ကံကောင်းသောဖုန်းနံပါတ်ကို ဘယ်လိုရွေးချယ်မလဲ

Astrology
ကံကောင်းသောဖုန်းနံပါတ်ကို ဘယ်လိုရွေးချယ်မလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကံကောင်းသောဖုန်းနံပါတ်ကို ဘယ်လိုရွေးချယ်မလဲဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကံကောင်းသောဖုန်းနံပါတ်ကို ဘယ်လိုရွေးချယ်မလဲ

မိမိ လက်ရှိကိုင်ဆောင်နိုင်သော ဖုန်းနံပါတ်သည် မိမိနှင့်အကျိုးပေးမပေး၊ မိမိနှင့်အကျိုးပေးသောဖုန်းနံပါတ်ကို ဘယ်လိုရှာဖွေသင့်သလဲ ဆိုသော အကြောင်းအရာအတွက် အနောက်တိုင်းသင်္ချာဗေဒပညာဖြင့် စနစ်တကျကိုယ်တိုင်တွက်စစ်ကြည့်ခြင်းဖြင့် သိနိုင်ပါမည်။

မိမိ၏ ဖုန်းနံပါတ်အားလုံးကို ဂဏန်းတစ်ခုတည်းဖြစ်အောင်ပေါင်းရပါမည်။ ။ 09 ……… စသဖြင့် ရှိသမျှ ဂဏန်းအားလုံးကို တစ်လုံးတည်းဖြစ်အောင် ပေါင်းပါ။ ၎င်းဂဏန်းသည် မိမိ၏ မွေးရက်အရ ကောင်းသောအကျိုးပေးဂဏန်းတစ်ခုဖြစ်နေမည်ဆိုပါက လက်ရှိဖုန်းနံပါတ်သည် မိမိအတွက် အကျိုးပေးဖုန်းနံပါတ်ဖြစ်ကြောင်း သိရှိနိုင်ပေမည်။

မည်သည့်လမဆို ၁၊ ၁၀၊ ၁၉၊ ၂၈ ရက်မွေးသူများသည် မိမိဖုန်းနံပါတ်အားလုံးပေါင်းဂဏန်း ၂၊ ၃၊ ၄၊ ၉ မှ တစ်ခုခု ဖြစ်ရပါမည်။

မည်သည့်လမဆို ၂၊ ၁၁၊ ၂၀ ရက်မွေးသူများသည် မိုဘိုင်းဖုန်းနံပါတ်အားလုံးပေါင်း ၁၊ ၅ မှ တစ်ခုခုဖြစ်ရပါမည်။

မည်သည့်လမဆို ၃၊ ၁၂၊ ၂၁၊ ၃၀ ရက်မွေးသူများသည် မိုဘိုင်းဖုန်းနံပါတ်အားလုံးပေါင်း ၁၊ ၂၊ ၉ မှ တစ်ခုခုဖြစ်ရပါမည်။

မည်သည့်လမဆို ၄၊ ၁၃၊ ၂၂၊ ၃၁ ရက်မွေးသူများသည် မိုဘိုင်းဖုန်းနံပါတ်အားလုံးပေါင်းသည် ၅၊ ၆၊ ၈ မှတစ်ခုခုဖြစ်ရပါမည်။

မည်သည့်လမဆို ၅၊ ၁၄၊ ၂၃ ရက်မွေးသူများသည် မိုဘိုင်းဖုန်းနံပါတ်အားလုံးပေါင်းခြင်းသည် ၁၊ ၅ တစ်ခုခုဖြစ်ရပါမည်။

မည်သည့်လမဆို ၆၊ ၁၅၊ ၂၄ရက်မွေးသူများသည် မိုဘိုင်းဖုန်းနံပါတ်အားလုံးပေါင်းခြင်းသည် ၄၊ ၅၊ ၇၊ ၈ မှ တစ်ခုခုဖြစ်ရပါမည်။

မည်သည့်လမဆို ၇၊ ၁၆၊ ၂၅ ရက်တွင်မွေးသူများသည် မိုဘိုင်းဖုန်းနံပါတ်အားလုံးပေါင်းသည် ၆၊ ၉ မှတစ်ခုခုဖြစ်ရပါမည်။

မည်သည့်လမဆို ၈၊ ၁၇၊ ၂၆ ရက်တွင်မွေးသူများသည် မိုဘိုင်းဖုန်းနံပါတ်အားလုံးသည် ၄၊ ၅၊ ၆ မှတစ်ခုခုဖြစ်ရပါမည်။

မည်သည့်လတွင်မဆို ၉၊ ၁၈၊ ၂၇ ရက်တွင်မွေးသူများသည် မိုဘိုင်းဖုန်းနံပါတ်အားလုံးသည် ၁၊ ၂၊ ၃၊ ၇ မှတစ်ခုခုဖြစ်ရပါမည်။

အထက်ပါအတိုင်း တွက်စစ်ခြင်းဖြင့် မိမိနှင့်အကျိုးပေး မပေးသိနိုင်ပြီဖြစ်သည်။ ထို့ပြင် မိမိရဲ့ဖုန်းနံပါတ်အားလုံးပေါင်းရသော ဂဏန်းတစ်ခုချင်းအလိုက်အကျိုးပေးသဘောကို ဆက်လက်ဆင်ခြင် တွက်ဆနိုင်သည်။

ဖုန်းနံပါတ်အားလုံးပေါင်း ၁ဂဏန်းဆိုပါက သြဇာအာဏာရှိသူများ၊ ဦးဆောင်ဦးရွက်ပြုသူများ၊ အစိုးရခေါင်းဆောင်ပိုင်းများနှင့်အထူးသင့်လျော်သည်။ အောင်မြင်မှုကို ပေးစွမ်းနိုင်သော သဘောဆောင်သည်။

ဖုန်းနံပါတ်အားလုံးပေါင်း ၂ဂဏန်းဆိုပါက အနုပညာနှင့် ဂီတပိုင်း၊ ရေလုပ်သားများ၊ သင်္ဘောသားများ ၊ စိတ်ခံဏားမှုပိုင်းဦးစားပေးရသူများနှင့် အထူးသင့်လျော်သည်။
ဖုန်းနံပါတ်အားလုံးပေါင်း ၃ဂဏန်းဆိုပါက ရည်မှန်းချက်ကြီးမားသူများ၊ စီမံခန့်ခွဲမှုနှင့်ဆိုင်သော သူများ၊ အကြံပေးအလုပ်လုပ်သူများ၊ ဆရာအလုပ်လုပ်သူများ၊ စိတ်ပညာရှင်များအတွက်အထူးသင့်လျော်သည်။

ဖုန်းနံပါတ်အားလုံးပေါင်း ၄ဂဏန်းဆိုပါက တည်ငြိမ်မှုအားနည်းတတ်ပြီး သိပ္ပံပညာရှင်များ၊ သတင်းမီဒီယာသမားများနှင့်ဆက်စပ်သော နိုင်ငံရေးသမားများအတွက် အထူးသင့်လျော်သည်။

ဖုန်းနံပါတ်အားလုံးပေါင်း ၅ဂဏန်းဆိုပါက စီးပွားရေးသမားများ၊ စွန့်စားလုပ်ရသူများနှင့်သင့်မြတ်သည်။ အပြောင်းအလဲ အလုပ်များသော ဘဝများနှင့် ဆက်စပ်နေသည်။
ဖုန်းနံပါတ်အားလုံးပေါင်း ၆ဂဏန်းဆိုပါက သရုပ်ဆောင်များ၊ ဂီတနှင့်အနုပညာသမားများ၊ မိသားစုအလေးထားသူများနှင့်အထူးသင့်လျော်သည်။ အချစ်ရေးအတွက်အထူးရေးပါသော နံပါတ်မျိုးဖြစ်သည်။

ဖုန်းနံပါတ်အားလုံးပေါင်း ၇ဂဏန်းဆိုပါက အပြင်းထန်ဆုံး လျှို့ဝှက်ဆန်းကြယ်နံပါတ်တစ်ခုဖြစ်သည်။ အတွေးအခေါ်ပညာရှင်များအတွက် အထူးသ့င်လျော်သည်။ ပန်းတိုင်ရောက်ဖို့ တွန်းအားပေးသော ဂဏန်းဖြစ်သည်။

ဖုန်းနံပါတ်အားလုံးပေါင်း ၈ဆိုပါက ချမ်းသာကြွယ်ဝမှုအတွက် ကောင်းမွန်သော နံပါတ်တစ်ခုဖြစ်သည်။ လုပ်ငန်းများစွာလုပ်ကိုင်သူများအတွက် အထူးသင့်လျော့်သည်။ စီးပွားရေးသမားများ၊ ပညာရေးဆိုင်ရာပုဂ္ဂိုဟ်များ ရှေ့နေများအတွက်အထူးသင့်လျော်သ်ည။

ဖုန်းနံပါတ်အားလုံးပေါင်း ၉ဆိုပါက ကျန်းမာရေးအားနည်းသူများအတွက် မသင့်လျော်ပါ ။ဆေးဝါးကုသမှုနှင့်ပက်သက်သူများ ကျန်းမာရေးစောင့်ရှောက်မှုများဘက်မှသူများအတွက် သင့်လျော်ကောင်းမွန်သည်။

ကိုယ်တိုင်တွက်စစ်ပြီး ကောင်းကျိုးဖြစ်ထွန်းကြပါစေသတည်း…
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ

ရေးသားသူ –ဆရာလင်းဝေအောင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။