Siam Paragon ကုန်တိုက် thayနတ်ပစ်ခတ်မှုမှာ thayဆုံးခဲ့ရသူ မမိုးမြင့်ရဲ့ စျာပန မြင်ကွင်း

Local News
Siam Paragon ကုန်တိုက် thayနတ်ပစ်ခတ်မှုမှာ thayဆုံးခဲ့ရသူ မမိုးမြင့်ရဲ့ စျာပန မြင်ကွင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Siam Paragon ကုန်တိုက် thayနတ်ပစ်ခတ်မှုမှာ thayဆုံးခဲ့ရသူ မမိုးမြင့်ရဲ့ စျာပန မြင်ကွင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Siam Paragon ကုန်တိုက် thayနတ်ပစ်ခတ်မှုမှာ thayဆုံးခဲ့ရသူ မမိုးမြင့်ရဲ့ စျာပန မြင်ကွင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ နထွန်ဘူရီအရပ်မှာ ပြုလုပ်သွားတဲ့ မမိုးမြင့်ရဲ့ စျာပန မြင်ကွင်းတွေဖြစ်ပါတယ်။

မမိုးမြင့်ဟာ ဘန်ကောက်မြို့က နာမည်ကျော် Siam Paragon ကုန်တိုက် thayနတ်ပစ်ခတ်မှုမှာ thayဆုံးခဲ့ရသူ ၂ ဦးထဲက တစ်ဦးဖြစ်ပြီး သူ့စျာပနကိုတော့ ဒီနေ့ မနက်ပိုင်းက ပြုလုပ်သွားတာဖြစ်ပါတယ်။

နာရေးကို ကျန်ရစ်တဲ့မိခင်နဲ့ဆွေမျိုးတွေအပါအဝင် မြန်မာသံရုံးကတာဝန်ရှိသူအချို့လည်း တက်ရောက်ခဲ့ပါတယ်။

မမိုးမြင့်ရဲ့ ကျန်းမာရေးမကောင်းတဲ့မိခင် ဘန်ကောက်ကို ကိုယ်တိုင်လာပြီး စျာပနပြုလုပ်နိုင်အောင် မြန်မာသံရုံးက ကူညီခဲ့တာဖြစ်ပါတယ်။
ဘန်ကောက်မြို့မှာ Siam Paragon ကုန်တိုက်မှာ ပြီးခဲ့တဲ့တစ်ပတ် ဗုဒ္ဓဟူးနေ့ညနေပိုင်းတုန်းက အသက် ၁၄ နှစ်အရွယ် သေနတ်သမားလူငယ်က ပစ်ခတ်ခဲ့တာကြောင့် မမိုးမြင့်နဲ့ ခရီးသွား တရုတ်အမျိုးသမီးတစ်ဦးတို့ thayဆုံးခဲ့ပါတယ်။ နောက်ထပ် ၅ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

ကုန်တိုက်ဘက်ကတော့ thayဆုံးသူ ၂ ဦးကို ထိုင်းဘတ်ငွေ ၅ သန်း၊ ဒဏ်ရာရသူ ၅ ဦးကို ထိုင်းဘတ်ငွေ ၃ သိန်းစီ ထောက်ပံ့သွားမယ်လို့ လူမှုကွန်ရက်စာမျက်နှာကနေ သတင်းထုတ်ပြန်ထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။