ဒူဘိုင်းမြို့မှာ ရာသီဥတုဆိုင်ရာညီလာခံ စတင်ကျင်းပ

International News
ဒူဘိုင်းမြို့မှာ ရာသီဥတုဆိုင်ရာညီလာခံ စတင်ကျင်းပ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒူဘိုင်းမြို့မှာ ရာသီဥတုဆိုင်ရာညီလာခံ စတင်ကျင်းပ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒူဘိုင်းမြို့မှာ ရာသီဥတုဆိုင်ရာညီလာခံ စတင်ကျင်းပ

ဒီဇင်ဘာ ၁ ရက် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံက ဒူဘိုင်းမြို့မှာ ရာသီဥတုဆိုင်ရာညီလာခံ ရဲ့ အဖွင့်နေ့ကို ကမ္ဘာ့ခေါင်းဆောင်တွေတက်ရောက်ကြတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

ကမ္ဘာမှာအရေးအကြီးဆုံး ရာသီဥတုဆိုင်ရာ အစည်းအဝေးဖြစ်တဲ့ COP28 ကို ကမ္ဘ့ာရေနံ ထုတ်လုပ်မှုအများဆုံး ၁၀ နိုင်ငံထဲပါတဲ့ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံက ဒူဘိုင်းမြို့မှာအိမ်ရှင်အဖြစ်လက်ခံကျင်းပတာကြောင့် ထူးခြားသလို ဝေဖန်မှုတွေလည်းရှိနေပါတယ်။

COP28 ဟာ တက်ရောက်သူလည်း ၇၀,၀၀၀ နီးပါးအထိရှိမှာဖြစ်ပြီး နောက်ထပ် နှစ်ပတ်လောက်အထိ ရာသီဥတုပြောင်းလဲမှုဆိုင်ရာအကြောင်းအရင်းတွေကို ဒီညီလာခံမှာ‌ဆွေးနွေးကြမှာပါ။

ဒီကနေ့ ညီလာခံဖွင့်ပွဲကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို နှစ်ပေါင်းများစွာတစိုက်မတ်မတ် လုပ်ခဲ့ပြောခဲ့တဲ့ တတိယမြောက် ချားစ်ဘုရင်တက်ရောက်မိန့်ခွန်းပြောခဲ့သလို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အပြင် ဗြိတိန်၊ ပြင်သစ်၊အိန္ဒိယ အပါအဝင် အမေရိကန်ရဲ့ ရာသီဥတုဆိုင်ရာသံတမန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျွန်ကယ်ရီ ၊ အာရပ်စော်ဘွားနိုင်ငံတွေက နိုင့်ခေါင်းဆောင်တွေတက်ရောက်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။