ထူးဆန်း သော စကားများ

Astrology
ထူးဆန်း သော စကားများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထူးဆန်း သော စကားများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ထူးဆန်း သော စကားများ

တစ်နေ့သ၌ ကျွန်ုပ် နေ ထိုင် ရာ အမှတ် ၁၂၃ ၊ ဇေယျာ ၅ လမ်း ၊
၁၀ ရပ်ကွက် ၊တောင်ဥက္ကလာ ။ နေအိမ်သို့ အိမ် နီးခြင်းဖြစ်သူ
မ အေးပု သည် ပျာရီး ပျာယာ ဖြင့် ရောက် ရှိ လာ လေ၏ ။
ကျွန်ုပ် လည်း နေ့ လည်စာ စား အပြီး လဖက် ရည် လေး တစ်ငုံ
ကွမ်းယာ လေး တစ်မြုံ့မြုံ့ ဖြင့် ခပ်နွမ်းနွမ်း စည်းစိမ် လေး ခံစား
နေချိန် ဖြစ် ရာ မျက်လုံး မပွင့် တစ်ပွင့် နှင့် ဘာကိစ္စ လဲဗျာ ဟု မေး
ရ လေ တော့၏ ။

မ အေးပုက ဆရာ တို့များအေးချမ်း နေလိုက်တာ
အေးပု တို့ တော့ မ အေး နှိုင် ပါဘူး ။ အဝတ် လျှော် တုန်း လက်စွတ်
က လေး ချွတ်ပြီး ကန် ဘောင် ပေါ် တင် ထား တာ ခု မ တွေ့ တော့
ဘူး တော့ ၊ အိမ် လဲ ဘယ်သူမှ လာတာမဟုတ် ၊ ဆရာ ရယ် လုပ် ပါ
ဦး ဟုဆိုလေ ၏။

ကျွန်ုပ် လဲ ဟို ဗေဒင် ဒီ ဗေ ဒင် တွေ မတွက်ချင်
သဖြင့် `ယာ နို´ ဆိုတဲ့ အသံ ထွက် က လေး ကို (၁၀၁) ခေါက်
ရွတ်ပြီး ရှာ ၊ ပြန် တွေ့ လိမ့်မယ် ၊ ဟု ပြော လိုက် ရ လေ တော့သည်။
မ အေးပု လဲ ယာနို ယာနို နှင့် လက်ချိုး ရေ ရွတ် ရင်း ပြန်သွား လေ
တော့သည် ။ ခဏ ကြာ သော် မ အေးပု တို့ အိမ် ဖက် မှ ၊
တွေ့ပြီ ဆရာ ရေ ရေ ကန် ထဲ မှာ ပြောင် ပြောင် လေး တော့
ဟု ဝမ်းသာအားရ အော် ပြော လိုက် သော မ အေးပု အသံ ကို
ကြားရ လေ တော့ သတည်း။

အချစ် ရေး ကိစ္စ — လိုလာ (၁၂) ခေါက် ရွတ်
ငွေ ကြေး ကိစ္စ — တြင် ကာ (၅) ခေါက်
အ ကြောင်း အရာ တစ်ခု မေ့လျှင် — ဇင်းဒါး (၁၂).ခေါက်
အကူညီ လိုအပ် သည့် အခါ — အရွန် ရွန် (၂၈)
ကျန်းမာ ရေး ကောင်း စေ — ဗရီးမား (၁၆)
အိမ် ထောင် ရေး အဆင် ပြေ စေဖို့ — ကာဂျူရယ် (၁၅)
ခေါက် ရွတ်ဆို ရုံ နှင့် သင် တို့၏ အခက် အခဲများ ပြေ ပျောက်
သွား ပေ လိမ့် မည် ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။