၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( September 18 to 24 )

ယခုအပတ်တွင် Aries ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက် ကောင်းမွန်နေပါမယ်။ ရောဂါ ဝေဒနာ ခံစားနေကြသူများ အနေနှင့် သက်သာရာ ရရှိပါလိမ့်မယ်။ သို့သော် မှန်ကန်သော ကုသမှုနှင့် အတူ ဆေးဝါး ပုံမှန် မှီဝဲပေးရန် လိုအပ်ပါလိမ့်မယ်။ ကိုယ်လက်လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပေးပါ။ အစိမ်းရောင် အသီးအရွက်များကို တတ်နိုင်သမျှ စားသုံးပေးပါ။

ငွေရေးကြေးရေးအားဖြင့် ရက်သတ္တပတ် အစောပိုင်းတွင် ပိုမိုကောင်းမွန်နေပါမယ်။ ငွေကြေး လမ်းကြောင်းများ အပြင် ငွေကြေး တိုးတက်မှုများ ရှိနေပါမယ်။ ဒါ့အပြင် မိသားစု အတွက် လိုအပ်သော ငွေကြေး ထောက်ပံ့မှုများကိုပါ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ သို့သော် ငွေကြေး ချေးငှားမှုနှင့် ပက်သက်၍ သတိထားပေးပါ။

ဤကာလအတွင် မိမိနေအိမ်သို့ ဧည့်သည်များ လာရောက် လည်ပတ်နိုင်ဖွယ် ရှိနေပါတယ်။ မိသားစုဝင်များနှင့် ပျော်ပျော်ရွင်ရွင် ဖြတ်သန်းနိုင်ပါမယ်။

ပြိဿရာသီခွင် – Taurus ( September 18 to 24 )
========================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့၏ ကျန်းမာရေးသည် ‌အားနည်းနေတတ်ပါတယ်။ ကိုယ်ခံအား ကျဆင်းကာ အဆိုးမြင် အတွေးတချို့ ဝင်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် မိမိ၏ ကျန်းမာရေးကို မြှင့်တင်ပေးရန် လိုအပ်ပါလိမ့်မယ်။

ရက်သတ္တပတ် အလယ် ကျော်လွန်ပီးနောက် ငွေရေးကြေးရေးသည် ပိုမိုကောင်းမွန်လာဖွယ် ရှိနေပါတယ်။ ငွေရေးကြေးရေး ကံကောင်းခြင်း၊ ဥစ္စာဒါန ဖွံဖြိုးခြင်းများ ရှိနေပါမယ်။ ဒါ့အပြင် စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် မိမိမျှော်ထားသည်ထက် ပိုမို ကောင်းမွန်သော အမြတ်အစွန်းများ ရရှိနိုင်ပါမယ်။

သို့သော် ဤကာလအတွင်း မိသားစုဝင်များနှင့် ဆက်ဆံရေးသည် အနည်းငယ် ခက်ထန်နေနိုင်ပါမယ်။ မိသားစုဝင်များနှင့် အငြင်းအခုံဖြစ်ခြင်းတို့ကို ရှောင်ကြဥ် ပေးရပါမယ်။ အကယ်၍ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ငြိမ်းချမ်းစွာ ဆွေးနွေး အဖြေရှာပါ။

မေထုန်ရာသီခွင် – Gemini ( September 18 to 24 )
========================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်မှုများ ရှိလာပါမယ်။ စိတ်ပိုင်းဆိုင်ရာအားဖြင့် ပိုမိုကြံ့ခိုင်လာပါမယ်။ ရာသီအကူးအပြောင်း အသေးအမွှား ဝေဒနာများ ခံစားရပေမယ့်လို့ ကြီးကြီးမားမား ရောဂါများ ဖြစ်ပေါ်နိုင်မည် မဟုတ်ပေ။

ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ သတိထားပေး ရပါမယ်။ ပေါ့လျော့မှုတို့ကြောင့် ငွေကြေး ဆုံးရှုံးနိုင်သည့် အလားအလာများ ရှိနေပါတယ်။

ဤကာလအတွင်း မိသားစု ဘဝတွင် စိတ်ကျေနပ်မှု နည်းပါးနေတတ်ပါတယ်။ စိတ်အလို မကျကာ စိတ်တို၊ ဒေါသ ဖြစ်လွယ်နေပါမယ်။ ဒါ့ကြောင့် မိမိအနေနှင့် စိတ်ရှည်ရှည်ထားပီး ကောင်းမွန်သော အချိန်ကို စောင့်ဆိုင်းပေးရန် လိုအပ်ပါလိမ့်မယ်။

ကရကဋ်ရာသီခွင် – Cancer ( September 18 to 24 )
========================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ အားနည်းနေတတ်ပါတယ်။ စိတ်တည်ငြိမ်မှု ပျောက်ဆုံးကာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့ရတတ်ပါတယ်။

ယခုအပတ်တွင် ငွေကြေး ကံတရားသည် နိမ့်ပါးနေတတ်ပါတယ်။ ရရှိလာသော ငွေကြေးသည် လက်ထဲတွင် မတည်မြဲနိုင်ပေ။ အမြဲမြဲလိုလို အကြောင်းကိစ္စ တစ်ခုခုကြောင့် သုံးစွဲရတတ်ပါတယ်။

ဤကာလအတွင်း Cancer ရာသီခွင်တို့၏ မိသားစုဘဝတွင် ရန်အနှောင့်အယက်များနှင့် ထိပ်တိုက် ကြုံတွေ့ရတတ်ပါတယ်။ အထူးသဖြင့် မိမိ၏ ယုံကြည်မှုအပေါ် အလွဲသုံးစား ပြုလုပ်ခြင်း ခံရတတ်ပါတယ်။

သိဟ်ရာသီခွင် – Leo ( September 18 to 24 )
========================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ကျန်မာရေး ကောင်းမွန်စေရန် မိမိကိုယ်တိုင် ကြိုးစားပေးရပါမယ်။ အလုံအလောက် အနားယူပေးပါ။ ကျန်းမာရေးနှင့်အညီ အစားအစာများကို အချိန်မှန် စားသုံးပေးပါ။

ဤကာလအတွင်း ငွေကြေး အခြေအနေသည် အနည်းငယ် ကျပ်တည်းနေရတတ်ပါတယ်။ ဒဏ်ကြေး၊ လျော်ကြေးငွေများ ပေးဆောင်ရဖွယ် ရှိနေပါတယ်။ လူမှုရေး အဖွဲ့အစည်းအတွင်း ဂုဏ်သတင်း ကျော်ကြားမှုနှင့် အတူ လေးစားမှုများ ပိုမို ရရှိလာနိုင်ပါမယ်။

သို့သော် Leo ရာသီခွင် မိသားစုဝင် အချို့၏ ကျန်းမာရေးသည် အားနည်းနေတတ်ပါတယ်။ ကျန်းမာရေးအရ ငွေကြေးအချို့သုံးစွဲရဖွယ် ရှိနေပါတယ်။ မိသားစုရေးရာ ကိစ္စရပ်များကို ဦးစားပေး ဆောင်ရွက်ပေးပါ။

ကန်ရာသီခွင် – Virgo ( September 18 to 24 )
========================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ပင်ပန်းနွမ်းနယ်မှု ဒဏ်ကို ခံစားနေရတတ်ပါတယ်။ အထူးသဖြင့် မိမိကိုယ်မိမိ လွန်စွာ တွန်းအား မပေးပါနှင့်။ စိတ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်မှုရှိအောင် နေထိုင်ပေးရပါမယ်။

ယခုအပတ် အစောပိုင်းတွင် ငွေ‌ရေးကြေးရေးသည် အနည်းငယ် ခက်ခဲနေတတ်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့်လည်း မိမိမျှော်မှန်းသလောက် အကျိုးမဖြစ်ထွန်းပေ။

ဤကာလအတွင်း Virgo ရာသီခွင်တို့၏ မိသားစု ဘဝတွင် အပြောင်းအလဲ အချို့ ဖြစ်ပေါ်နိုင်ပါတယ်။ မိသားစု၏ အကျိုးစီးပွားအတွက် တစ်ဦးတစ်ယောက်တည်း မဆုံးဖြတ်ပါနှင့်။ ဆွေးနွေး တိုင်ပင်ပေးပါ။

တူရာသီခွင် – Libra ( September 18 to 24 )
========================================

ယခုအပတ်တွင် Libra ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ အပြုသဘောဆောင်သော အပြောင်းအလဲများ တွေ့မြင်ရတတ်ပါတယ်။ သို့သော် ကျန်းမာရေးနှင့်အညီ လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးရန် လိုအပ်ပါမယ်။

ငွေရေးကြေးရေးအားဖြင့် ကံတရားသည် အနည်းငယ် ညံ့ဖျင်းနေတတ်ပါတယ်။ အထူးသဖြင့် အတိတ်ကာလတွင် ရင်းနှီးမြုပ်နှံကြသူများ အနေနှင့် သတိထားပေးရပါမယ်။ မည်သည့် ဆုံးဖြတ်ချက်ကိုမျှ အလျင်စလို မလုပ်ဘဲ တွေးဝောာဆင်ခြင်ပေးပါ။ မဟုတ်ပါက ငွေကြေး ဆုံးရှုံးမှုနှင့်သာ အဆုံးသတ်ရပါလိမ့်မယ်။

အကယ်၍ မိသားစုဝင်များကြားတွင် အဆင်မပြေ ဖြစ်ခဲ့ပါက ယခုအပတ်တွင် ပြန်လည် ကောင်းမွန်လာပါမယ်။ ဒါ့အပြင် မိသားစုဝင်များနှင့် အတူ အခြားသော နေရာဒေသသို့ သွားလာရနိုင်ခြေ ရှိနေပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( September 18 to 24 )
========================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ခံစားနေရတတ်ပါတယ်။ လုံလုံလောက်လောက် အနားယူပေးပါ။ စိတ်ပိုင်းဆိုင်ရာ အားနည်းနေမည်ဖြစ်၍ အရာရာကို စိတ်တိုဒေါသ ဖြစ်လွယ်နေပါမယ်။

ငွေရေးကြေးရေးနှင့် ပတ်သက်၍ ယခုတစ်ပတ်တွင် ခြေလှမ်းတိုင်းကို စေ့စေ့စပ်စပ် တွေးတောပေးရပါလိမ့်မယ်။ ငွေကြေး အကျိုးအမြတ် ရရှိနိုင်သော်လည်း မလိုအပ်သော တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရခြင်းကြောင့် အကျိုးမဲ့စွာ ငွေကြေး ကုန်ဆုံးရတတ်ပါတယ်။

ဤကာလအတွင်း Scorpio ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေပါမယ်။ မိမိတို့ ကလေးများ၏ အောင်မြင်မှုအတွက် ဂုဏ်ယူနေရပါလိမ့်မယ်။ မိမိ၏ ခံစားချက်များကို ဖုံးကွယ်ထားမည့်အစား ထုတ်ဖော်ပြသပေးပါ။

ဓနုရာသီခွင် – Sagittarius ( September 18 to 24 )
========================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့၏ ကျန်းမာရေးသည် ပုံမှန်ထက် အနည်းငယ် ညံ့ဖျင်းနေတတ်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးရန် လိုအပ်ပါမယ်။ ရာသီအလိုက် ဖြစ်ပွားတတ်သော ဝေဒနာအချို့ ခံစားရတတ်ပါတယ်။

ငွေရေးကြေးရေး အရ တိုးတက်မှုများ ရှိလာပါလိမ့်မယ်။ မမျှော်လင့်ဘဲ ငွေကြေး အကျိုးခံစားခွင်များ ရရှိတတ်ပါတယ်။ သို့သော် ရင်းနှီးမြုပ်နှံကြသူများ သို့မဟုတ် ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် အနည်းငယ် သတိထား ပေးရပါလိမ့်မယ်။ မိမိ၏ ယုံကြည်မှုအပေါ် အလွဲသုံးစား ပြုလုပ်ခြင်း ခံရနိုင်ခြေ ရှိနေပါတယ်။

ဤကာလအတွင်း Sagittarius ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ပါမယ်။ အထူးသဖြင့် သီတင်းပတ် နှောင်းပိုင်းတွင် ကြားသိရသော သတင်းကောင်းကြောင့် တစ်မိသားစုလုံး ပျော်ရွှင်နေရတတ်ပါတယ်။

မကာရရာသီခွင် – Capricorn ( September 18 to 24 )
========================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်မှုများ ရှိနေပါမယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်မှု ရှိနေပါမယ်။ သို့သော် တခါတရံ အသက်ရှူကြပ်သလို ခံစားရတတ်၍ သတိထားပေးပါ။ လိုအပ်ပါက ဆေးဘက်ဆိုင်ရာ အကြံဉာဏ်များ ရယူပေးပါ။

ဤကာလအတွင်း ငွေရေးကြေးရေးသည် အဆင်ပြေ ချောမွေ့နေပါမယ်။ မမျှော်လင့်ဘဲ ငွေကြေး အကျိုးခံစားခွင်များ ရရှိတတ်ပါတယ်။ မှန်မှန်ကန်ကန် အသုံးချနိုင်ပါက အနာဂတ်တွင် ပိုမိုကောင်းမွန်သော အကျိုးခံစားခွင့်များ ရရှိနိုင်မှာ ဖြစ်ပါတယ်။

သို့သော် Capricorn ရာသီခွင်တို့၏ မိသားစုဘဝတွင် အနည်းငယ် ခက်ထန်နေနိုင်ပါမယ်။ အထူးသဖြင့် အပြောအဆိုတို့ကို သတိထားပေးပါ။

ကုမ်ရာသီခွင် – Aquarius ( September 18 to 24 )
========================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ အားနည်းနေတတ်ပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုတို့ကြောင့် ကျန်းမာရေး ဝေဒနာများ ဝင်ရောက်လာနိုင်ပါတယ်။

ငွေရေးကြေးရေးနှင့် စပ်လျဉ်း၍ ကံတရား၏ အားပေးထောက်ပံ့မှုများ ရှိနေပါမယ်။ မိမိ၏ ကြိုးစားအားထုတ်မှုပေါ် မူတည်၍ အကျိုးအမြတ်များ ရရှိတတ်ပါတယ်။ ငွေကြေး တိုးတက်မှုနှင့် အတူ စုဆောင်းမှုများ ပြုလုပ်နိုင်ပါမယ်။

ဤကာလအတွင်း Aquarius ရာသီခွင်တို့၏ မိသားစု ဘဝတွင် အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိနေတတ်ပါတယ်။

မိန်ရာသီခွင် – Pisces ( September 18 to 24 )
========================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် လုံလုံလောက်လောက် အနားယူပေး ရပါလိမ့်မယ်။ မိမိကိုယ် မိမိ လွန်စွာ တွန်းအား မပေးပါနှင့်။ မိမိ၏ စွမ်းအင်ကို အလုပ်များစွာတွင် သုံးမည့်အစား လိုအပ်သည့် အလုပ်များ အတွက်သာ အာရုံစိုက်ပေးပါ။

ငွေရေးကြေးရေး အရ ကံတရားသည် ကောင်းမွန်နေပါမယ်။ ကာလရှည်ကြာ စောင့်ဆိုင်းနေရသော ငွေကြေး ကိစ္စရပ်များ ပြေလည်အောင် ဖြေရှင်းနိုင်ပါမယ်။ သို့သော် အလောင်းကစား ကဲ့သို့သော မှားယွင်းသော လုပ်ဆောင်မှုများမှ ရှောင်ကြဉ်ပေးပါ။ မဟုတ်ပါက ငွေကြေး ဆုံးရှုံးမှုများ ဖြစ်လာနိုင်ပါမယ်။

ဤကာလအတွင်း မိသားစုဝင်များ အကြား ဆက်ဆံရေး တိုးတက်မှုများ ရှိနေပါမယ်။ လိုအပ်သော ကူညီထောက်ပံ့မှုများ ရရှိနိုင်ပါမယ်။ အသက်မွေးဝမ်းကြောင်းနှင့် စပ်လျဉ်း၍ အပြုအမူတို့ကို ဂရုစိုက်ပေးရပါမယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။