လက်လွန်နေသောငွေများ(အကြွေးများ)အမြန်ဆုံးပြန်ရအောင်

Astrology
လက်လွန်နေသောငွေများ(အကြွေးများ)အမြန်ဆုံးပြန်ရအောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လက်လွန်နေသောငွေများ(အကြွေးများ)အမြန်ဆုံးပြန်ရအောင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လက်လွန်နေသောငွေများ(အကြွေးများ)အမြန်ဆုံးပြန်ရအောင်

အခုခေတ်ကတော့ အများဆုံးက ပြန်မရကြတော့ပါဘူး။ဒါပေမယ့် ကိုယ့်ဘက်က လုပ်လို့ရတဲ့ယတြာလေးတွေတော့ လုပ်ရင်မမှားပါဘူး။

အခုပြောမယ့်နည်းလေးက လွယ်ကူပေမယ့် အကျိုးတော့ အတော်ရှိတာကိုတွေ့ရပါတယ်။

သောကြာနေ့နံနက် ၇နာရီမှ၇:၃၀အတွင်း အိမ်ဘုရားတွင် ကလပ်တစ်ခုပေါ်မှာ ကွမ်းရွက်နှစ်ရွက်တင်ပါ(ကွမ်းရွက်ကအရိုးရောအညွန့်ရောပါရမည်=အရိုးကမိမိဘက်တွင်ထား၍ အညွန့်က ဘုရားဘက်ကိုလှည့်ထားပါ=ကွမ်းရွက်ရဲ့အောက်ဘက် !ကျောဘက်တွင် ငွေယူထားသူရဲ့နာမည်ရေး၍ ‘အမြန်ဆုံးငွေကြေးအဆင်ပြေ၍အကြွေးများအားလုံးမြန်မြန်လာဆပ်ပါစေ’ဟုရေးထားပါ) အဲဒီကွမ်းရွက်တွေပေါ်မှာ ရွှေရောင်စက္ကူပါတ်ထားတဲ့ ချောကလက်လေးထောင့်ပုံ နှစ်ခုတင်၍ ဘုရားလှူ ပြီး ဆုတောင်းပါ။

ညနေလေးနာရီနဲ့ခြောက်နာရီကြားမှာစွန့်ပြီး ကွမ်းရွက်များကိုပစ်ပြီး ချောကလက်များကို လမ်းပေါ်ထွက်၍ မိမိ၏မိသားစုမဟုက်သော အခြားကလေးနှစ်ဦးကို တစ်ယောက်တစ်ခုကြွေးလိုက်ပါ။
၃ကြိမ် ၄ကြိမ်လောက်မှာတော့ အကျိုးရှိမှာ သေချာပါတယ်။
အကြွေးများအမြန်ဆုံးပြန်ရကြပါစေ

ရေးသားသူ –ဆရာအောင်မင်းဟိန်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။