ခုနစ်ရက်သားသမီးများအတွက် 12.11.2023မှ 18.11.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

Astrology
ခုနစ်ရက်သားသမီးများအတွက် 12.11.2023မှ 18.11.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခုနစ်ရက်သားသမီးများအတွက် 12.11.2023မှ 18.11.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခုနစ်ရက်သားသမီးများအတွက် 12.11.2023မှ 18.11.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

တနင်္ဂနွေသားသမီး

ယှဥ်ပြိုင်သူအားလုံးအပေါ် အနိုင်ယူ၍ အလိုဆန္ဒပြည့်စုံမည်။ ရင်းနှီးသူများနှင့်စကားများရတတ်သည်။ ဆန့်ကျင်ဘက်ပြုသူများနှင့် တွေ့ရမည်။ လက်လွန်ထားသော ငွေကြေးများ လက်ဝယ်ပြန်လည်ရရှိမည်။ ရပ်တန့်ထားသော လုပ်ငန်းများ ပြန်လည်ဆောင်ရွက် အောင်မြင်မည်။ အရပ်ဝေးနှင့် ဆက်စပ်လုပ်ကိုင်သော လုပ်ငန်းများမှ ထူးခြားသော တိုးတက်မှုများဖြစ်ပေါ်မည်။ စုပေါင်းလုပ်ငန်း အကျိုးပေးသည်။ အလှူမဂ်လာကိစ္စများ ပါဝင်ပတ်သက်ရမည်။ ဝင်ငွေတိုးပွားမည်။ အလုပ်တိုးတက်မည်။ ပညာအတတ်နှင့်ပတ်သက်သောကိစ္စများ အောင်မြင်မည်။

ယတြာ – CD ဓာတ်ပြားအောင်းတစ်ခုကို ဖဲကြိုးနီနှင့်ချည်ပြီး အမြင့်တစ်နေရာတွင် ချိတ်ဆွဲပါ။

တနင်္လာသားသမီး

ပြဿနာဟောင်းများ ဖြေရှင်းအဆင်ပြေမည်။ ကြားဝင် စကားရှုပ်သောသူများနှင့်ကြုံမည်။ ရန်အနှောင့်အယှက်များ ပြန်လည်ဖြေရှင်းရမည်။ စုပေါင်းတွဲဖက်ဆောင်ရွက်သောကိစ္စများမှ ထူးခြားသောအကျိုးဆက်ရမည်။ မိသားစုပြဿနာများကို လိုက်လံဖြေရှင်းပေးနိုင်မည်။ ဦးတည်ချက်ပြောင်း၍ ဆောင်ရွက်လိုက်သော ကိစ္စများမှ ကောင်းသောအကျိုးဆက်များရရှိမည်။ မျက်နှာပွင့်လန်းမည်။ အရွယ်လွန် လူလွတ်များ စန်းကောင်းမည်။ အလှူအတန်းကိစ္စ၊ ဘာသာရေး ကိစ္စများပါဝင်ပတ်သက်ရမည်။ ဝယ်ယူသော ပစ္စည်းမှန်သမျှ စနစ်တကျစစ်ဆေးပြီးမှ လက်ခံပါ။တာဝန်ယူခြင်း အာမခံခြင်းမပြုရ။

ယတြာ – သလင်းကျောက်ဖြင့်ပြုလုပ်ထားသော စုံတွဲရုပ်ဝယ်ယူပြီး အမြင့်တစ်နေရာတွင်ထားပါ။

အင်္ဂါသားသမီး

ဖြစ်ပေါ်လာသော အပြောင်းအလဲသစ်များကို အသုံးချ၍ တက်လမ်းများရရှိမည်။ လူမျိုးကွဲ အကျိုးပေးမည်။ အလောတကြီးဆောင်ရွက်မှုများမှ အမှားအယွင်းများကို ဖြေရှင်းရမည်။ လွန်ခဲ့သောရက်များအတွင်း ဆောင်ရွက်ထာသော ကိစ္စများကို ပြန်လည်ဆောင်ရွက်နိုင်မည်။ မိမိဝန်းကျင်တွင် အပြောင်းအလဲသစ်များ ဆက်တိုက်ဖြစ်လာမည်။ မိသားစု အကြီးအကဲကျန်းမာရေးအတွက် စိတ်ပင်ပန်းရမည်။ အလှူမင်္ဂလာကိစ္စများတွင် ပါဝင်ဆောင်ရွက်ရမည်။ ရှည်ကြာနေသော အမှုပြဿနာများ ပြန်လည်ဖြေရှင်းရမည်။ စိတ်ကူးသစ်များ လက်တွေ့ အကောင်အထည်ဖော်ရန် ဝန်မလေးသင့်ပါ။

ယတြာ – မုန့်လုံးရေပေါ် ဘုရားကပ်လှူပါ။

ဗုဒ္ဓဟူးသားသမီး

ရည်မှန်းချက်အောင်မြင်မည်။ အခက်အခဲများကို ကျော်လွှားနိုင်မည်။ အပြိုင်အဆိုင်ကြားမှ တိုးတက်မှုရှာဖွေရမည်။ ဦးတည်ချက်သစ်နှင့်ဆောင်ရွက်သောကိစ္စများမှ ကောင်းသောအကျိုးဆက်ရရှိမည်။ တစ်ပြိုင်နက်တည်း အခွင့်အရေးနှစ်မျိုးကြုံမည်။ ပညာရေးဆိုင်ရာကိစ္စများ ကိုယ်တိုင်တွင်လည်းကောင်း မိသားစုတွင်လည်းကောင်း ကြုံမည်။ အလုပ်တိုးတက်ခြင်း၊ စီးပွားဥစ္စာတိုးပွားခြင်း ဖြစ်ထွန်းမည်။ ဆုံးဖြတ်ထားပြီးမဆောင်ရွက်ရသေးသောကိစ္စကို ရှေ့တိုးဆောင်ရွက်နိုင်မည်။ မေတ္တာရေးကံကောင်းမည်။ ရပ်တန့်ထားသောလုပ်ငန်းများ ပြန်လည်ဆောင်ရွက်၍ ကောင်းသောအကျိုးဆက် ပြန်လည်ဖြစ်ထွန်းမည်။ ၅၂၈၊ ၁၅၀၀ မေတ္တာရေးကံများ ပေါ်ပေါက်အကျိုးပေးမည်။

ယတြာ – အင်္ဂါနေ့တွင် စိန်ခြယ်ပန်း ဘုရားပန်း ကပ်လှူပါ။

ကြာသပတေးသားသမီး

လုပ်ငန်းတူများကပင် လေးစားအသိအမှတ်ပြုလောက်သည့် ဆောင်ရွက်မှုများကို စနစ်တကျလုပ်ကိုင်နိုင်မည်။ အတိုက်အခံများနှင့်ယှဥ်ပြီး လုပ်ဆောင်သောကိစ္စများ၌ သူတစ်ပါးထက်နှာတစ်ဖျားသာအောင် ဆောင်ရွက်နိုင်မည်။ အမျိုးသမီးမိတ်ဆွေတစ်ဦးထံမှ ထူးခြားသောအကြံဉာဏ်ကောင်းများရရှိမည်။ အလှူမင်္ဂလာကိစ္စများပါဝင်ပတ်သတ်ရမည်။ မိသားစုလိုက် ခရီးကိစ္စဆောင်ရွက်ရမည်။ ဦးတည်ချက်ပြောင်း၍ ဆောင်ရွက်လိုက်သည်များမှ ကောင်းသောအကျိုးအမြတ်ရရှိမည်။ လူလွတ်များမေတ္တာရေး ကိစ္စများကြုံမည်။ ပေါ်ပေါက်လာသော အခွင့်အရေးများကို လက်ခံပါ။ အပြောင်းအလဲပြုရန် ဝန်မလေးသင့်။ စုပေါင်း တွဲဖက်လုပ်ကိုင်ရန် ကမ်းလှမ်းလာပါက လက်ခံနိုင်သည်။

ယတြာ – ကြာသပတေးနေ့တွင် မုန့်စိမ်းပေါင်း ဘုရားကပ်လှူပါ။

သောကြာသားသမီး

ဖြစ်ပေါ်လာသော အပြောင်းအလဲသစ်များကို ရှေ့တိုးဆောင်ရွက်ရမည်။ ငွေကြေးရပိုင်ခွင့်အတွက် ပြောဆိုသောစကားများ အောင်မြင်မည်။ ခရီးကိစ္စများ စီစဥ်အောင်မြင်မည်။ ကိုယ့်အပေါ်ကောင်းကျိုးပြုသော သူများနှင့်တွေ့မည်။ လူမျိုးကွဲ၊ လူမျိုးခြားများနှင့် ဆက်နွယ်လုပ်၍ အကျိုးပေးမည်။ မိမိနံဘေးတွင် ပဋိပက္ခပြုနေသူများ ဝန်းရံနေမည်။ အဖျက်အဆီး အနှောက်အယှက်များကြားမှ ရှေ့တိုးဆောင်ရွက်ရမည်။ ခက်ခဲကြန့်ကြားနေသောကိစ္စများပြန်လည်ဖြေရှင်းနိုင်မည်။ အရှုပ်အထွေးများကြားမှာ မိမိလိုရာဆန္ဒများပြည့်စုံမည်။ အရွေးခက်အောင် အခွင့်အရေးနှစ်မျိုးပေါ်မည်။ ပိုမိုခက်ခဲသောလမ်းကြောင်းကို ရွေးချယ်ပါ။ အိမ်ထောင်သည်များ စိတ်ချမ်းမြေ့ရမည်။ သားသမီး လိုလားသူများ သားသမီးရမည်။

ယတြာ – စနေနေ့တွင် အသက်အရွယ်ကြီးသော အဘိုး၊ အဘွားများကို ဆေးဝါးဒါနပြုပါ။

စနေသားသမီး

ဆိုင်းငံ့ရပ်တန့်ထားသော လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရမည်။ အလှူမင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရမည်။ ခရီးသွား၍ အကျိုးရှိမည်။ ဦးတည်ချက်ပြောင်း၍ ဆောင်ရွက်သောကိစ္စများ အောင်မြင်မည်။ ဆွေမျိုးရေးရာ ကိစ္စများအတွက် စကားများမည်။ အရပ်တစ်ပါးသို့ရောက်ရှိနေသော သူများထံမှ သတင်းကောင်းများ ကြားသိရမည်။ သူတစ်ပါးအပေါ် ယုံကြည်မှုလွန်ကဲခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်တတ်သည်။ အိုးအိမ်ကိစ္စ စကားပြောဆိုရခြင်းများ အောင်မြင်မည်။ နေရာအပြောင်းအလဲနှင့်ဆက်စပ်လုပ်ကိုင်မှုများ အောင်မြင်မည်။ ကာလအတန်ကြာ မျှော်လင့်နေသော ရပိုင်ခွင့်များပြန်ရမည်။ ပျိုရွယ်သူများ စန်းပွင့်မည်။

ယတြာ – စနေနေ့တွင် နို့ထမင်းဘုရားကပ်လှူပါ။ အသုံးမပြုတော့သည့် အထည်ဟောင်းများကို နွမ်းပါးသူများအား လှူဒါန်းပါ။

ရေးသားသူ –ဆရာမရွှေရုပ်လွှာအကြားအမြင် ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။