အယ်လ်ရှီဖာဆေးရုံထဲမှာ ဟားမတ်စ်တွေရဲ့ lat nat တွေ သိမ်းဆည်းမိတယ်လို့ အစ္စရေးပြော

International News
အယ်လ်ရှီဖာဆေးရုံထဲမှာ ဟားမတ်စ်တွေရဲ့ lat nat တွေ သိမ်းဆည်းမိတယ်လို့ အစ္စရေးပြော

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အယ်လ်ရှီဖာဆေးရုံထဲမှာ ဟားမတ်စ်တွေရဲ့ lat nat တွေ သိမ်းဆည်းမိတယ်လို့ အစ္စရေးပြော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အယ်လ်ရှီဖာဆေးရုံထဲမှာ ဟားမတ်စ်တွေရဲ့ lat nat တွေ သိမ်းဆည်းမိတယ်လို့ အစ္စရေးပြော

ဆေးရုံထဲမှာ သိမ်းဆည်းမိခဲ့တယ်လို့ အစ္စရေးတို့ ဆိုတဲ့ ဟားမတ်စ်တွေရဲ့ ပစ္စည်းတွေ

ဂါဇာမြို့မှာ ရှိတဲ့ အယ်လ် ရှီဖာ ဆေးရုံအတွင်းထဲမှာ အစ္စရေးစစ်တပ်က ရှာဖွေစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်။ အဲဒီမှာ ဟားမတ်စ်lat natကိုင်တွေက လျှို့ဝှက် ကွပ်ကဲရေးစခန်းတစ်ခု ထားထားတယ်ဆိုတဲ့ ပြောဆိုချက်တွေကို သက်သေပြနိုင်ဖို့ အစ္စရေးစစ်တပ်အနေနဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဆေးရုံထဲက နေရာငယ်လေးတစ်ခုထဲ ဘီဘီစီ သတင်းထောက်တစ်ဦးကို အစ္စရေးစစ်တပ်က ခေါ်သွားခဲ့ပြီး ဟားမတ်စ်lat natကိုင်တွေ ဖွက်ထားတယ်ဆိုတဲ့ ရိုင်ဖယ်thayနတ်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ ကျည်ကာအင်္ကျီတွေကို ခေါ်ပြခဲ့ပါတယ်။ အဲဒီဆေးရုံက ဆရာဝန် ဒါမှမဟုတ် လူနာတွေနဲ့တော့ ဘီဘီစီသတင်းထောက်ကို စကားပြောခွင့် မပေးခဲ့ပါဘူး။

ဟားမတ်စ်တို့ဘက်ကတော့ သူတို့အဲဒီမှာ လှုပ်ရှားနေတယ်ဆိုတာကို ငြင်းဆိုထားသလို ဘီဘီစီအနေနဲ့ နှစ်ဖက်စလုံးရဲ့ ပြောဆိုချက်တွေကို သီးခြားအတည်ပြုချက် မရယူနိုင်သေးပါဘူး။

အစ္စရေးနဲ့ ဟားမတ်စ်အကြား တိုက်ပွဲတွေ သီတင်းပတ်နဲ့ချီ ဖြစ်ပွားခဲ့အပြီး ဂါဇာမြို့ဟာ ငလျင်ဒဏ်ခံထားရတဲ့ မြို့နဲ့ တူနေတယ်လို့ သူက ပြောပါတယ်။

အစ္စရေးစစ်တပ်က ဟားမတ်စ်တွေ ထိန်းသိမ်းထားတဲ့ ဓားစာခံတွေရဲ့ ပုံတွေ၊ ဗီဒီယိုတွေ ပါတယ်ဆိုတဲ့ လက်ပ်တော့ ကွန်ပျူတာ တစ်ခုကို ဘီဘီစီကို ပြခဲ့ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။