ဂျပန်တို့ရဲ့ ဂုဏ်ယူစရာ အသားမာများ

International News Knowledge
ဂျပန်တို့ရဲ့ ဂုဏ်ယူစရာ အသားမာများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂျပန်တို့ရဲ့ ဂုဏ်ယူစရာ အသားမာများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂျပန်တို့ရဲ့ ဂုဏ်ယူစရာ အသားမာများ

မီကိုရှီ(mikoshi) ပွဲတော်ဆိုတာ ရှင်တိုဘာသာဝင်တွေရဲ့ အရေးပါတဲ့ပွဲတော်တစ်ခုဖြစ်ပြီး အမျိုးသားတွေက ကျောင်းဆောင်တွေကို ထမ်းပိုးလှည့်လည်ကြပါတယ်။
ကျောင်းဆောင်တွေကို ထမ်းပိုးခွင့်ရတာဟာ ရှင်တိုဘာသာဝင်တွေအတွက် ဂုဏ်ယူစရာဖြစ်ပြီး တချို့တွေကတော့ နှစ်စဉ်နှစ်တိုင်း ပါဝင်လေ့ရှိကြပါတယ်။

ကျောင်းဆောင်ကို ထမ်းပိုးမယ့်သူတွေ လိုက်နာရမယ့် စည်းမျဉ်းတွေထဲမှာ ရိုးရာဝတ်စုံပဲ ဝတ်ဆင်ရမယ်၊ နာကျင်မှုဝေဒနာဒဏ် ခံနိုင်အောင် မနက် ၆ နာရီလောက်ကတည်းက ဆန်နဲ့ချက်တဲ့ ဝိုင်ကို သောက်ထားရမယ် စတဲ့အချက်တွေ ပါဝင်ပါတယ်။

အလေးချိန် ၁ တန်ကျော် ရှိတဲ့ ကျောင်းဆောင်ကို ထမ်းပိုးရတာကြောင့် သူတို့ပခုံးတွေ ယောင်ယမ်းပြီး အသားမာတက်လာလေ့ရှိပါတယ်။ သူတို့အတွက်တော့ အဲဒီအသားမာက ဂုဏ်ယူစရာ အမှတ်အသားတစ်ခုပါပဲ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။