အယ်မက်ဂါဇီဒုက္ခသည်စခန်းပေါက်ကွဲမှု ၄၅ ဦးထက်မနည်းthayဆုံးထား

International News
အယ်မက်ဂါဇီဒုက္ခသည်စခန်းပေါက်ကွဲမှု ၄၅ ဦးထက်မနည်းthayဆုံးထား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အယ်မက်ဂါဇီဒုက္ခသည်စခန်းပေါက်ကွဲမှု ၄၅ ဦးထက်မနည်းthayဆုံးထား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အယ်မက်ဂါဇီဒုက္ခသည်စခန်းပေါက်ကွဲမှု ၄၅ ဦးထက်မနည်းthayဆုံးထား

စနေနေ့ ညပိုင်းက ဂါဇာကမ်းမြောင်ဒေသက အယ်မက်ဂါဇီဒုက္ခသည်စခန်း ကို ဗုံးကျရောက်ပေါက်ကွဲလို့ ၄၅ ဦးထက်မနည်းthayဆုံးခဲ့တယ်လို့ ဟားမတ်စ်ဦးဆောင်တဲ့ကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။ အခုတော့အပျက်အစီးပုံတွေကြားthayဆုံးထိခိုက်သူတွေကိုဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။

ဟားမတ်စ်ဦးဆောင်တဲ့ကျန်းမာရေးဝန်ကြီးဌာနကတော့ ဒီအယ်မက်ဂါဇီဒုက္ခသည်စခန်းက ပေါက်ကွဲမှုဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်လို့ပြောပြီး အနည်းဆုံးအရပ်သား ၄၅ ယောက် thayဆုံးတယ်လို့ပြောဆိုပါတယ်။လက်ရှိမှာ အရပ်သားတွေကို ဘေးလွတ်ရာ ကို ရွှေ့ပြောင်းဖို့ ညွှန်ကြားထားပါတယ်။ ပါလက်စတိုင်းသတင်းဌာန ဝါဖာရဲ့ အစောပိုင်းသတင်းအရ thayဆုံးသူတွေထဲ အမျိုးသမီး‌နဲ့ကလေးတွေအများဆုံးပါတယ်လို့ပြောပါတယ်။

အစ္စရေးစစ်တပ်ကတော့ အဲဒီအချိန်က အဲဒီဒေသမှာ စစ်ဆင်ရေး ရှိ မရှိကို စစ်ဆေးနေတယ်လို့ တုံ့ပြန်ထားပါတယ်။

အခုတော့ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းတွေက ထိခိုက်thayဆုံးသူတွေကို အပျက်အစီးပုံတွေကြားမှာဆက်လက်ရှာဖွေနေကြပါတယ်။ ဟားမတ်စ်ဦးဆောင်တဲ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းအရ အစ္စရေး – ဂါဇာအရေး တစ်လနီးပါးအတွင်းမှာ ဂါဇာမှာလူပေါင်း၉,၄၈၈ ဦး thayဆုံးထားတယ်လို့ ဆိုပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။