ခြောက်ထောင့်ကြယ်အသုံး

Astrology
ခြောက်ထောင့်ကြယ်အသုံး

တစ်ခါတစ်ရံ မိမိတို့ဘ၀မှာ စိတ်အနှောင့်ယှက်ဖြစ်အောင် ဒုက္ခအမျိုးမျိုးပေးနေတတ်သူတွေနဲ့ မဖြစ်မနေဆက်ဆံ ရတဲ့အခါမျိုးမှာ တစ်ဖက်လူလည်းဒုက္ခမရောက် ကိုယ့်ကိုယ်လည်းဒုက္ခမပေးနိုင်တဲ့ လောကီပညာကို ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံး စက္ကူအဖြူပေါ်မှာ ဖော်ပြပါအတိုင်း ခြောက်ထောင့်ကြယ်တစ်ခုကို မှင်အနီနဲ့ ရေးဆွဲပါ။ အလယ်ကွက်လပ်တွင် ဒုက္ခပေးနေသူရဲ့ နာမည်ကို ရေးပါ။ ၄င်းအမည်ရေးထားသော အပေါ်မှာဖန်ခွက်ကလေးတင် ရေလေးထည့်ပြီး သက်ဆိုင်တဲ့သူရဲ့အမည်အစလုံးအရ သက်ဆိုင်ရာညွန့်လေးထိုးပါ။

အမည်အက္ခရာ … အ၊ဥ၊ သြ နှင့်စသူဖြစ်ပါက သီဟို ၆ညွန့်(သို့) သပြေ၆ညွန့် ၊ သောကြာနေ့ မနက် ၆နာရီခွဲတွင် စတင်လုပ်ဆောင်ပါ။

အမည်အက္ခရာ… က၊ ခ၊ ဂ၊ ဃ၊ င နှင့်စသူဖြစ်ပါက ဒန်းညွန့်(သို့) ထန်းညွန့် (၇)ညွန့်၊ စနေ့မနက် ၆နာရီခွဲတွင် စတင်လုပ်ဆောင်ပါ။

အမည်အက္ခရာ… စ၊ ဆ၊ ဇ၊ စျ ၊ ည နှင့်စသူဖြစ်က အုန်း၁ညွန့်၊ တနင်္ဂနွေနေ့မနက် ၆နာရီခွဲတွင် စတင်လုပ်ဆောင်ပါ။

အမည်အက္ခရာ… ယ၊ ရ၊ လ၊ ၀ နှင့် စသူဖြစ်ပါက ကြံ (သို့) ကံကော် ၂ညွန့်၊ တနင်္လာနေ့ မနက် ၆နာရီခွဲတွင် စတင်လုပ်ဆောင်ပါ။

အမည်အက္ခရာ… ပ၊ဖ၊ဗ၊ဘ၊မ နှင့်စသူဖြစ်ပါက ဇီး (သို့) ဇော်စိမ်း ၃ညွန့်၊ အင်္ဂါနေ့ မနက် ၆နာရီခွဲတွင် စတင်လုပ်ဆောင်ပါ။

အမည်အက္ခရာ… သ၊ဟ နှင့်စသူဖြစ်ပါက ရွက်လှ (သို့)ဝါး ၄ညွန့်၊ဗုဒ္ဓဟူးနေ့ မနက် ၆နာရီခွဲတွင် စတင်လုပ်ဆောင်ပါ။

အမည်အက္ခရာ … တ၊ထ၊ဒ၊ဓ၊န နှင့်စသူဖြစ်ပါက မေမြို့ ၅ပွင့် (သို့)ပျဉ်းမ ၅ညွန့်… ကြာသပတေးနေ့ မနက် ၆နာရီခွဲတွင် စတင်လုပ်ဆောင်ပါ။

ဒုက္ခပေးနေသူ၏ နာမည်အရ သတ်မှတ်ထားသော နေ့အချိန်တွင် သတ်မှတ်ထားသော ပန်း အညွန့်များ ထိုးပြီး သိကြားမင်းဂါထာဟု ခေါ်သော ဝေသာဒါကု ဂါထာကို ၃၇ ခေါက်ရွတ်ဖတ်ရပါမည်။ မေတ္တာသုတ် ၃ခေါက်ရွတ်ဖတ်ပြီး စိတ်ဆင်းရဲ ဒုက္ခဆင်းရဲဖြစ်အောင် ပြုလုပ်သူသည် ဒုက္ခမပေးနိုင်ပါစေနှင့်။ ထိုကဲ့သို့ ဒုက္ခပေးသူများနှင့် ဝေးရပါလို၏ ဟုဆုတောင်းပါ။ ၉ရက်ဆက်တိုက်လုပ်ရပါမည်။ ပထမစတင်သောနေ့တွင်သာ သတ်မှတ်ထားသောအချိန်တွင် ဆောင်ရွက်ပါ။အခြားနေ့များတွင် အဆင်ပြေသောအချိန်မှ စတင်ဆောင်ရွက်ပါ။

၉ရက်ပြည့်ပြီး စက္ကူတွင်ရေးထားသော ခြောက်ထောင့်ကြယ် နှင့် ပန်းအညွန့်များကို စီးဆင်းနေသော မြစ် ချောင်း စသည်တွင် စွန့်ပစ်ပါ။ အရမ်းဆိုးသွမ်းစွာ ဒုက္ခပေးနေသူများပင် သုံးကြိမ်ထက် ပိုမိုမလုပ်ရပါပေ။ ဘုရားစဉ်ရှေ့တွင် ခုံအလွတ်တစ်လုံးချပြီး မိမိမွေးနေ့ မှ စတင်လုပ်ဆောင်ပါ။

ဂါထာ
——-
ဝေဒါသာကု ကုသာဒါဝေ
ဒါယသာတ တသာယဒါ
သာသာဓိကု ကုဓိသာသာ
ကုတကုဘု ဘုကုတကု

ဘေးရန်ကင်းကွာချမ်းသာပါစေ

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။