မိသားစုအတွက်ပေးဆပ်အနစ်နာခံရဆုံးသောအကြွင်းနေ့ဖွားများ

Astrology
မိသားစုအတွက်ပေးဆပ်အနစ်နာခံရဆုံးသောအကြွင်းနေ့ဖွားများ

မြန်မာ့မဟာဘုတ်ဖွားဇာတာအရ – မိမိမြန်မာမွေးသက္ကရာဇ်ကို ၇-ဖြင့်စားခြင်းဖြင့် မိမိအကြွင်းဖွားကို ၁ကြွင်းဖွား၊ ၂ ကြွင်းဖွား စသဖြင့် သိရှိနိုင်ပါသည် ။

မိမိမြန်မာမွေးသက္ကရာဇ်ကို ၇-ဖြင့်စား၍ ၁ကြွင်းသော တနင်္လာ ပုတိဖွားများနှင့် စနေ အထွန်းဖွားများ အနေဖြင့် ဘ၀တွင် မိသားစု အသိုင်း၀န်းပေါ် အနစ်နာခံပေးဆပ်ရမှု များတတ်သော ဇာတာရှင်များဖြစ်ပါသည်။

ထိုနည်းတူစွာ ၂ကြွင်းသော ဗုဒ္ဓဟူး သိုက်ဖွားများအနေဖြင့် ဘ၀တွင် ငယ်ရွယ်စဉ်ကာလများတွင် မိသားစု အသိုက်၀န်းပေါ် များစွာပေးဆပ်အနစ်နာခံရတတ်လေ့ရှိသည်။

၃ကြွင်းသော ကြာသပတေး သိုက်ဖွားများအနေဖြင့် မိသားစု အသိုက်၀န်းပေါ် အနစ်နာခံပေးဆပ်ရလေ့ရှိတတ်သော ဇာတာရှင်နေ့ဖွားများဖြစ်ပြီး ကျေးဇူးတရား နားမလည်တတ်သူများကြောင့် စိတ်ညစ်နွမ်းရတတ်သော ဇာတာရှင်များဖြစ်သည်။

၄ကြွင်းသော သောကြာသိုက်ဖွားများအနေဖြင့် ဘ၀တွင် ဆွေမျိုးသားချင်း ဒုက္ခပေးတတ်သော၊ သွေးသားရင်းချာများအပေါ် များစွာ အနစ်နာခံပေးဆပ်ရတတ်သော ဇာတာရှင်များဖြစ်သည်။

၅ကြွင်းသော ဗုဒ္ဓဟူးညနေဖွား(ရာဟုနေ့ဖွား) များအနေဖြင့် ဘ၀တွင် မိသားစု အသိုင်းဝိုင်းပေး အနွံတာခံ ပေးဆပ်ရင်း မိမိဘ၀ စီမံကိန်းအချို့ကိုပါ ရွှေ့ပြောင်း ရပ်ဆိုင်းရသည်ထိ ပေးဆပ်ရတတ်သော ဇာတာရှင်များဖြစ်ပါသည်။

၆ကြွင်းသော သောကြာ ဘင်္ဂဖွားများအနေဖြင့် ဘ၀တွင် မိသားစု အသိုင်းဝိုင်းပေါ် အင်တိုက်အားတိုက် ကြိုးစားရုန်းကန်လှုပ်ရှားပြီး ပေးဆပ်ရတတ်သော ဇာတာရှင်များဖြစ်သည်။ ဘ၀ရည်မှန်းချက် ပန်းတိုင်များ ပျောက်ဆုံးဖူးသည်ထိ အနစ်နာခံပေးဆပ်ရတတ်သော ဇာတာရှင်များသည်။

၀ကြွင်းသော တနင်္ဂနွေ ပုတိဖွားများအနေဖြင့် မိသားစု ဆွေမျိုးအသိုက်၀န်းပေါ် အနစ်နာခံပေးဆပ်ရတတ်သော ဇာတာများဖြစ်သည်။ အိမ်ထောင် အသိုင်း၀န်း၏ အညိုညင် ဆင်းရဲခြင်းခံရသည်ထိ အနစ်နာခံပေးဆပ်ရတတ်သော ဇာတာရှင်များဖြစ်သည်။

အဆိုပါဇာတာရှင်များအနေဖြင့် နာမည်တည်ဆောက်ပုံ အနေအထားအရ အနစ်နာခံ ပေးဆပ်ရမှု အတိုင်းအတာ ကွာဟသွားပါလိမ့်မည်။
ဘ၀တစ်သက်တာ သဘာ၀ယတြာအနေဖြင့် ပရဟိတလုပ်ငန်းများတွင် တတ်အားသရွေ့လှူဒါန်းခြင်း၊ မိဘမဲ့ကလေးများအား အဟာရ ဒါနပြုခြင်းများ မကြာခဏ နှစ်စဉ် ပြုပေးသင့်ပါသည်။

ရေးသားသူ –ဆရာလင်းဝေအောင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။