အိမ်မှုကိစ္စပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် ထိရောက်တဲ့နည်းဗျူဟာများ

Knowledge
အိမ်မှုကိစ္စပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် ထိရောက်တဲ့နည်းဗျူဟာများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်မှုကိစ္စပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် ထိရောက်တဲ့နည်းဗျူဟာများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်မှုကိစ္စပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် ထိရောက်တဲ့နည်းဗျူဟာများ
Woman cleaning the house

ရေခဲသေတ္တာက အနံ့အသက်မကောင်း၊ အာလူးတွေကလည်း အညှောက်တွေပေါက်နေ၊ မိုက်ခရိုဝေ့ထဲ ထည့်ပြီး အပူပေးတဲ့အစားအစာတွေကလည်းမပူ စတဲ့ ပြဿနာတွေကို ကြုံတွေ့နေရလား။ ဒီလိုမျိုးပြဿနာတွေကို ဖြေရှင်းဖို့အတွက် လွယ်ကူရိုးရှင်းပြီး ထိရောက်တဲ့နည်းလမ်းတချို့ရှိပါတယ်နော်။ ဒီနည်းလမ်းတွေကို အသုံးချဖို့အတွက် သင်က ငွေအများကြီးသုံးစရာမလိုပါဘူး။ အိမ်ထောင်ရှင်မအများစုကြုံတွေ့နေရတဲ့ ဒီလိုပြဿနာတွေအတွက် ဒီနည်းဗျူဟာတွေက အရမ်းအသုံးဝင်ပါတယ်။ ဘယ်လိုနည်းဗျူဟာတွေလည်း ဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ကြရအောင်….။

၁ မိုက်ခရိုဝေ့နဲ့ အစားအစာကို အပူပေးတဲ့အခါ

မိုက်ခရိုဝေ့ထဲထည့်ပြီး အစားအစာကို အပူပေးတဲ့အခါ ပန်းကန်ထဲမှာရှိတဲ့အစားအစာက အရမ်းမပူဘဲ ပန်းကန်ဘေးတွေ ပူနေတာကို သင် သတိထားမိပါလိမ့်မယ်။ မိုက်ခရိုဝေ့က သင့်အစားအစာတွေဆီ ရိုဒီယိုလှိုင်းတွေ ပို့ဆောင်နေတဲ့အတွက် အခုလိုဖြစ်ရတာပါ။ ဒီပြဿနာကို ဖြေရှင်းချင်ရင် အပူပေးမယ့် ပန်းကန်ထဲက အစားအစာကို ခလယ်မှာ စုပုံမထားဘဲ ပုံမှာပြထားတဲ့အတိုင်း ဟထားလိုက်ပါ။ ဒီနည်းလမ်းက သင့်ကို အကူအညီဖြစ်စေမှာ အသေအချာပါပဲ။

၂ အာလူးတွေ အပင်ပေါက်ပြီး မပျက်စီးသွားဖို့အတွက်

အစားအစာတွေအလဟဿမဖြစ်သွားဖို့အတွက် ဖြေရှင်းတဲ့နည်းက အခုခေတ်မှာ တကယ်အသုံးဝင်ပါတယ်။ အာလူးလို စားသောက်ကုန်တွေကို အညှောက်ထွက်မလာအောင် သေချာဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ အညှောက်မပေါက်ဖို့အတွက် အာလူးကို ပန်းသီးတစ်လုံးနဲ့ သိုလှောင်ထားပါ။ ကြက်သွန်နီနားမှာ မထားပါနဲ့။

၃ ကြက်ဥအကာနဲ့အနှစ်ကို သက်သက်စီ ခွဲယူဖို့ဆိုရင်

ကြက်ဥအနှစ်နဲ့အကာကို သက်သက်စီ သေသေချာချာမယူတတ်ဘူးဆိုရင် အဲဒီအတွက် သီးသန့်ပစ္စည်းတစ်ခုမလိုအပ်ပါဘူး။ အပေါက်တွေပါတဲ့သံယောက်မတစ်ခုရှိရင် ရပါတယ်။ သံယောက်မရဲ့အကူအညီနဲ့ ပုံမှာပါထားတဲ့အတိုင်း ကြက်ဥအကာနဲ့အနှစ်ကို သက်သက်စီ ယူလို့ရပါတယ်။

၄ ဓားသွေးချင်ရင် ခွက်တစ်ခုကို အသုံးပြုပါ

မီးဖိုချောင်သုံးဓားတွေကိုလည်း ဂရုစိုက်ပေးဖို့လိုပါတယ်။ အဲဒီလိုမှမဟုတ်ရင် ဓားတွေက မထက်တော့ဘဲနေပါလိမ့်မယ်။ ဓားသွေးတဲ့စက်မရှိရင် မက်ခွက်တစ်လုံးကို ယူပြီး မက်ခွက်ကိုမှောက်လိုက်ပါ။ မက်ခွက်အစွန်းအဖျားတွေမှာ ဓားကို သွေးပေးရုံပါပဲ။

၅ ပလတ်စတစ်ခွက်နဲ့ ဖန်ခွက်တွေကနေ အနံ့ဆိုးတွေဖယ်ရှားချင်ရင်

ဆပ်ပြာနဲ့သန့်စင်ပြီးတာတောင် ဖန်ခွက်က ဆက်ပြီးအနံ့ဆိုးထွက်နေတယ်ဆိုရင် သတင်းစာကို အသုံးပြုလိုက်ပါ။ သတင်းစာက အနံ့ဆိုးတွေကို စုပ်ယူပေးနိုင်ပါတယ်။ သတင်းစာစာရွက်တွေကို ယူပြီး ချေမွလိုက်ပါ။ ပြီးရင် ဖန်ခွက် (သို့) ဖန်ပုလင်းထဲ ထည့်ပေးပြီး (၂) ရက်လောက်ထားလိုက်ပါ။

၆ ရေခဲသေတ္တာထဲက အနံ့ဆိုးတွေကို ဖယ်ရှားချင်ရင်

ရေခဲသေတ္တာထဲမှာ ဟင်းသီးဟင်းရွက်တွေနဲ့ အသီးတွေ ဆွေးမြည့်ပုတ်သွားတဲ့အခါ ရေခဲသေတ္တာထဲမှာ အနံ့ဆိုးတွေ အချိန်အကြာကြီး ကျန်နေခဲ့နိုင်ပါတယ်။ အဲဒီလိုအနံ့ဆိုးတွေကို ဖယ်ရှားချင်ရင် သင့်ရေခဲသေတ္တာထဲမှာ မုန့်ဖုတ်ဆိုဒါဗူးကို ထည့်ပေးထားပါ။ မုန့်ဖုတ်ဆိုဒါက အနံ့မရှိပေမဲ့ အနံ့ဆိုးတွေကို စုပ်ယူပေးတဲ့နေရာမှာ အရမ်းကောင်းပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။