အစ္စရေး ခုခံပိုင်ခွင့်ကို ထောက်ခံ၊ အရပ်သားတွေကိုကာကွယ်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကင် ထပ်ပြော

International News
အစ္စရေး ခုခံပိုင်ခွင့်ကို ထောက်ခံ၊ အရပ်သားတွေကိုကာကွယ်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကင် ထပ်ပြော

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အစ္စရေး ခုခံပိုင်ခွင့်ကို ထောက်ခံ၊ အရပ်သားတွေကိုကာကွယ်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကင် ထပ်ပြော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အစ္စရေး ခုခံပိုင်ခွင့်ကို ထောက်ခံ၊ အရပ်သားတွေကိုကာကွယ်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကင် ထပ်ပြော

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်ထော်နီ ဘလင်ကင်

တဲလ်အဗိးကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်ထော်နီ ဘလင်ကင်က အစ္စရေးရဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်ကို အမေရိကန်က ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒီလို အစ္စရေးရဲ့ ခုခံပိုင်ခွင့်က အရေးကြီးသလိုပဲ ဂါဇာမှာ စစ်မီးကြား ပိတ်မိနေတဲ့ အရပ်သားတွေကို ကာကွယ်ပေးဖို့ကလည်း အရေးကြီးကြောင်းနဲ့ သူတို့အတွက် အရေးတကြီးလိုအပ်နေတဲ့ လူမှုအကူအညီတွေကို ပေးဖို့လည်း သူက ပြောပါတယ်။

ဟားမတ်စ် အရင်လက ဖမ်းထားတဲ့ ဓားစာခံတွေ ပြန်လွတ်ဖို့ ဖြစ်နိုင်တဲ့ နည်းမှန်သမျှကို သုံးထားပြီးပြီလို့လည်း အစ္စရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးနောက် မစ္စတာ ဘလင်ကင်က ပြောကြား ခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်ကြားက စစ်မီးက ဒီထက်ပိုကြီးလာနိုင်တယ်လို့ စိုးရိမ်နေကြချိန်မှာပဲ အမေရိကန် ထိပ်တန်း သံတမန်က ဒေသတွင်း နောက်တကြော့ ခရီးလှည့်လည်နေတာ ဖြစ်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။