ခုနှစ်ရက်သားသမီးများအတွက် နိုဝင်ဘာတစ်လစာကံကြမ္မာဟောစာတမ်း….

Astrology
ခုနှစ်ရက်သားသမီးများအတွက် နိုဝင်ဘာတစ်လစာကံကြမ္မာဟောစာတမ်း….

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခုနှစ်ရက်သားသမီးများအတွက် နိုဝင်ဘာတစ်လစာကံကြမ္မာဟောစာတမ်း…. ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခုနှစ်ရက်သားသမီးများအတွက် နိုဝင်ဘာတစ်လစာကံကြမ္မာဟောစာတမ်း….

လူတိုင်းမကောင်းနိုင်သလို လူတိုင်းမဆိုးနိုင်ပါ…

တနဂ်နွေ​သားသမီးများအတွက်တစ်လတာကံကြမ္မာမှာ

ဒီလဟာ သင့်အတွက် အထူးကောင်းသောလဖြစ်ပါတယ်..စီးပွားရေး၊ကျန်းမာရေး၊လူမှုရေး ကောင်းမွန်လာပါလိမ့်မယ်..ဘာပဲလုပ်လုပ် အကျိုးပြုရနေမည်..အဆင်ပြေလိမ့်မည်… အဂ်ါ၊စနေသားသမီးများရဲ့ အကူအညီရရှိလိမ့်မယ်….ဝေးသောအရပ်မှ ဧည့်သည်ရောက်မည်..ရောက်ရှိပါက ငွေဝင်တတ် သို့မဟုတ် ထီပေါက်တတ်ပါတယ်..ငွေကံ၊စီးပွားရေးကံသင့်တင့်စွာကောင်းမွန်လာတတ်..ကျန်းမာရေးမှာ ဆေးဥပါဒ်တော့ သတိထားပေးပါ..မေတ္တာရေး စိတ်ချမ်းသာမှုအနည်းငယ်ရရှိလာမယ်..ချစ်သူမရှိသေးသူများ ချစ်သူ ရတတ်…အိမ်ထောင်ရှင်များကတော့ ကောင်းတဲ့ကာလ လို့တွေ့ရပါတယ်…လိုအပ်တာတွေအားလုံး အားပြုလုပ်ပါ…ရည်ရွယ်မှုတွေ အစပြုလို့ရမယ့် ကာလ ဖြစ်စေပါတယ်…

အကျိုးပြုသောအရောင် အစိမ်းရောင်၊အဖြူရောင်ဖြစ်ပါတယ်…

ကံကောင်းသောအကျိုးပြု ဂဏန်း ၃၊၉၊၈

ယတြာ အိမ်ဘုရားမှာ ဆီထမင်း ၃ ပွဲ ကပ်လှူဆုတောင်းပါ…

တနလ်ာသားသမီးများအတွက်တစ်လတာကံကြမ္မာမှာ ….

ဒီကာလမှာ ပတ်ဝန်းကျင်ရဲ့ မကောင်းပြောဆိုမှုများ မမျှော်လင့်ပဲ ခံရတတ်ပါတယ်..မိတ်ဆွေဟာ ဘာပဲလုပ်လုပ် သတိပြုပြီးသာလုပ်ပါ…အလွန်ခင်မင်ရင်းနှီးသောသူများနဲ့ ခွဲခွာရတတ်… နားလည်မှုလွဲမှားတတ်…အစားမှား၊ဆေးမှားဖြစ်တတ်သည်…အိမ်တွင်ရေးအနည်းငယ် အနှောက်အယှက်ပေါ်တတ်…အတားအဆီးဝင်တတ်သည်…ညံ့နေထဲကြားက ငွေဝင်လာတတ်…လတိုး ဘောနပ်စ် ရတတ်… နိုင်ငံရပ်ခြားနဲ့ပတ်သက်ပါက အဆင်ပြေအောင်မြင်တတ်…စီးပွားရေးပုံမှန်ဖြင့်ရှေ့သွားနေတတ်သည်…သင့်ပါတယ်..သိသာတဲ့အထောက်အကူမရသေးတာနဲ့ ထိရောက်တဲ့ကံတွေမရသေးပါ..အဓိက ဘေးပတ်ဝန်းကျင်ရဲ့ ပြစ်တင်ပြောဆိုမှု မကောင်းသတင်းလေလွင့်မှုကိုသာ ရင်ဆိုင်ရတတ်ပါတယ်..အမျိုးသားတစ်ဦးကြောင့် ပျော်ရွှင်မှုရတတ်…မေတ္တာရေးကင်းစွာနေထိုင်ပါ…အမှားဖြစ်စေတတ်…သတိပြုပါ..

ကံကောင်းသောဂဏန်း ၂၊၈၊၇

ကံကောင်းလာဘ်ရွှင်သောအရောင်
အပြာရောင်၊ အဝါရောင် ဖြစ်ပါတယ်…

ယတြာ နေအိမ်ဘုရားမှာ ဒံပေါက် ၁ ပွဲ ကပ်လှူဆုတောင်းပါ..

အဂ်ါသားသမီးများအတွက်တစ်လတာ ကံကြမ္မာမှာ

ဒီကာလထဲ အဆင်မပြေမှု အနည်းငယ်ဖြစ်ပေါ်တတ်ပါတယ်…အညံ့အနည်းငယ်ရှိတဲ့လဖြစ်ပေမယ့် ဘာမှမပူပါနဲ့… ငွေတွေ အမြဲမပြတ်ဝင်လာတတ်ပါတယ်…စီးပွားရေးအရမ်းကောင်းမွန်တာမျိုးမဟုတ်ပေမယ့် အညံ့ဘက်ကိုလဲ မရောက်စေတာမို့ သင့်ပါတယ်…လူမှုရေးနဲ့အိမ်ထောင်ရေးသာ အနည်းငယ်သတိပြုပါ..အိမ်ထောင်ရှိသူဆို ပိုသတိပြုပါ..ပြဿနာဖြစ်စေတတ်…အချစ်ရေးမှာတော့ ကံကောင်း စန်းပွင့်နေမယ်… ဒီကာလဟာ အတိုက်အခိုက် တွေရှိနေမယ်…မနာလိုသူတွေသိသာစွာမြင်တွေ့ရလိမ့်မယ်…ဘယ်လောက်ပဲအညံ့ပေးပေး သင့်ဘက်ကသာ အနိုင်ရ အောင်မြင်တတ်ပါတယ်….ထူးခြားသော လက်ဆောင် ပစ္စည်းများ ရရှိတတ်သည်..ရပ်ဝေးမှ ငွေရောက်မည်…

ကံကောင်းအကျိုးပေးဂဏန်း ၁၊၂၊၉

အကျိုးပြုအရောင် အစိမ်းရောင်၊အနက်ရောင် ဖြစ်ပါတယ်..

ယတြာ မိမိနေအိမ်ဘုရားမှာ အိုးတစ်အိုးထဲ သဲအနည်းငယ်နဲ့ရေထည့်ပြီး အေးချမ်းအောင် ကပ်လှူဆုတောင်းပါ..

ဗုဒ္ဓဟူးသားသမီးများအတွက် တစ်လတာကံကြမ္မာမှာ…..

ဒီလဟာလဲ အလုပ်အကိုင် အနိမ့်အမြင့်များစေတတ်သည်..ဘာပဲလုပ်လုပ် အနှောင့်အယှက် ပေါ်တတ်…ရပ်ဝေးမှ ဧည့်သည်ရောက်မည်..အဆင်မပြေပါ..မကောင်းပါ..အကြံအစည် အားလုံး တလွဲ ဖြစ်စေတတ်..အလုပ်နဲ့ပတ်သက်တာပဲဖစ်ဖြစ် အချစ်ရေးနဲ့ပတ်သက်တာပဲဖြစ်ဖြစ် ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်တတ်ပါတယ်..အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး စိတ်ညစ်စရာတွေပေါ်လာတတ်..ဘဝကိုအရှုံးပေးချင်တဲ့စိတ်တွေဖြစ်​ပေါ်တတ်ပါတယ်…ဒီကာလပိုင်းအတွင်း ​မျှော်လင့်မထားတဲ့ သူများရဲ့ ဒုက္ခပေးမှုကိုခံရတတ်ပါတယ်…ငွေမမြဲပေမယ့် ငွေဝင်ပါလိမ့်မယ်..စီးပွားရေးမှာ နှစ်ခု နှစ်မျိုးလုပ်ရတတ်..ဝန်ထမ်းများ ငွေ​ကြေးကံ လုံးဝမမြဲတတ်ပေ…

ကံကောင်းသောဂဏန်း ၂၊၅၊၄

အကျိုးပေးသောအရောင် အညိုရောင်၊အနီရောင်ဖြစ်ပါတယ်…

ယတြာ မိမိမွေးနေ့ဂြိုလ်ထောင့်မှာ နှင်းဆီ ၇ ပွင့်လှူပေးပါ…

ရာဟု သားသမီးများအတွက်တစ်လတာကံကြမ္မာမှာ….

ဒီကာလဟာ အဂ်ါနဲ့ဗုဒ္ဓဟူးသားသမီးများရဲ့ အကူအညီအထောက်အကူကြောင့် သိသာတဲ့အကျိုးပြုမှုရမယ်..အဆင်ပြေမယ်..စီးပွားရေးကံကြောင့် ငွေဝင်ကောင်းမယ်…သိသင့်တဲ့အရာတိုင်းကိုမှတ်သားပါ..ဒီလထဲ နေရာအပြောင်းအလဲ ရာထူးအပြောင်းလဲ ဖြစ်ပေါ်တတ်…လေ့လာမှုတွေကိုအားပြုလုပ်ပါ…စီးပွားရေးအပိုင်းမိမိအတွက် ၁၂ လ ရာသီထဲမှာ ဒီလဟာ အကောင်းဆုံးလဖြစ်ပါတယ်..စိတ်ညစ်စရာတွေကြုံရလဲ စိိတ်ကအလိုအလိုအားတတ်အောင် အားပြုတတ်သူများဖြစ်စေတတ်…ဒါကြောင့် အရာရာမှာ လေ့လာစရာကိုလေ့လာသင်ယူပါ…စိတ်ကိုပျော်ရွှင်မှုရှိအောင် ထားပါ..ဒါမှ မေတ္တာရေးအပိုင်းကောင်းမွန်မယ်..အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး နားလည်မှုရှိလာမယ်လို့ တွေ့ရပါတယ်….အချစ်ရေးမှာ ငယ်ရွယ်သူများအဖို့ သင့်ပါတယ်…

ကံကောင်းသောဂဏန်း ၂၊၄၊၆

ကံကောင်းအကျိုးပေးအရောင်း အနက်ရောင် ၊အစိမ်းရောင်ဖြစ်ပါတယ်…

ယတြာ မိမိအတွက် ခွေစားကျွေးမှုဖြင့် ကုသိုလ်အလှူပြုပေးပါ…

ကြာသပတေး သားသမီးများအတွက် တစ်လတာကံကြမ္မာမှာ….

ဒီလဟာ အညံ့ရှိပါတယ်..ကြီးသူ ငယ်သူများရဲ့ စိတ်ဒုက္ခပေးမှုကိုခံရတတ်…နာရေးဖြစ်ပေါ်တတ် သို့ နာရေးသတင်းတစ်ခုကြားရတတ်…ဒီကာလထဲ မည်သည့်လုပ်ငန်းမှ တိုးချဲ့အားပြုမလုပ်သင့်ပေ…စီးပွားရေးလုပ်ငန်းများ အလုပ်များ အနိမ့်အမြင့်ရှိနေမယ်…စီးပွားရေးမှာ ငွေကြေးပြဿနာဖြစ်ပေါ်တတ်…ကံရဲ့အထောက်အကူပြတ်တောက်သွားတတ်..ကံနည်းနေတတ်..ကံပွင့်နေမှ အဆင်ပြေမှုရလိမ့်မည်…ကံညံ့နေတာမို့ ဘာပဲလုပ်လုပ် သတိထားပြီးသာ လုပ်ပါ…ငွေမမြဲတတ်.ငွေကတော့ ပုံမှန်ဆိုသလို ဝင်နေတတ်…တနလ်ာသားသမီးတွေ အထူးဒုက္ခပေးတတ်..စိတ်သောကရောက်ရတတ်..အကယ်၍ သင့်ဟာ အိမ်ထောင်ဖက် သက်ဆိုင်သူဟာ တနလ်ာသားသမီးဖြစ်ပါက မိမိအတွက်ပိုပြီးသတိပြုရပါမယ်…အိမ်ထောင်ရေးပိုညံ့ပြီး နားလည်မှုလွဲတတ်ပါတယ်…

ကံကောင်းသောဂဏန်း ၈၊၉၊၃

ကံကောင်းသောအရောင်း အနီရောင်ဖြစ်ပါတယ်..

ယတြာ မွေးနေ့ဂြိုလ်ထောင့်မှာ ကြံညွန့် သို့မဟုတ် အုန်းညွန့် ၁၁ ညွှန့် လှူပေးပါ..ကြံရည်ရရင် ပိုကောင်းပါတယ်

သောကြာသားသမီးများအတွက် တစ်လတာကံကြမ္မာမှာ…

ဒီလမှာ ခရီးဝေးကံရှိနေမယ်..ရပ်ဝေးခရီးရောက်တတ်…အလုပ်အ​ပြောင်းအလဲဖစ်ပေါ်မည်…အိုးအိမ်အပြောင်းအလဲ သို့ ပြုပြင်မှုကြုံရတတ်…ပတ်ဝန်းကျင်နဲ့ မိတ်ဆွေအပေါင်းအသင်းများရဲ့ မကောင်းကြံမှုကိုကြုံရတတ်…အနှောင့်အယှက်ပေးတတ်ပါတယ်…ဒီလထဲမှာတော့ အရာရာတိုင်းဟာ ပြောင်းလဲနေမှုဖြစ်စေနိုင်တယ်.ငွေ ရာဂဏန်းရှိသူဆို ပို၍ တိုးတက်မှုရတတ်..ပြောရရင် ရှိသူများအဖို့ ပိုပြီး များပြားလာတတ်…အဆင်မပြေသူ သာမန်လူများအဖို့ ပိူပြီးကုန်ကျမှုများလာတတ်..ငွေအထွက်များတတ်..ငွေဝင်နည်းတတ်ပါတယ်…စီးပွားရေးအပိုင်းအရတော့ သာမန်ပါပဲ…သင့်ကြောင့် တစ်ပါးသူကိုစိတ်မညစ်ဖို့သာ သတိပြုပါ…

ကံ​ကောင်းသောဂဏန်း ၂၊၈၊၃

ကံကောင်းအကျိုးပေးအရောင် အစိမ်းရောင် ဖြစ်ပါတယ်

ယတြာ အိမ်ဘုရားမှာ နံပြားထောပတ်သုတ်ကပ်လှူပေးပါ.

စနေသားသမီးများရဲ့တစ်လစာကံကြမ္မာမှာ…..

လုပ်ငန်းများ တိုးတက်ကောင်းမွန်မယ့် အချိန်ကာလဖြစ်ပါတယ်..သင်ဘာပဲလုပ်လုပ် မှန်ကန်မှုသာ ရှိပါလေ..ပိုအဆင်ပြေမှုရရှိတတ်ပါတယ်..အဆင်ပြေမှု အောင်မြင်မှု ကြိုးစားမှု တွေရဲ့ အသီးအပွင့်များ ခံစားရမယ့် အချိန်အခါဖြစ်ပါတယ်..မိတ်ဆွေအပေါင်းအသင်း တနဂ်နွေ၊စနေ သားသမီးများ ရဲ့ အကူအညီရမည်..အကျိုးပြုလိမ့်မည်…အစုအဖွဲ့လုပ်ငန်း၊ရေလုပ်ငန်း၊အများစုနဲ့ပတ်သက်ရောင်းဝယ်သောလုပ်ငန်းများ ကောင်းနေပြီး တိုးချဲ့ပါက ကောင်းနေလိမ့်မည်…မျှော်လင့်မထားတဲ့အရာများကပိုပြီးအဆင်ပြေ အောင်မြင်လာတတ်…ငွေ​ကြေးအဓိက ဝင်ရောက်နိုင်မည်…ငွေစုမိလိမ့်မည်…ငွေကံအားသာနေသလို သူဋ္ဌေးများရဲ့ ယုံကြည်မှုကိုလဲ ခံရတတ်ပါတယ်…မေတ္တာရေးမှာ သိသာကောင်းမွန်လာပါမည်..

ကံကောင်းသောဂဏန်း ၅၊၃၊၇

ကံလာဘ်ပွင့်အရောင် အပြာရောင်၊ အစိမ်းနုရောင်များအဓိကအားပြုပါ..

ယတြာ မိမိအနေနဲ့ မိမိမွေးနေ့မှာ ထမင်းဟင်းဒါန တတ်နိုင်သ၍ ကုသိုလ်ပြု လိုအပ်သူကိုလှူပေးပါ..

ရေးသားသူ –Htet Paing

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။