သဘာဝပစ္စည်းတွေပဲ သုံးထားကြောင်း သက်သေပြဖို့ သူ့ကုမ္ပဏီထုတ် ဆပ်ပြာတုံးကို ကုမ္ပဏီပိုင်ရှင်က ကိုက်စားပြ

International News
သဘာဝပစ္စည်းတွေပဲ သုံးထားကြောင်း သက်သေပြဖို့ သူ့ကုမ္ပဏီထုတ် ဆပ်ပြာတုံးကို ကုမ္ပဏီပိုင်ရှင်က ကိုက်စားပြ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သဘာဝပစ္စည်းတွေပဲ သုံးထားကြောင်း သက်သေပြဖို့ သူ့ကုမ္ပဏီထုတ် ဆပ်ပြာတုံးကို ကုမ္ပဏီပိုင်ရှင်က ကိုက်စားပြ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သဘာဝပစ္စည်းတွေပဲ သုံးထားကြောင်း သက်သေပြဖို့ သူ့ကုမ္ပဏီထုတ် ဆပ်ပြာတုံးကို ကုမ္ပဏီပိုင်ရှင်က ကိုက်စားပြ

သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားကြောင်း သက်သေပြတဲ့အနေနဲ့ ဆပ်ပြာတောင့်ကို ကိုက်စားပြခဲ့တဲ့ တရုတ်ဆပ်ပြာကုမ္ပဏီ ဥက္ကဋ္ဌရဲ့ ဗီဒီယိုကတော့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ဟောင်ဝေကုမ္ပဏီဟာ တရုတ်နိုင်ငံရဲ့ နာမည်ကျော် သန့်စင်ခန်းသုံး ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်ပြီး ၁၉၅၂ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။

ကုမ္ပဏီအစည်းအဝေးမှာ အဝတ်လျော်ဆပ်ပြာသစ် ထုတ်လုပ်မှုကို ဆွေးနွေးနေရင်း အယ်လ်ကာလီ၊ တိရစ္ဆာန်အဆီ၊ နို့ အစရှိတဲ့ သဘာဝပစ္စည်းတွေပဲ သုံးထားတာကြောင့် ဘေးဥပဒ်မဖြစ်စေနိုင်ကြောင်း သက်သေပြတဲ့အနေနဲ့ ကုမ္ပဏီဥက္ကဋ္ဌက ဆပ်ပြာတုံးကို ကိုက်စားပြခဲ့တာပါ။ အဲဒီရုပ်သံမှတ်တမ်းက လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပြီး လူအများစုက သူ့ကို လှောင်ပြောင်ခဲ့ကြပါတယ်။

ကပ်ဘေးအန္တရာယ်တွေ ကြုံရတဲ့အခါ အစာရေစာ မပြတ်လပ်အောင် အဲဒီဆပ်ပြာတုံးတွေ များများဝယ်ထားသင့်တယ်လို့ သရော်ခဲ့ကြတာပါ။ တချို့တွေကတော့ သဘာဝပစ္စည်းတွေနဲ့ပဲ လုပ်ထားသည်ဖြစ်စေ၊ ဆပ်ပြာက စားစရာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ကြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။