အမှုအခင်းများနိုင်စေသား…

Astrology
အမှုအခင်းများနိုင်စေသား…

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမှုအခင်းများနိုင်စေသား… ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမှုအခင်းများနိုင်စေသား…

မည်သည့် ယတြာကို မဆို ယုံကြည်မှုဖြင့် အမှန်တကယ်လေးနက်စွာ ပြုလုပ်မည်ဆိုလျင် အရာတိုင်းတွင် လျှင်လျှင်မြန်မြန်ထိထိရောက်ရောက်နှင့် အကျိုးပေး အစွမ်းထက်မြက်မည်ဖြစ်ပါသည်။ ထို့ကြောင့် ယုံကြည်မှုကို အရင်တည်ဆောက်ပြီးမှ ပြုလုပ်ရန် အကြံပြုအပ်ပါသည်။ အသက်တစ်ရာ မနေရ အမှုတစ်ရာ ကြုံရဆိုသော စကားပုံရှိသည့်အတိုင်း မိမိကအမှုကို ကြောက်လို့ တတ်နိုင်သလောက် ရှောင်သော်လည်း အမှုက တည့်တည့်ကြီး မိမိစီကိုမှ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာကိုလည်း ကြုံဖူးရတတ်ပါသည်။

ထို့ကြောင့် မည်သည့်အကြောင်းအရာကြောင့် ဖြစ်စေ ၊ ငွေရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ ၊မိမိဘက်က တစ်ကယ် မှန်ကန်မှုရှိလျင် အောက်ပါယတြာကို အမှုခင်းများ ရင်ဆိုင်ကြုံတွေ့နေသည့် ကာလတစ်လျှောက်လုံး တစ်ပါတ်လျှင် တစ်ကြိမ် ဤယတြာကို ပြုလုပ်ဆောင်ရွက်သွားလျင် အမှုအောင်နိုင်ခြင်းဆိုသော ရလာဒ်ကို မလွဲရရှိမည် ဖြစ်ပါသည်။

(၁)ပထမဦးစွာ ဖယောင်းတိုင်အဖြူ ၅တိုင်တွင် အပ် သို့မဟုတ် ချွန်သောအရာဖြင့် (က၊ခ၊ဂ၊ဃ၊င )ကို ဝဲမှ ယာသို့ တတိုင်လျှင် စာတစ်လုံးစီ ရေးသားပါ။ပြီးနောက် ယာဘက်မှ ဝဲဘက်သို့ (က၊ခ၊ဂ၊ဃ၊င )ဟု ပြန်ရေးပါ။ ထိုရေးသားထားသော ဖယောင်းတိုင်များကို အမှုရုံးချိန်းရှိသောနေ့များတွင် အိမ်ဘုရား ကျောင်းစောင်တွင် အလင်း၅တိုင်လုံးထွန်းညှိပြီး အမှုအောင်နိုင်ပါစေဟု ဆုတောင်းပါ။

(၂) အမှုဖြစ်နေသော မည်သည့်နေ့သားသမီးမဆို မိမိမွေးနေ့ နံနက် ၅နာရီ သို့မဟုတ် နံနက် ၁၁နာရီ အချိန် တွင် မိမိအိမ် ဘုရား၌ အောက်တွင် ပေးထားသော သက်ဆိုင်ရာ အညွန့်များကို သီးသန့် ပန်းအိုး ထိုးလှုဒါန်းပါ။ ထို့နောက် အမှုအခင်းများ အောင်နိုင်မှုရရန် လေးလေးနက်နက် ဆုတောင်းပါ။

တနင်္ဂနွေ သားသမီး =သီးညွန့်/သီဟိုဠ် ၂၁+ ကံ့ကော် ၁၅+ ပျဉ်းမ၁၉ ညွန့်ကို လှုဒါန်းပါ။


အင်္ဂါ သားသမီး =အုန်း ၆+ ရွက်လှ/ဝါး ၁၇ + ထန်း/ဒါန်း ၁၀ ညွန့်ကို လှုဒါန်းပါ။

ဗုဒ္ဓဟူး သားသမီး = ကံ့ကော် ၁၅ + ပျဉ်းမ၁၉ + အုန်း ၆ ညွန့်ကို လှုဒါန်းပါ။

ကြာသပတေး သားသမီး = ဇော်စိမ်း ၈ + သီးညွန့်/သီဟိုဠ် ၂၁ + ကံ့ကော် ၁၅ ညွန့်ကို လှုဒါန်းပါ။

သောကြာ သားသမီး = ရွက်လှ/ဝါး ၁၇ + ထန်း/ဒါန်း ၁၀ + ဇော်စိမ်း ၈ ညွန့်ကို လှုဒါန်းပါ။

စနေ သားသမီး = ပျဉ်းမ၁၉ + အုန်း ၆ + ရွက်လှ/ဝါး ၁၇ ညွန့်ကို လှုဒါန်းပါ။

အထက်ပါပေးထားသော ယတြာများကို ယုံကြည်စွာ ပြုမူဆောင်ရွက်ခြင်းဖြင့် အမှုအခင်းများ အောင်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါသည်။

သင်ဆရာ မြင်ဆရာ ကြားဆရာ အားလုံးကို အစဉ်ဦးညွှတ်ကန်တော့လျက်

ရေးသားသူ –ဆရာမဇာဇာ(ခ)ဆရာမ ဇွန်လေးနွယ်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။