ကြောင်စွပ်ပြုတ်အတွက် တစ်လကို ကြောင် အကောင်ရေ ၃၀၀ လောက်thetတဲ့ ဗီယက်နမ်စားသောက်ဆိုင် ပိတ်သိမ်း

International News
ကြောင်စွပ်ပြုတ်အတွက် တစ်လကို ကြောင် အကောင်ရေ ၃၀၀ လောက်thetတဲ့ ဗီယက်နမ်စားသောက်ဆိုင် ပိတ်သိမ်း

ကြောင်စွပ်ပြုတ်ဟင်းလျာအတွက် တစ်လကို ကြောင်အကောင်ရေ ၃၀၀ လောက် thetခဲ့တဲ့ ဗီယက်နမ်စားသောက်ဆိုင်ကို ပိတ်လိုက်ပြီဖြစ်ပါတယ်။ စားသောက်ဆိုင်ပိုင်ရှင် အသက် ၃၇ နှစ်အရွယ် Pham Quoc Doanh က ကြောင်တွေthetရတာကို မနှစ်မြို့တော့တဲ့အတွက် ဆိုင်ကို ပိတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာအစောပိုင်းမှာ သူ့ရဲ့ Gia Bao စားသောက်ဆိုင်ကနေ “thit meo” လို့အမည်ရတဲ့ ကြောင်စွပ်ပြုတ်ဟင်းလျာအတွက် ကြော်ငြာဆိုင်းဘုတ်ကို ဖယ်ရှားခဲ့ပါတယ်။ ဖယ်ရှားခဲ့ပြီးနောက် စားသုံးဖို့ ဖမ်းထားတဲ့ ကြောင် အကောင် ၂၀ ကို ကယ်တင်ခဲ့ရတယ်လို့ Humane Society International (HSI) က ထုတ်ပြန်ခဲ့ပါတယ်။

အသက်ရှင်နေထိုင်ဖို့ ငွေအလုံလောက်ရှာချင်ခဲ့တာကြောင့် ကြောင်စွပ်ပြုတ်ရောင်းဖြစ်ခဲ့တယ်။ ကြောင်သားကို ဘယ်တော့မှ မရောင်းချချင်ခဲ့ဘူးလို့ စားသောက်ဆိုင်ပို်ငရှင်က ဆိုပါတယ်။ ကြောင်သားက ဗီယက်နမ်မှာ လူကြိုက်များတဲ့ဟင်းတစ်မျိုးဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

သူ့စားသောက်ဆိုင်မှာ ကြောင်သားမရောင်းခင်က တခြားပုံမှန်အစားအစာနဲ့အချိုရည်တွေရောင်းပါတယ်။ ဒါပေမဲ့ သူတို့မိသားစုရဲ့စားဝတ်နေရေးစရိတ်အတွက် ဝင်ငွေမလုံလောက်တာကြောင့် ကြောင်သားရောင်းချဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

Pham Quoc Doanhက ကြောင်တွေကို ရေပုံးထဲ ရေနစ်thet ခဲ့တယ်လို့ ဝန်ခံထားပါတယ်။ အဖွဲ့အစည်းဆီကနေ စားသောက်ဆိုင်ကို ပိတ်သိမ်းပြီး ကုန်စုံဆိုင်ဖွင့်ဖို့ တစ်ကြိမ်ထောက်ပံ့ကြေးရရှိခဲ့ပါတယ်။ သူ့ဆီက သိမ်းယူထားတဲ့ ကြောင်တွေကို မွေးစားမယ့်သူတွေမပေါ်လာခင် ကာကွယ်ဆေးထိုးဖို့အတွက် Thai Nguyen University of Agriculture and Forestry ကို ခေါ်ဆောင်သွားခဲ့ပါတယ်။

“အခုတော့ ကြောင်thetတဲ့လုပ်ငန်းကို ပိတ်လိုက်ပြီဖြစ်လို့ ကျွန်တော့်စိတ် ပိုအေးချမ်းလာပြီး တိရစ္ဆာန်တွေကို ထပ်မthetတော့မယ့် ကိုယ့်အနာဂတ်အတွက် ယုံကြည်မှုအပြည့်နဲ့ပျော်ရွှင်နေတယ်လို့ ခံစားရပါတယ်။ အချိုရည်၊ ကွမ်း၊ အသင့်စားခေါက်ဆွဲခြောက်လို ကုန်ပစ္စည်းတွေကို ရောင်းချသွားမှာပါ။ အဲဒီနည်းနဲ့ ကျွန်တော့်မိသားစုအတွက် အသက်မွေးဝမ်းကြောင်းပြုသွားမယ်”လို့ Pham Quoc Doanh က ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။