မင်းသားမဖြစ်ခင် အလုပ်ပေါင်း ၄၀ လုပ်ခဲ့ရတဲ့ ရွှေမြင်းရုပ်ရှင်ထူးချွန်ဆုရ မင်းသားဝူကန်ရန်

Celebrity International News
မင်းသားမဖြစ်ခင် အလုပ်ပေါင်း ၄၀ လုပ်ခဲ့ရတဲ့ ရွှေမြင်းရုပ်ရှင်ထူးချွန်ဆုရ မင်းသားဝူကန်ရန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်းသားမဖြစ်ခင် အလုပ်ပေါင်း ၄၀ လုပ်ခဲ့ရတဲ့ ရွှေမြင်းရုပ်ရှင်ထူးချွန်ဆုရ မင်းသားဝူကန်ရန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မင်းသားမဖြစ်ခင် အလုပ်ပေါင်း ၄၀ လုပ်ခဲ့ရတဲ့ ရွှေမြင်းရုပ်ရှင်ထူးချွန်ဆုရ မင်းသားဝူကန်ရန်

ထိုင်ဝမ်မင်းသားချော ဝူကန်ရန်အတွက် နိုဝင်ဘာ ၂၅ ရက်နေ့က ကျင်းပခဲ့တဲ့ ၆၀ ကြိမ်မြောက် ရွှေမြင်းရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ သူ့ရဲ့ပထမဆုံးအကောင်းဆုံးမင်းသားဆုကို ရရှိဖို့ ၁၄ နှစ်အချိန်ယူခဲ့ရတာပါ။ သူဟာ မလေးရှားရုပ်ရှင် Abang Adik နဲ့ အကောင်းဆုံးမင်းသားဆုကို ဆွတ်ခူးခဲ့တာပါ။ အသက် ၄၁ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ ဝူကန်ဟာ အဲဒီဇာတ်ကားမှာ နားမကြားသူတစ်ဦးအဖြစ် သရုပ်ဆောင်ဖို့ ၈ ကီလိုဂရမ်ဝိတ်ချခဲ့ရတဲ့အပြင် လက်ဟန်ပြဘာသာစကားကိုလည်း သင်ယူခဲ့ရပါတယ်။

ဆုပေးပွဲပြီးတဲ့နောက်မှာ အခုလို နေရာရောက်ဖို့ ကျော်ဖြတ်ခဲ့ရတဲ့ ဝူကန်ရန်ရဲ့ အခက်အခဲတွေအကြောင်းကို သူ့သူငယ်ချင်းဖြစ်သူ ကျီဝေက ထုတ်ပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်က အေဂျင်စီကနေ ထွက်ခဲ့ပြီးကတည်းက ဝူကန်မှာ မန်နေဂျာမရှိပါဘူး။ အနုပညာအလုပ်နဲ့ပတ်သက်ပြီး သူ့ဘာသူ စီမံခန့်ခွဲနေခဲ့တာပါ။

ဝူကန်ဟာ အနုပညာနယ်ပယ်ထဲမဝင်ရောက်ခင်က ဆောက်လုပ်ရေးလုပ်သားအဖြစ် အလုပ်လုပ်ခဲ့တာပါ။ အသက် ၁၅ နှစ်အရွယ်မှာ စပြီး အလုပ်လုပ်ခဲ့တာပါ။ အသက် ၁၉ နှစ်မပြည့်ခင်မှာ အလုပ်ပေါင်း ၄၀ လုပ်ပြီးသွားပါပြီ။ ဂဟေဆော်တဲ့အလုပ်ကစပြီး စားပွဲထိုးအလုပ်တွေအထိပါပဲ။

အသက် ၂၇ နှစ်ကျမှ မော်ဒယ်အဖြစ် အနုပညာလောကထဲ ဝင်ရောက်ခဲ့ပြီး အသက် ၄၁ နှစ်ရောက်တဲ့အချိန် ရွှေမြင်းဆုပေးပွဲမှာ သူ့ရဲ့ပထမဆုံးအကောင်းဆုံးမင်းသားဆုကို ဆွတ်ခူးသွားခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။