ဟားမတ်စ် လိုဏ်ခေါင်း၀င်ပေါက် ရာကျော် ဖျက်ဆီးပစ်ခဲ့တယ်လို့ အစ္စရေးပြော

International News
ဟားမတ်စ် လိုဏ်ခေါင်း၀င်ပေါက် ရာကျော် ဖျက်ဆီးပစ်ခဲ့တယ်လို့ အစ္စရေးပြော

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဟားမတ်စ် လိုဏ်ခေါင်း၀င်ပေါက် ရာကျော် ဖျက်ဆီးပစ်ခဲ့တယ်လို့ အစ္စရေးပြော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဟားမတ်စ် လိုဏ်ခေါင်း၀င်ပေါက် ရာကျော် ဖျက်ဆီးပစ်ခဲ့တယ်လို့ အစ္စရေးပြော

ဂါဇာစီးတီးမြို့လယ်မှာ ဟားမတ်စ်အဖွဲ့ရဲ့ အချက်အချာကျတဲ့ ဆက်သွယ်ရေး လိုဏ်ခေါင်းဝင်ပေါက် တရာကျော်ကို ဖျက်ဆီးပစ်ခဲ့တယ်လို့ အစ္စရေးစစ်တပ် က ပြောပါတယ်။

ဒါ့အပြင် အရပ်သားအဆောက်အအုံတွေမှာ ကွယ်ဝှက်ထားတဲ့ ဒုံးကျည်တွေ အပါအဝင် lat nat ပေါင်း ၄,၀၀၀ ကိုလည်း သိမ်းဆည်းရမိတယ်လို့ အစ္စရေး စစ်တပ်ပြောခွင့်ရသူက ဆိုပါတယ်။

ဟားမတ်စ် အဖွဲ့ရဲ့lat nat ထုတ် အဓိက စက်ရုံတခုကိုလည်း ဖျက်ဆီးခဲ့တယ်လို့ သူက ပြောပါတယ်။

ဟားမတ်စ် ကျန်းမာရေး အရာရှိတွေကတော့ လက်ရှိ ဂါဇာစစ်ပွဲ စကတည်းက thayဆုံးသူပေါင်း တသောင်းကျော် ရှိလာပြီး အဲဒီအထဲက ထက်ဝက်နီးပါးက ကလေးတွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဟက်ဇ်ဘိုလာက ဟားမတ်စ်ကို ချီးကျူး

ပြီးခဲ့တဲ့လ အောက်တိုဘာ ၇ ရက်မှာ အစ္စရေးတောင်ပိုင်းကို ဝင်တိုက်ခိုက်ခဲ့တဲ့ ဟားမတ်စ်အဖွဲ့ကို လက်ဘနွန် စစ်သွေးကြွ ဟက်ဇ်ဘိုလာခေါင်းဆောင်တယောက်က ချီးကျူးစကား ပြောကြားလိုက်ပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်း လူပေါင်း ၁,၄၀၀ thayဆုံးခဲ့ပြီး ၂၀၀ကျော် ဓားစာခံ အဖြစ် အဖမ်းခံထားရတယ်လို့ အစ္စရေးဘက်က ပြောပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ သတ်ဖြတ်မှုတွေဟာ ပြန်လည်တော်လှန်ဖို့နဲ့ ခုခံကာကွယ်ဖို့ ရှောင်လွှဲလို့ မရတဲ့အတွက် ပေါ်ပေါက်လာရတာလို့ ဟက်စ်ဇဘိုလာ ဒုတိယ အကြီးအကဲ ရှိတ်ခ် နင်းမ် ကွာဆမ်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် အစ္စရေးတို့ရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀,၀၀၀ ကျော် thayဆုံးခဲ့ရပြီး ပါလက်စတိုင်း ပြည်သူတွေ အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။

အခု လက်ရှိ ဖြစ်နေတဲ့ ပဋိပက္ခကနေ ဒေသတွင်းစစ်ပွဲ အဖြစ် ပျံ့နှံ့သွားနိုင်တယ်လို့ သူက သတိပေးထားပါတယ်။

ဂါဇာစစ်ပွဲအပြီး အခင်းအကျင်း ဘလင်ကင်ချပြ

တလကျော် ရှိလာတဲ့ ဂါဇာအရေးနဲ့ ပတ်သက်လို့ ဒီပဋိပက္ခအပြီး ဖြစ်လာနိုင်ခြေရှိတာတွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ချပြလာပါတယ်။

ဂျော်ဒန်မြစ် ဂါဇာနဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသဟာ ပူးပေါင်းပြီး ပါလက်စတိုင်း အုပ်ချုပ်ရေးအဖွဲ့ လက်အောက်မှာ ရှိသင့်တယ်လို့ အန်တိုနီဘလင်ကန်က ဂျပန်မှာကျင်းပနေတဲ့ G7 အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဂါဇာကို အစ္စရေးတို့ သိမ်းပိုက်ထားမှာမျိုး ဒါမှမဟုတ် ပိတ်ဆို့ထားမယ့် အခြေအနေမျိုး မရှိသင့်ဘူးလို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဂါဇာဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေရဲ့ အသုံးချခံ မဖြစ်သင့်ဘူးလို့လည်း သူက ပြောပါတယ်။

G7 နိုင်ငံခြားရေး ဝန်ကြီးတွေကတော့ ဂါဇာမှာ လူသားချင်းစာနာမှုတွေ လုပ်ဆောင်ဖို့ ပစ်ခတ်မှုတွေ ရပ်ဆိုင်းပြီး စာနာမှု အကူအညီတွေ ဝင်ပေးခွင့် ရသင့်တယ်လို့ ပန်ကြားထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။