ကြီးပွားတိုးတက်စေသော၊ ဘုန်းကံကြီးမြင့်အသက်ရှည်စေသောလက္ခဏာအမှတ်အသား

Astrology
ကြီးပွားတိုးတက်စေသော၊ ဘုန်းကံကြီးမြင့်အသက်ရှည်စေသောလက္ခဏာအမှတ်အသား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြီးပွားတိုးတက်စေသော၊ ဘုန်းကံကြီးမြင့်အသက်ရှည်စေသောလက္ခဏာအမှတ်အသား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကြီးပွားတိုးတက်စေသော၊ ဘုန်းကံကြီးမြင့်အသက်ရှည်စေသောလက္ခဏာအမှတ်အသား
Invest in gold – bank gold bars bullions on dollars

ထိုအကြောင်းအရာနှစ်ခုကို ပုထုဇဥ်လူသားတိုင်း လိုချင်တပ်မက်လေ့ရှိကြတာပဲမဟုတ်ပါလား။
ကျွန်ုပ်တို့လက်ဝါးပြင်ပေါ်တွင် ထိုကဲ့သို့ ကြီးပွားတိုးတက်စေသော၊ ချမ်းသာစေသော လက္ခဏာအမှတ်အသားအချို့ ဖြစ်ပေါ်နေတတ်ကြပေသည်။ ထိုအထဲကမှ တစ်ခုသည် စနေဂြိုလ်ခုံပေါ်ရှိ တြိဂံအမှတ်အသားပင်ဖြစ်လေသည်။

ကျွန်ုပ်တို့ လက်ဝါးပြင်ရဲ့ လက်ခလယ်အောက် စနေဂြိုလ်ခုံမှာ ပုံမှာ ပြထားသလို တြိဂံအမှတ်အသားလေး မိတ်ဆွေတို့မှာ ပါရှိနေခဲ့ရင် အမှန်တကယ်ကြီးပွားတိုးတက်မြင့်မားစေတတ်ပါတယ်။ တစ်ဖန် အသက်ရှည်စေတတ်ပါတယ်။

တကယ်တော့ တြိဂံအမှတ်အသားတွေက ဂြိုလ်ခုံပေါ်မှာ ပါရှိနေခဲ့ရင် ဂြိုလ်ခုံရဲ့ယုဂ်အားကို ကောင်းမွန်မြင့်စေခြင်းဖြစ်ပေါ်မှာပါ။ ဂြိုလ်ခုံရဲ့ယုဂ်ကိုတိုးစေတယ်။ ကျွန်တော့်အတွေ့အကြုံအရ ဒီလိုဂြိုလ်ခုံတွေပေါ်မှာ တြိဂံစစ်စစ်အမှတ်အသားက ရှားပါးလေ့ရှိပါတယ်။ အခြားလမ်းကြောင်းလေးတွေနဲ့သာ ရောနှောထားတာများနေတတ်ပြီး တြိဂံစစ်စစ်အမှတ်အသားမျိုးဖြစ်နေတတ်ပါတယ်။ ဒါက အခြားသော ကောင်းမွန်စေတဲ့ ဒေါင်လိုက်မျဥ်းတွေကိုဖြတ်သန်းထားပြီးဖြစ်ပေါ်နေတဲ့ တြိဂံ ပုံစံအမှတ်အသားတွေဆို မိတ်ဆွေတို့ကို တြိဂံရဲ့အရသာ ခံစားရစေမှာ မဟုတ်ပါပေ။

ထိုဂြိုလ်ခုံပေါ်အမျိုးမျိုးထဲမှ အောက်ဖော်ပြပါ ပုံလို စနေဂြိုလ်ခုံမှာ တြိဂံအမှတ်အသားပါရှိခဲ့ရင် အမှန်တကယ် အသက်ရှည်ခြင်း၊ ကြီးပွားတိုးတက်စေခြင်းစတဲ့ ကောင်းမွန်တဲ့အကျိုးတရားတွေကို ဖြစ်ပေါ်ခံစားရမှာပဲ ဖြစ်ပေသည်။

ရေးသားသူ –Zar Ni Soe လက္ခဏာနှင့်ကေပီရှေ့ပြေးနက္ခတ်ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။