ဂါဇာ နောက်ဆုံးရအခြေအနေ

International News
ဂါဇာ နောက်ဆုံးရအခြေအနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂါဇာ နောက်ဆုံးရအခြေအနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂါဇာ နောက်ဆုံးရအခြေအနေ

ဂါဇာကို အစ္စရေးက အပြင်းအထန်ဗုံးကြဲနေပြီး ဒါဟာ လွန်ခဲ့တဲ့ တလလောက်အချိန် အစ္စရေး ဟားမတ်စ် ပဋိပက္ခ စတင်ကတည်းက အပြင်းထန်ဆုံးသော ဗုံးကြဲမှု တွေထဲက တခုဖြစ်ပါတယ်။

ပစ်မှတ်တွေ ရာနဲ့ချီ ထိခိုက်ခဲ့ပြီး ဟားမတ်စ် စစ်တပ်ဝင်း တခုကိုလည်း သိမ်းပိုက် နိုင်ခဲ့ တယ်လို့ အစ္စရေးက ပြောပါတယ်။

ဒီတခေါက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၂၀၀ လောက် thayဆုံးခဲ့ရ တယ်လို့ ဂါဇာ စီးတီးမှာရှိတဲ့ အယ် ရှီဖာ ဆေးရုံရဲ့ ဒါရိုက်တာက ပြောပါတယ်။

မြည်းတွေ ဆွဲတဲ့ တွန်းလှည်းနဲ့ ထိခိုက်သူတွေ ဆေးရုံကို ရောက်လာတယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

တညလုံး အင်တာနက်တွေ ဖုန်းလိုင်းတွေကို ဖြတ်တောက်ထားတာကြောင့် အရေးပေါ် လူနာတင်ယာဉ်တွေ ခေါ်လို့ မရခဲ့လို့ ဒီယာဉ်တွေ အလုပ်လုပ်လို့ မရအောင် ဖြစ်ခဲ့တယ် လို့လည်း သူ ကပြောပါတယ်။

အစောပိုင်းတုန်းကလည်း ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ တခြား အဖွဲ့အစည်းတွေက လူသားချင်း စာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲဖို့ ပန်ကြားခဲ့ပါတယ်။

ဟားမတ်စ်တို့ ဦးစီးတဲ့ ကျန်းမာရေးဌာနက နောက်ဆုံးထုတ်ပြန်ချက်အရ ပဋိပက္ခဖြစ်ကတည်းက ဂါဇာမှာ thayဆုံးရသူ ၁၀, ၀၀၀ ‌ကျော်သွားပြီလို့ သိရပါတယ်။

ဂါဇာမှာ ဖြစ်နေတဲ့ စစ်ပွဲအရေးနဲ့ ပတ်သက်ပြီး အရှေ့အလယ်ပိုင်းတခွင်ကို လှည့်လည် ဆွေးနွေး နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်ရဲ့ ခရီးစဉ်လည်း ပြီးဆုံးသွားပါပြီ။

သူနောက်ဆုံးရောက်ခဲ့တဲ့ တူရကီနိုင်ငံမှာ တူရကီ နိုင်ငံခြားရေး ဝန်ကြီးနဲ့ သူတွေ့ဆုံ ခဲ့ပါတယ်။

မစ္စတာ ဘလင်ကင်က ပဋိပက္ခ မပျံ့လာရေး၊ ဂါဇာက အရပ်သားတွေ အတွက် အကူအညီအထောက်အပံ့တွေ ပိုရလာရေး၊ ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံ တွေ ပြန်လည်လွတ်မြောက်လာရေး စတဲ့အရေးတွေ အတွက် သူ အတတ်နိုင်ဆုံး အားထုတ်ခဲ့တယ်လို့ မြို့တော် အင်ကာရာက သူ ပြန်မထွက်ခွာခင်မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သူဟာ ဂျော်ဒန်၊ အီရတ်၊ အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဖက်ကမ်းက ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဂါဇာ အရေးနဲ့ပတ်သက်ပြီး အမေရိကန် သံတမန်ရေးကြိုးပမ်းမှုရဲ့ တစိတ်တပိုင်း အဖြစ် ဒုတိယ သမ္မတ ကမလာ ဟဲရစ်ကလည်း ကမ္ဘာ့ခေါင်းဆောင်တွေဆီကို ဖုန်းဆက်ဆွေးနွေးဦးမယ်လို့ သိရပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။