ဒေဝကိုပြောဆိုမှုတွေနဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေကို တောင်းပန်စကားဆိုသွားတဲ့ ထွန်းထွန်းမင်း

Celebrity Local News Sports
ဒေဝကိုပြောဆိုမှုတွေနဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေကို တောင်းပန်စကားဆိုသွားတဲ့ ထွန်းထွန်းမင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒေဝကိုပြောဆိုမှုတွေနဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေကို တောင်းပန်စကားဆိုသွားတဲ့ ထွန်းထွန်းမင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒေဝကိုပြောဆိုမှုတွေနဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေကို တောင်းပန်စကားဆိုသွားတဲ့ ထွန်းထွန်းမင်း

“ကျွန်တော့်ပခုံးအထက်မှာ ကျွန်တော်မွေးဖွားရာ နိုင်ငံရဲ့ အမိမြန်မာနိုင်ငံအလံကိုပဲတင်မယ် ။ ထိုင်းမှာ ကျွန်တော် နိုင်ငံသားခံယူခွင့်ရခဲ့တယ် ။ ဒါပေမဲ့ ကျွန်တော် နှစ်သီးမစားခဲ့ဖူး ။ အမိမြေကို ရင်ဘတ်ကြီးနဲ့ကို ချစ်တယ် ။

ကျွန်တော့်အတွက် ခမာဖိုက်တာကို လက်စားချေပေးမယ်ဆိုတဲ့ ဒေ၀ရဲ့စကားကိုကြားရတော့ ကျွန်တော်အတော်လေး ကြည်နူးခဲ့မိတယ် ။ သို့သော် ခမာဖိုက်တာနဲ့ ကျွန်တော်ထိုးစဥ်က ဒေ၀နဲ့ဆမ်နန်းတို့ရဲ့ အခုပွဲလို မဟုတ်ပါဘူး ။ တော်တော်လေးကို ကသီလင်တနိုင်တဲ့ အစွပ်တွေစွပ်ပြီး ထိုးခဲ့ရတာပါ .. ဒါလည်းပဲ ကျွန်တော် အထိနာပြီး ရှုံးခဲ့တာမဟုတ်ပါဘူး ။

အမှတ်ယူတတ်သူက အသာရသွားတာပါ ။ ဒါကျွန်တော်တို့ ရိုးရာသမားတွေရဲ့အားနည်းချက် / မပါးနပ်မှုဆိုတာ ရိုးသားစွာ၀န်ခံပါတယ် ။ ခေတ်အခြေအနေက ကျွန်တော်တို့တွေ အမှတ်ပေးစနစ်နဲ့ ယဥ်ပါးအောင် မဖြစ်မနေလေ့ကျင့်ရတော့မဲ့ အခြေအနေပါ ။

ဒေ၀ရဲ့ ပြောစကားတွေအပေါ် ကျွန်တော် တစ်ကယ် ကြည်နူးခဲ့ပါတယ် ။ ဒါ့ကြောင့်ပဲ ကျွန်တော်သူ့ပွဲမစခင်ထဲက ပျော်ရွှင်စွာပဲ ကျွန်တော့်အကောင့်မှာ Share ပေးထားတာကို ပရိသတ်ကြီးမြင်ကြရမှာပါ ။

ပွဲလည်းပြီးရော မြန်မာ့အလံတင်မက ခမာအလံကြီးကိုပါ ပူးတွဲပြီး ပခုံးပေါ်တင် အောင်ပွဲခံတော့ ကျွန်တော့်စိတ်ထဲမှာ အတော်လေးထင့်သွားပါတယ် ။ ဘာလဲဟ တို့နိုင်ငံ တို့ရိုးရာအတွက်ပဲ ထင်ခဲ့မိတာ ကမ္ဘောဒီးယားနိုင်ငံ ခမာရိုးရာအတွက်ပါ ကမ္ဘာသိအောင် လုပ်ပေးပါမယ်ဆိုတော့ ဒါက နှစ်သီးစားပုံစံဖြစ်နေပါပေါ့လို့ စိတ်ထဲက ထောင်းကနဲ ဒေါသထွက်မိတဲ့အတွက် ဒေ၀ကို စိန်ခေါ်လိုက်တာပါ ။

ကျွန်တော့်ကို အတ္တကြီးတယ်လို့ပဲပြောပြော ၊ ကျွန်တော်တို့နိုင်ငံကိုချစ်တာကို ဂုဏ်ယူပေမဲ့ စီးပွားတွက်တွက်ပြီးတော့ နှစ်သီးစားအချစ်မျိုးနဲ့တော့ မချစ်နဲ့ဗျာ ။ အသပြာတွေနှောနေတဲ့ ချစ်ခြင်းမျိုးထက် ရင်ဘတ်ကြီးနဲ့သာ ချစ်ပေးကြည့်ပါ ။ ခင်ဗျားကို အားပေးနေသူထဲ ကျွန်တော်ထိပ်ဆုံးက ရှိနေမယ်ဆိုတာ ရိုးရာကျားပီပီ အများပရိသတ်အရှေ့မှောက်မှာ ကတိပေးပြောကြားလိုက်ပါတယ်ဗျာ ။

ပရိသတ်ကြီးအနေနဲ့ ကျွန်တော့်ကြောင့်စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့တယ်ဆိုရင်လည်း ရိုသေလေးစားစွာ တောင်းပန်ပါတယ်ဗျာ ။”

ရေးသားသူ -MM News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။