ဖိလစ်ပိုင်လေဆိပ်စစ်ဆေးရေးအရာရှိက ခရီးသည်အိတ်ထဲမှ ဒေါ်လာ ၃၀၀ ဖိုးရှိတဲ့ ငွေစက္ကူတွေကို ခိုးယူပြီး မျိုချခဲ့(ရုပ်/သံ)

International News
ဖိလစ်ပိုင်လေဆိပ်စစ်ဆေးရေးအရာရှိက ခရီးသည်အိတ်ထဲမှ ဒေါ်လာ ၃၀၀ ဖိုးရှိတဲ့ ငွေစက္ကူတွေကို ခိုးယူပြီး မျိုချခဲ့(ရုပ်/သံ)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖိလစ်ပိုင်လေဆိပ်စစ်ဆေးရေးအရာရှိက ခရီးသည်အိတ်ထဲမှ ဒေါ်လာ ၃၀၀ ဖိုးရှိတဲ့ ငွေစက္ကူတွေကို ခိုးယူပြီး မျိုချခဲ့(ရုပ်/သံ) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖိလစ်ပိုင်လေဆိပ်စစ်ဆေးရေးအရာရှိက ခရီးသည်အိတ်ထဲမှ ဒေါ်လာ ၃၀၀ ဖိုးရှိတဲ့ ငွေစက္ကူတွေကို ခိုးယူပြီး မျိုချခဲ့(ရုပ်/သံ)

ဖိလစ်ပိုင်နိုင်ငံ မနီလာနိုင်ငံတကာလေဆိပ်ရဲ့ စစ်ဆေးရေးအရာရှိက ခရီးသည်အိတ်ထဲကနေ ဒေါ်လာ ၃၀၀ ဖိုးရှိတဲ့ ငွေစက္ကူတွေကို နှိုက်ထားပြီး မျိုချခဲ့တဲ့ ရုပ်သံမှတ်တမ်းက အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပါတယ်။

ခရီးသည်တစ်ဦးက ခန္ဓာကိုယ် Scan ဖတ်စစ်ဆေးမှု မလုပ်ခင် သူ့ရဲ့အိတ်ကို လေဆိပ်စစ်ဆေးရေးအရာရှိ မိုရာဒို့စ်ထံ ပေးခဲ့တာဖြစ်ပြီး မိုရာဒို့စ်က ပိုက်ဆံအိတ်ထဲကနေ ငွေစက္ကူတစ်ထပ်ကို နှိုက်ယူထားခဲ့တာပါ။ ခရီးသည်က သူ့ပိုက်ဆံအိတ် ပွင့်နေပြီး ပိုက်ဆံတွေ ပျောက်ဆုံးနေတာ သတိထားမိသွားလို့ လေဆိပ်စစ်ဆေးရေးအဖွဲ့ကို စောဒကတက်ခဲ့ပါတယ်။

အဲဒီအချိန်မှာ မိုရာဒို့စ်က တခြားဘက်လှည့်ပြီး ပိုက်ဆံတွေကို ပါးစပ်ထဲ ထိုးသွင်းရင်း ရေနဲ့ မျှောချဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူ မျက်နှာမူထားတဲ့ နေရာဟာ လုံခြုံရေးကင်မရာနဲ့ တည့်တည့်ဖြစ်နေလို့ ဒီဖြစ်ရပ် ပေါ်ပေါက်ခဲ့တာပါ။ မိုရာဒို့စ်က ပိုက်ဆံတွေ မျိုချနေချိန်မှာ သူ့ရဲ့အထက်အရာရှိ အေဘရာဟမ်က လက်စဖျောက်ဖို့ အနီးကပ်လာပြောသွားပုံ ပေါ်တာကိုလည်း လုံခြုံရေးကင်မရာမှတ်တမ်းမှာ တွေ့ရပါတယ်။

ဒီဖြစ်ရပ်ဟာ စက်တင်ဘာလ ၈ ရက်က ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာတော့ ဖိလစ်ပိုင်လေဆိပ်အာဏာပိုင်အဖွဲ့က မိုရာဒို့စ်ကို စွဲချက်တင်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီး ဘူတစ္စတာကလည်း မိုရာဒို့စ်ကို အကြီးမားဆုံးပြစ်ဒဏ် ချမှတ်နိုင်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ မိုရာဒို့စ်ရဲ့ အထက်အရာရှိ အေဘရာဟမ်ကလည်း အဲဒီခိုးယူမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ ဖိလစ်ပိုင်နိုင်ငံ ပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေးရုံးက သံသယရှိနေပါတယ်။

ဗီဒီယိုကြည့်ရှုရန် လင့်ခ် – https://www.youtube.com/watchv=2EqMBTLdyX4&t=42s

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။