ ကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအစာတွေကို ခွဲခြားသိစေချင်ပြီး ငယ်ရွယ်စဉ်ကတည်းက မျှတတဲ့အစားအစာတွေရရှိဖို့ အရေးကြီးတယ်ဆိုတာကို သိသွားအောင် ကူညီပေးချင်ခဲ့တာပါ။

ဒီဂိမ်းဖန်တီးပြီးတော့ ကမ္ဘာ့ဂင်းနက်စ်စံချိန်ယူဖို့ စိတ်ကူးထားတဲ့အတွက် သတ်မှတ်ထားတဲ့အသက်အရွယ်မကျော်လွန်ခင် အချိန် ၄ လပဲရခဲ့ပါတယ်။ ၄ လအတွင်း ဒီဂိမ်းဖန်တီးဖို့ ကြိုးစားခဲ့ပြီး အောင်မြင်သွားခဲ့ပါတယ်။ အနာဂတ်မှာ နောက်ထပ်စံချိန်တွေချိုးဖို့ ကြိုးစားဦးမယ်လို့ သိရပါတယ်။ အသက် ၇ နှစ်မပြည့်ခင်အထိ ဆီမာက ကမ္ဘာ့အသက်ငယ်ဆုံးဗီဒီယိုဂိမ်း Developer ဖြစ်နေဦးမှာပါ။

ဆီမာမှာ Simar’s World အမည်နဲ့ YouTube ချန်နယ်တစ်ခုရှိပြီး အဲဒါကတဆင့် အခြားကလေးတွေနဲ့ ချိတ်ဆက်ဖို့ နောက်ထပ်ဂိမ်းတွေအတွက် အကြံဉာဏ်တွေမျှဝေဖို့ ရည်ရွယ်ထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။