ကြက်နိမိတ်ကောက်ယူနည်း

Astrology
ကြက်နိမိတ်ကောက်ယူနည်း

ကျွန်တော်တို့ မြန်မာမှုဗေဒင်ပညာရပ်မှာ ထူးခြားနေတယ်လို့ ထင်မလား​ေတာ့မသိဘူး ။ကြက်နိမိတ်ကောက်ယူ ဗေဒင်ဟောနည်းဆိုတာ ရှိပါတယ် ။

၁။ ကိုယ်အလုပ်ကိတ်စတစ်ခုနဲ့ခရီးသွားနေတုန်းရုတ်တရက်ကြက်တွန်သံကြားခဲ့ရင်လိုရာပြီးစီးအောင်မြင်ပါလိမ့်မယ်။

၂။ ကိုယ့်မျက်စိရှေ့မှာတွေ့မြင်ရတဲ့ကြက်ကလေးကိုကြက်ကြီးတစ်ကောင်ကနှုတ်သီးနဲ့ထိုးဆိတ်နေရင်အထက်လူကြီးရဲ့ငြိုငြင်မှုကိုခံရတော့မယ့်နိမိတ်ဖြစ်ပါတယ်။

၃။ ကိုယ့်ရှေ့ကနေကြက်ဖတစ်ကောင်ရုတ်တရက်ဖြတ်ပြေးသွားတာမြင်ခဲ့ရင်ဇနီးသည်ဒါမှမဟုတ်ချစ်သူနဲ့ခွဲခွာရတတ်ပါတယ်။

၄။ ကြက်သားအုပ်မကိုယ့်အနားပြေးဝင်လာတာမြင်တွေခဲ့ရင်တော့ပစ္စည်းဥစ္စာရတနာရွှေငွေအစုလိုက်အပြုံလိုက်ရတော့မယ်နိမိတ်ဖြစ်ပါတယ်။

၅။ ကိုယ့်ရဲ့နောက်ဖက်ကနေကြက်တွန်သံကြားခဲ့ရရင်တော့ရည်မှန်းထားတာတွေပျက်ဆီးတတ်ပါတယ်။

၆။ ကိုယ့်ရဲ့ရှေမှာကြက်ဖနှစ်ကောင်သဲကြီးမဲကြီးခွပ်နေတာတွေ့မြင်ခဲ့ရင်တော့တစ်ယောက်ယောက်နဲ့ရန်စကားပြောဆိုရတတ်ပါတယ်။နောက်ပြီးအမှုအခင်းနိုင်ပါမယ်။

၇ ။thayနေတဲ့ကြက်တစ်ကောင်မှာလောက်တွေတဖွားဖွားတက်နေတာမြင်တွေ့ခဲ့ရင်တော့ကိုယ်သွားနေတဲ့လမ်းခရီးမှာရွှေငွေကောက်ရတတ်ပါတယ်။

၈။ ကိုယ်သွားတဲ့လမ်းခရီးမှာကြက်မနှစ်ကောင်သည်းကြီးမဲကြီးခွက်နေတာမြင်တွေ့ခဲ့ရင်တော့မျှော်လင့်မထားပဲသူတစ်ပါးကရန်ပြုလာတာကိုကြုံတွေ့ရတတ်ပါတယ်။

ရေးသားသူ –ဆရာ သာထက်ဇော် မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။