အဘွားဖြစ်သူ၊ အမေဖြစ်သူတို့ရဲ့မွေးရက်တစ်ရက်တည်းမှာ မွေးဖွားလာခဲ့တဲ့ကလေးလေး

International News
အဘွားဖြစ်သူ၊ အမေဖြစ်သူတို့ရဲ့မွေးရက်တစ်ရက်တည်းမှာ မွေးဖွားလာခဲ့တဲ့ကလေးလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဘွားဖြစ်သူ၊ အမေဖြစ်သူတို့ရဲ့မွေးရက်တစ်ရက်တည်းမှာ မွေးဖွားလာခဲ့တဲ့ကလေးလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဘွားဖြစ်သူ၊ အမေဖြစ်သူတို့ရဲ့မွေးရက်တစ်ရက်တည်းမှာ မွေးဖွားလာခဲ့တဲ့ကလေးလေး

ဗလာရီ ဝီဗာ ဆိုတဲ့ ကလေးမိခင်ဟာ သူ့ရဲ့ ၃၄ နှစ်ပြည့်မွေးနေ့မှာ သူ့ရဲ့ ၄ ယောက်မြောက် ကလေးလေးမွေးဖွားခဲ့လို့ အံ့အားသင့်ခဲ့ရပါတယ်။ သူဟာ တီဂန်ဆိုတဲ့ သမီးလေးကို အောက်တိုဘာ ၂၃ ရက်နေ့မှာ မွေးခဲ့တာပါ။ အဲ့ဒီနေ့က သူ့ရဲ့မွေးနေ့လည်းဖြစ်သလို သူ့မိခင် ဝမ်ဒါ စချာရဲ့မွေးနေ့လည်းဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ မွေးဖွားရက်မတိုင်ခင် သူတို့ရဲ့မွေးနေ့မှာ မမျှော်လင့်ဘဲ တီဂန် မွေးလာခဲ့လို့ ဗလာရီတို့သားအမိ အရမ်းအံ့အားသင့်သွားခဲ့ရတာပါ။ ဗလာရီနဲ့ တီဂန်တို့ကြား တူညီတဲ့အချက်လည်းရှိပါသေးတယ်။ ဗလာရီက မိသားစုမှာ ၄ ယောက်မြောက်သမီးဖြစ်သလို တီဂန်ကလည်း ၄ ယောက်မြောက်သမီးပါပဲ။

အခု အဘွား၊ မိခင်၊ သမီးဖြစ်သူတွေ မွေးရက်တစ်ရက်တည်းမွေးဖွားခဲ့တာက အတော်လေးထူးခြားတယ်ပြောရမှာပါပဲ။ “ကျွန်မကို အောက်တိုဘာ ၂၃ ရက်ညနေမှာ မွေးတယ်၊ ဗလာရီကိုလည်း အောက်တိုဘာ ၂၃ ရက်နေ့ ညနေမှာမွေးတယ်၊ အခု တီဂန်လည်း အတူတူပါပဲ။ ဒါကြောင့် ဒါက အတော်လေးထူးခြားတယ်”လို့ တီဂန်ရဲ့အဘွားဖြစ်သူ ဝမ်ဒါက ဆိုပါတယ်။
တီဂန်ရဲ့ အလယ်နာမည်ကို အဘိုးအဘွားဖြစ်သူတွေရဲ့နာမည်ကို ယူမှာပါ။ ဝမ်ဒါနဲ့ ဗလာရီတို့သားအမိက မွေးနေ့အတူတူကျင်းပလာခဲ့တာ နှစ်တော်တော်ကြာပါပြီ။ အခုဆို နောက်နှစ်တွေမှာ တီဂန်နဲ့ အတူတူဆင်နွှဲရဖို့ မျှော်လင့်နေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။