ကမ္ဘာကြီးကိုကယ်တင်ဖို့ရည်ရွယ်ချက်နဲ့ ဟာဝိုင်ယီကနေ ဩစတြေးလျကို တစ်ကိုယ်တော်လှော်ခတ်သွားမယ့် အမျိုးသား

International News
ကမ္ဘာကြီးကိုကယ်တင်ဖို့ရည်ရွယ်ချက်နဲ့ ဟာဝိုင်ယီကနေ ဩစတြေးလျကို တစ်ကိုယ်တော်လှော်ခတ်သွားမယ့် အမျိုးသား

အသက် ၃၆ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ ကမ္ဘာကြီးကို ကယ်တင်ဖို့ ရည်ရွယ်ရင်း ဟာဝိုင်ယီကနေ ဩစတြေးလျဆီ မိုင် ၅၀၀၀ ခရီးစဉ်ကို တစ်ကိုယ်တော် လှော်ခတ်ခြင်းဖြင့် စံချိန်သစ်တင်ဖို့ ကြိုးစားနေပါတယ်။ သူကတော့ ကော်လိုရာဒိုပြည်နယ်က တီဇ် စတင်းဘာ့ဂျ်ဆိုသူဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပြီး သူ့ရဲ့တစ်ကိုယ်တော်ခရီးစဉ်ကို ရာသီဉတုပေါ်မူတည်ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့ကျ ဟာဝိုင်ယီကနေ ထွက်ခွာဖို့ စီစဉ်ထားပါတယ်။

သူက ထောက်ကူလှေမပါဘဲ အစားအသောက်၊ ဆေးဝါးအပါအဝင် လိုအပ်သမျှ အကုန်ယူဆောင်ပြီးတော့ ပင်လယ်ထဲ တစ်ယောက်တည်း လှော်ခတ်သွားမှာဖြစ်ပါတယ်။ သူ့အတွက် ဟာဝိုင်ယီကနေ ဩစတြေးလျဆီ လှေလှော်ခတ်သွားဖို့ ကြိုးပမ်းမှုက ဒုတိယအကြိမ်မြောက်စွန့်စားမှုဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်က သူဟာ ဟာဝိုင်ယီကနေ ကယ်လီဖိုးနီးယားဆီ ရက် ၇၁ ရက်ကြာ တစ်ကိုယ်တော်လှေလှော်ခတ်သွားခဲ့ပါသေးတယ်။

အဲဒီတုန်းက သမုဒ္ဒရာအတွင်း ပလတ်စတစ်ညစ်ညမ်းမှုအကျပ်အတည်းအတွက် ဖြေရှင်းချက်တွေကို အရှိန်မြှင့်ဖို့နဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ လှုံ့ဆော်တဲ့ ရည်ရွယ်ချက်နဲ့ သူ ဖွဲ့စည်းထားတဲ့ United World Challenge အဖွဲ့အစည်းကတဆင့် ရန်ပုံငွေဒေါ်လာ ၇၀၀၀၀ ကျော်ရရှိခဲ့ပါတယ်။

အခု ဒုတိယအကြိမ်မြောက် တစ်ကိုယ်တော်လှေလှော်ခတ်သွားမယ့်ခရီးစဉ်က သမုဒ္ဒရာကို ထိန်းသိမ်းဖို့နဲ့ အထူးသဖြင့် သမုဒ္ဒရာအတွင်း ပလတ်စတစ်ညစ်ညမ်းမှုကို အာရုံစိုက်ဖို့ပါပဲ။ ဒီခရီးစဉ်က ပထမခရီးစဉ်နဲ့ပေါင်းပြီးတော့ ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးဖို့ ကြိုးပမ်းမှုရဲ့တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။ ဒါပေမဲ့ စံချိန်ချိုးတာက သူ့ရဲ့ဦးစားပေးတော့မဟုတ်ပါဘူး။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။