ကေတီပယ်ရီ က သီချင်းခွေ ငါးခွေရဲ့ မူပိုင်ခွင့်တွေကို ရောင်းချ

Celebrity International News
ကေတီပယ်ရီ က သီချင်းခွေ ငါးခွေရဲ့ မူပိုင်ခွင့်တွေကို ရောင်းချ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကေတီပယ်ရီ က သီချင်းခွေ ငါးခွေရဲ့ မူပိုင်ခွင့်တွေကို ရောင်းချ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကေတီပယ်ရီ က သီချင်းခွေ ငါးခွေရဲ့ မူပိုင်ခွင့်တွေကို ရောင်းချ

ကမ္ဘာကျော်အဆိုတော် ကေတီပယ်ရီက သူ့ရဲ့သီချင်းမူပိုင်ခွင့်တွေကို The Carlyle Group ရဲ့လုပ်ငန်းခွဲဖြစ်တဲ့ Litmus Music ထံ ဒေါ်လာ ၂၂၅ သန်းနဲ့ ရောင်းချလိုက်ပါပြီ။ ဒီရောင်းချမှုသဘောတူညီချက်မှာ ၂၀၀၈ ခုနှစ်ရဲ့ One of the Boys ကစပြီး ၂၀၂၀ ခုနှစ် ရဲ့Smile အခွေတွေအထိ Capital Records ကတဆင့် ထွက်ရှိခဲ့တဲ့ သူ့ရဲ့စတူဒီယိုအယ်လ်ဘမ် ၅ ခွေအတွက် ထုတ်ဝေခွင့်နဲ့ သူ့ရဲ့မူပိုင်ခွင့်ရှယ်ယာတွေပါဝင်ပါတယ်။

ဒီမူပိုင်ခွင့်ရောင်းချမှုက ၂၀၂၃ ခုနှစ်မှာ တစ်ကိုယ်တော်အနုပညာရှင်အတွက် အကြီးမားဆုံးပါပဲ။ အခုနှစ်အစောပိုင်းမှာ ဂျက်စတင်ဘီဘာကလည်း သူ့ရဲ့သီချင်းတွေအတွက် မူပိုင်ခွင့်ကို Hipgnosis Songs Capital ကုမ္ပဏီထံ ဒေါ်လာ သန်း ၂၀၀ နဲ့ ရောင်းချခဲ့ပါသေးတယ်။

Katy Perry Is Now Worth $340 Million—And One Of The Richest Self-Made Women  In

အခုဆို Litmus က ကေတီပယ်ရီရဲ့မူပိုင်ခွင့်ရှယ်ယာနဲ့ ထုတ်ဝေခွင့်ရှယ်ယာတွေကို ပိုင်ဆိုင်သွားပါပြီ။ သူ့ရဲ့သီချင်းတွေထုတ်လွှင့်တိုင်း ရမယ့် ဝင်ငွေတွေကို စုဆောင်းပေးသွားမှာပါ။ Dark Horse နဲ့ Roar သီချင်း ၂ ပုဒ်က Spotify မှာ Stream တဲ့သူ ၁ ဘီလျံကျော်ရှိပါတယ်။ Roar က YouTube မှာ ကြည့်ရှုသူ ၃.၈ ဘီလျံနဲ့ အချိန်တိုင်းကြည့်ရှုသူအများဆုံးဗီဒီယိုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

Katy Perry sells music catalog for $225 million | Fox Business

ရေးသားသူ –The Standard Time Daily

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။