သားဖြစ်သူနဲ့အတူ ရဟန်းဝတ်ကုသိုလ်ယူရင်း မှတ်သားစရာ စကားလေးတွေဝေမျှခဲ့တဲ့ အဆိုတော်မနော

Celebrity Local News
သားဖြစ်သူနဲ့အတူ ရဟန်းဝတ်ကုသိုလ်ယူရင်း မှတ်သားစရာ စကားလေးတွေဝေမျှခဲ့တဲ့ အဆိုတော်မနော

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သားဖြစ်သူနဲ့အတူ ရဟန်းဝတ်ကုသိုလ်ယူရင်း မှတ်သားစရာ စကားလေးတွေဝေမျှခဲ့တဲ့ အဆိုတော်မနော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သားဖြစ်သူနဲ့အတူ ရဟန်းဝတ်ကုသိုလ်ယူရင်း မှတ်သားစရာ စကားလေးတွေဝေမျှခဲ့တဲ့ အဆိုတော်မနော

ပရိသတ်ကြီးရေ… မြန်မာသံစဉ်သီချင်းကောင်းလေးတွေကို သီဆိုတတ်တဲ့ တေးသံရှင် မနောကတော့ တိုင်းသိပြည်သိ နိုင်ငံကျော်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ မနောဟာ နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် အောင်မြင်မှုကို မခံစားပဲ ဘဝကို အေးချမ်းစွာဖြတ်သန်းနေတာပဲ ဖြစ်ပါ တယ်။ ဒီကနေ့မှာလည်း မနောက သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ သားဖြစ်သူနဲ့အတူတူ ကုသိုလ်ယူခဲ့ တဲ့အကြောင်းကို မျှဝေလာပါတယ်။

အဆိုတော်မနောက “သားသားက မြစကြာကျောင်းမှာ ကိုရင်ဘဝနဲ့ တစ်နှစ်နေခဲ့ပြီး လူဝတ်လဲခဲ့တယ် လောကီ ကျောင်းဆက်တက်ခဲ့တယ်ပေါ့ဗျာ
အခု သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ
သားသားနဲ့ကျနော်တို့ ၁၁ ရက်ဝတ်ဖြစ်ခဲ့သေးတယ်
သားက မြစကြာမှာနေခဲ့ကာ ကျနော်တို့က
မိုးထိအောင်စည် ရိပ်သာသွားပြီး တရားအားထုတ်ခဲ့တယ်
သမီးလေးကတော့ သကျဓီတာ သီလရှင်စာသင်တိုက်မှာ စာဝါသင်ယူနေပြီး
သာမဏေကျော် ပထမအဆင့်ဒီနှစ်ဖြေမှာဖြစ်ပါတယ်
အဓိကပြောချင်တာကတော့ မိဘများက သား သမီးလေးများကို ဘာသာရေးအမွေပေးကို ပေးနိုင်မှ တန်ဖိုးရှိတဲ့မိဘဖြစ်မယ်ဗျို့

ဘာလို့လဲဆိုတော့ ဒီဘဝ ချမ်းသာကြွယ်ဝစွာနေထိုင်နိုင်သူများအတွက် ထိုချမ်းသာခြင်းတွေက သူတို့ဘဝကို ပြည့်စုံစေတယ်လို့ထင်နေရပေမည့်
ထိုချမ်းသာနေတာကိုက ဒုက္ခကိုရစေခြင်းအကြောင်းတွေရှိနေတယ်လို့သတိထားရမှာပါ

ကိလေသာကို ဖြစ်ချင်ရာဖြစ်ခွင့်ရနိုင်တဲ့ အခြေအနေရှိနေတယ်လေ လက်ထဲငွေရှိတော့ ဘာလိုချင်တယ် ဘာဖြစ်ခြင်တယ်ဆိုလိုက်တာနှင့်ဖြစ်လာစေတာပေါ့
သူတို့လေးတွေဟာ အသိပညာမကြွယ်ဝပဲ ကြီးပြင်းလာလျှင် ကုသိုလ် အကုသိုလ် မခွဲခြားနိုင်တော့ဘူး

အောင်မြင်လိုမှု ငွေရလိုမှု တွေနဲ့ပဲရှင်သန်လာပြီး ဘဝကိုဖြတ်သန်းကြတော့မှာ
သူတစ်ပါးအပေါ်ကိုယ်ချင်းစာတရားမထားတတ်ပဲဖြစ်လာနိုင်တယ် လောကီပညာပိုင်းက တတ်ထားတာကောင်းပါတယ် ဒါပေမည့် လူတစ်ယောက်အတွက်အဓိက လိုအပ်တာက ဘာသာရေးအဆုံးအမ မရှိလျှင် လုံးဝအဆင်မပြေဘူး လူမပီသနိုင်တော့ဘူးပေါ့

ကျနော့် သားနဲ့သမီးကို အခုလိုဝတ်ပေးခဲ့ရခြင်းက မိမိနာကြားခဲ့ရတဲ့ ဆရာတော်ကြီးများဟောပေးသော မြတ်ဗုဒ္ဓတရားတော်တွေကြောင့်ပေါ့ အသိအမှန် အမြင်အမှန်တွေရခဲ့တယ်

သံသရာလည်တဲ့ဘဝတွေကိုမြင်လို့ သူတို့ကို မိဘအနေနဲ့လုပ်ကိုလုပ်ပေးရမယ်လို့ဆုံးဖြတ်ချက်ချခဲ့တာပါမိဘလွမ်းလို့ အိမ်လွမ်းလို့ ငိုချင်သလောက်ငို ပါစေ သည်းခံပြီးပစ်ထားရမှာပါ

သံသရာမှာ သူတို့ငိုခဲ့ရတဲ့ဘဝတွေ ရေတွက်လို့မရနိုင်ဘူးလေ အခုစိတ်ပင်ပန်းလို့ ငိုလည်းခဏပေါ့ ဒီတစ်ဘဝသာငိုရတာပါ အကယ်၍ သံသရာဆက်လည်နေဦးမယ်ဆိုလျှင်လည်း ဒီထက်အဆင့်မြင့်တဲ့ သူတော်ကောင်းများအဖြစ်ကို ရကိုရလာမှာပါ ကုသိုလ်အဟုန်ကအများကြီးရရှိသွားပြီ အထုံပါသွားပြီပေါ့ဗျာ

အခုသာသနာ့ဘောင်မှာ ဝိနည်းစည်းကမ်းနှင့်အညီနေပြီး နိဗ္ဗာန်ရောက်ကြောင်း တရားစာတွေ ကိုယ်တိုင်သင်ယူနေတာဟာ ဒီဘဝတွင်မက သံသရာလည်သမျှ အကောင်းဆုံးအထုံရသွားပြီလို့ သူတို့လည်းသိသလို ကျနော်တို့လည်းသိထားတယ်ပေါ့ခင်ဗျာ
သူတို့လေးတွေ တရားကိုရင်ထဲမှာ ကိန်းသွားပြီဗျို့

ဘုရားကို ရင်တွင်းမှာပွင့်ပြီး ဖူးတတ် ကြည်ညိုတတ်သွားတယ် သံဃာတော်များဟာ လူသားများအတွက်သာမက ၃၁ ဘုံသားတွေရဲ့ ကျေးဇူးရှင်တွေလို့ သိသွားကြတယ်​
ဝိပဿနာတရားကို အားမထုတ်နိုင်သေးလျှင် နေပါစေဦး ငယ်သေးတယ်လေ နုနယ် ငယ်ရွယ်သူလေးတွေဟာ တရားထူးရဖို့မလွယ်လှပါဘူး အလှဂုဏ် ငယ်ရွယ်နုပျိုတဲ့ ဂုဏ်တွေကိုရစ်မူးနေဦးမှာကိုး

စိတ်ရှည်ရှည်နဲ့ တစ်ဆင့်ခြင်းမြှင့်တင်ပေးရမှာပေါ့ဗျာ အဲဒါမှ တန်ဖိုးရှိတဲ့ မိဘအမွေအနှစ်တွေပေးထားခဲ့တာပဲပေါ့မိသားစု ဘဝတွေမှာရွှေ ငွေ စည်းစိမ်ဥစ္စာတွေ ရှာဖွေပေးရုံနဲ့ အဆင်မပြေနိုင်သေးဘူးဗျို့ မိဘနဲ့ သားသမီး နွေးထွေးစွာနေသင့်တယ်စည်းလုံးမှုရှိသင့်တယ်ပေါ့ခင်ဗျာ

ငွေကြေးအားနည်းတဲ့ မိသားစု ဘဝတွေမှာတော့လောကဓံကို အံကြိတ်ခံကြရတာပေါ့လေ ကံအကြောင်းတရားလည်းရှိသေးတာပေါ့ ဒါတောင်တချို့မိသားစုအေးချမ်းစွာနေတတ်ကြတယ်ချမ်းသာသူ အသင့်အတင့်ပြည့်စုံနေတဲ့ မိသားစုတွေအနေနဲ့ကတော့ အောင်မြင်မှုကိုပဲရှေ့တန်းတင်နေမိကြမယ်ဆိုလျှင် အလွန်နစ်နာတယ်ပေါ့လေ
ထမင်းလက်ဆုံအတူစားနိုင်ဖို့တောင်အတော်ခက်ခဲနေကြရတာတွေလည်းရှိကြတယ်ပေါ့

မိဘများဟာ ရှာရင်းဖွေရင်း စောစောthayဆုံးသွားကြမယ်ဆိုလျှင်
သားသမီးများကို စိတ်မချနိုင်ဖြစ်ပြီး အပူသောကနဲ့thay ဆုံးကြရမှာပါ ဘဝကူးမကောင်းနိုင်ဘူးပေါ့လေ
မိမိဘဝ သံသရာဝဋ်ဆင်းရဲမှလွတ်ဖို့ အတွက်လည်းပြင်ထားသင့်တယ် သားသမီးလေးတွေ ယခုဘဝ
ကောင်းစားစွာနေရပြီး သံသရာဝဋ်ဆင်းရဲကလွတ်ဖို့လည်း လမ်းအမှန်ကိုတင်ပေးခဲ့သင့်ပါတယ်လေ
အဲဒါမှ ကိုယ်လည်းချမ်းသာအစစ် သားသမီးလည်းချမ်းသာအစစ်ကိုရရှိကြမှာဖြစ်ပါတယ်ခင်ဗျာ”ဆိုပြီး သူ့ရဲ့လူမှုကွန်ယက် Faceboook အကောင့်မှာ ဝေမျှပေးလာခဲ့တာဖြစ်ပါတယ်။

မနောကတော့ သီတင်းကျွတ်လပြည့်အခါသမယမှာ သားဖြစ်သူနဲ့ (၁၁) ရက်တာ ရဟန်းဝတ်ကုသိုလ်ယူဖြစ် တယ်။ မနော ကတော့ သူရရှိထားတဲ့ လူ့ဘဝတာခဏကို အေးချမ်းစွာဖြတ်သန်းနေတဲ့ အဆိုတော် တစ်ယောက်ပါ။ အေးချမ်းစွာဖြတ်သန်းနေတဲ့ အဆိုတော်တစ်ယောက်ပါပဲ။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။